အစားအစာတွေကို ကြာရှည်ခံအောင် pro ကျကျထိန်းသိမ်းနည်း (၇) ခု

ဈေးကနေပြန်လာတာပဲဖြစ်ဖြစ်၊ စူပါမားကတ်တွေကနေ ဈေးဝယ်လာတာပဲဖြစ်ဖြစ် အစားအသောက်တွေကို လွယ်လင့်တကူနဲ့ပဲ ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်ကြပါတယ်။ အမှန်တကယ်ဆို ရေခဲသေတ္တာတွေ မလိုပဲနဲ့တောင် အစားအသောက်တွေကို ရေရှည်ထိန်းသိမ်းလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုသိမ်းရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ ကညွှတ်

အထားခံချိန်- ခန့်မှန်းခြေ ၁ ပတ်

သင့်ရဲ့ ကညွှတ်ပင်တွေ လတ်ဆတ်နေစေဖို့ ရေထည့်ထားတဲ့ ခွက်တစ်ခုထဲမှာ ပင်စည်တွေကို နှစ်လိုက်ပါ။ ပြီးရင် အပေါ်ကနေ ပလတ်စတစ်အိတ် တစ်ခုနဲ့ ဖုံးပြီးတော့ ကြိုးတစ်ခုခုနဲ့ စည်းထားလိုက်ပါ။ မညှိုးမခြောက်ပဲနဲ့ တစ်ပတ်လောက်ထိ ခံနေတာကို တွေ့ရပါလိမ့်မယ်။

၂။ ပေါင်မုန့်

အထားခံချိန်- ၁ပတ်

သင်က ပေါင်မုန့်ကို လှီးထားတယ်ဆိုရင် လှီးထားတဲ့ ပေါင်မုန့်အိတ်ထဲကို တရုတ်နံနံပင်ကို ထည့်ပြီး တင်းကျပ်စွာပိတ်လိုက်ပါ။ တရုတ်နံနံက အစိုဓာတ်ကို စုပ်ယူနိုင်ပြီး မှိုတက်တာကို နှောင့်နှေးစေပါတယ်။

၃။ ဂျုံမှုန့်

အထားခံချိန်- ၆ လ

ဂျုံမှုန့်တွေကို ပိုးကောင်တွေ၊ အင်းဆက်တွေ မတက်စေချင်ဘူးဆိုရင်တော့ အထဲမှာ လော်ရယ် အရွက်ခြောက် ၂ ရွက်၊ ၃ ရွက်လောက် ထည့်လိုက်ပါ။ ပြီးရင် လေလုံတဲ့ ဘူးထဲမှာ သေချာလေးသိမ်းဆည်းပါ။ ဘူးထဲလေလုံအောင် သေချာသိမ်းပြီးသွားပြီ ဆိုရင်တော့ ဗီရိုထဲကို ထည့်ထားလိုက်ပါ။

၄။ ထောပတ်သီး

အထားခံချိန်- ၃/၄ ရက်

မမှည့်သေးတဲ့ အစိမ်းရောင် ထောပတ်သီးတွေကို ရေခဲသေတ္တာထဲမှာ မသိမ်းဆည်းပါနဲ့။ စိုထိုင်းဆများပြီး အခွံတွေကို မဲပြီး မှိုတက်စေပါတယ်။ ထောပတ်သီးတွေကို အဖုံးပိတ်စက္ကူအိတ်ထဲမှာ ထည့်ထားပါ။ ပြီးတော့ မှည့်တဲ့အထိ အေးမြတဲ့နေရာမှာပဲ ထားပါ။

ခွဲပြီးသား ထောပတ်သီးတွေကိုရော ဘယ်လိုသိမ်းမလဲ။

အထားခံချိန်- ခန့်မှန်းခြေ ၁/၂ ရက်

လှီးထားတဲ့ ထောပတ်သီးမှည့်တွေကို ရေခဲသေတ္တာထဲ ထည့်တဲ့အခါ ပလတ်စတစ်ပုံးထဲမှာ ကြက်သွန်နီတစ်ဝက်နဲ့ ပေါင်းပြီး အဖုံးအုပ်ထားပါ။ ကြက်သွန်နီမှာပါတဲ့ အင်ဇိုင်းတွေက အသီးရဲ့သက်တမ်းကို တိုးစေပါတယ်။

၅။ ကွတ်ကီး

အထားခံချိန်- ၂ ပတ်

ဖုတ်ထားတဲ့ကွတ်ကီးတွေကို မပျော့သွားချင်ဘူးဆိုရင်တော့ ပေါင်မုန့်တစ်ချပ်နဲ့တွဲပြီး လေလုံတဲ့ဖန်ဘူးထဲကို ထည့်လိုက်ပါ။ ပေါင်မုန့်ကအစိုဓာတ်ကို စုပ်ယူနိုင်ပြီး ကွတ်ကီးရဲ့ ကြွပ်ရွတဲ့ texture ကို ထိန်းသိမ်းပေးမှာပဲ ဖြစ်ပါတယ်။

၆။ ခရမ်းချဉ်သီးအနှစ်

အထားခံချိန်- ၆ လ

ခရမ်းချဉ်သီးတွေကို အနှစ်လုပ်ပြီးတော့ တစ်ပတ်အတွင်း မစားနိုင်ရင် ပျက်သွားနိုင်ပါတယ်။ မှိုတွေတက်ပြီးတော့ အနံ့အသက်လည်း မကောင်းနိုင်ပါဘူး။ ဒါကြောင့် အနှစ်တွေကို ရေရှည်အထားခံချင်တယ် ဆိုရင်တော့ ရေခဲခွက်လေးထဲ ထည့်ပြီးတော့ အအေးခံထားတာပဲဖြစ်ဖြစ်၊ လေလုံအောင် ထုပ်ပိုးထားတာမျိုးပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။

၇။ ဂျင်း

အထားခံချိန်- ၃/၄ ပတ်

ဂျင်းကို အခွံမခွာပဲနဲ့ ပုလင်းတစ်လုံးထဲကို ထည့်လိုက်ပါ။ ပြီးရင် ရေနွေးကို ပေါင်းထည့်လိုက်ပါ။ အဖုံးကို သေချာပိတ်ပြီးတော့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ဒီလိုလုပ်ထားတာက ဂျင်းကို အချိန်တော်တော်ကြာ လတ်ဆတ်စေပြီးတော့ သင်စားချင်တဲ့ အချိန်မရွေး ထုတ်စားနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments