ဂျပန်နိုင်ငံမှာ လက်ထပ်ထားတဲ့စုံတွဲတွေ ခွဲအိပ်ကြတဲ့အကြောင်းအရင်း

ဂျပန်မှာ ဘယ်လောက်ပဲ သေးငယ်နေတဲ့ တိုက်ခန်းပဲဖြစ်ဖြစ်၊ အိမ်ပဲဖြစ်ဖြစ် အိမ်ထောင်သည်တွေဟာ အမြဲတမ်း ခွဲအိပ်ကြပါတယ်။ ဒါဟာ အချင်းချင်း မတည့်လို့ ခွဲအိပ်ကြတာလည်း မဟုတ်သလို ဒီလိုအိပ်လို့လည်း တစ်ယောက်နဲ့တစ်ယောက် အပြစ်မမြင်ကြပါဘူး။ ဒီလိုအိပ်တာက ပိုတောင်ကောင်းသေးတယ် လို့တောင် ယုံကြည်ထားကြပါသေးတယ်။ ဒါဆို ဘာလို့ အိပ်ရာခွဲအိပ်ကြလဲ ဆိုတဲ့အကြောင်းအရင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

သူတို့ရဲ့အိပ်ချိန်တွေက မတူညီကြပါဘူး။

ဂျပန်တွေ ခွဲအိပ်ရတဲ့ ပထမဆုံးအချက်ကတော့ မတူညီတဲ့ အလုပ်ချိန်ဇယားတွေကြောင့်ပဲ ဖြစ်ပါတယ်။ အလုပ်ကနေ အိမ်ပြန်နောက်ကျခြင်း ဒါမှမဟုတ် စောစီးစွာထွက်ရခြင်းတို့ကြောင့် တူတူအိပ်နေတဲ့သူကို အနှောင့်အယှက်ဖြစ်ပြီး နိုးသွားစေနိုင်ပါတယ်။ အဲဒါကြောင့် မတူညီတဲ့အခန်းမှာ အိပ်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒါက သူတို့ကို အနှောက်အယှက်ကင်းကင်းနဲ့ ပိုကျန်းမာတဲ့ အိပ်စက်ခြင်းကို ပေးပါတယ်။

ကလေးတွေကတော့ အမေနဲ့အတူ အိပ်ကြပါတယ်။

ဂျပန်မိခင်တွေဟာ သားသမီးတွေနှင့် အတူအိပ်ကြပြီး ဒီလိုတူတူ အိပ်ခြင်းဟာ အလွန်အရေးကြီးတယ်လို့ ယူဆထားကြပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူနဲ့ တူတူမအိပ်ပဲ သားသမီးတွေနဲ့ အခန်းခွဲအိပ်ကြပါတယ်။ မိဘတွေနဲ့ ကလေးတွေ အတူအိပ်စက်ခြင်းက ပိုနှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်တယ်လို့ သိပ္ပံပညာက သက်သေပြထားပါတယ်။

ကလေးကို တည်ငြိမ်တဲ့ အပူချိန်နှင့် နှလုံးခုန်နှုန်းကို မှန်ကန်စေပါတယ်။ အထူးသဖြင့် နို့စို့အရွယ်ကလေးတွေအတွက် အမှန်တကယ်ကို အရေးပါပါတယ်။ တစ်ချိန်တည်းမှာလည်း မွေးကင်းစကလေးတွေ ရုတ်တရက် သေဆုံးနိုင်ခြေကို လျော့နည်းစေပါတယ်။

ဒီလိုအိပ်ခြင်းဟာလည်း ကလေးကို မိမိကိုယ်ကို လေးစားမှု ရှိလာစေပြီး အမှီအခိုကင်းမှု မြန်ဆန်လာစေပါတယ်။ ကျောင်းစာမှာလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

သူတို့အတွက် သီးသန့်အိပ်စက်ခြင်းက ငြိမ်းချမ်းရေးကို ဆိုလိုပါတယ်။

တချို့လူတွေက ဒီလိုခွဲခြားအိပ်ခြင်းက ကွာရှင်းဖို့ ပိုပြီးလွယ်ကူတယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေအတွက်ကတော့ ခွဲအိပ်တာက ပိုပြီးချစ်ခင်စေတယ်လို့ ယုံကြည်ထားကြပါတယ်။ သူတို့ဟာအိပ်စက်ခြင်းကို အလွန်တန်ဖိုးထားကြပြီး အိပ်နေချိန်မှာ အနှောင့်အယှက် မဖြစ်ချင်ကြပါဘူး။

အိပ်နေတဲ့အချိန်မှာ မလိုအပ်ဘဲ ဟောက်တာတွေ၊ ငြိမ်ငြိမ်မအိပ်တာတွေ ၊ ကန်ကျောက်ခြင်း စတဲ့အပြုအမူတွေကို မကြိုက်ကြပါဘူး။ တချို့အိပ်ဖို့ခက်တဲ့ နေရာတွေမှာတောင် ဒီလိုအခြေအနေတွေ မကြုံချင်တာကြောင့် တစ်ယောက်တည်း မဖြစ်ဖြစ်အောင် အိပ်တတ်ကြပါသေးတယ်။ လက်ထပ်ပြီးသားစုံတွဲတွေက ဟိုးအရင်ကတည်းက အိပ်ရာခွဲပြီး အိပ်ကြတာပါ။

အခုခေတ်မှာတော့ မွေ့ယာတွေ ပေါ်လာတာကြောင့် အိပ်ရတာ နွေးထွေးလာပြီး သိမ်းရပြုရလည်း လွယ်ကူလာပါတယ်။ အလွယ်တကူ ခေါက်သိမ်းလို့ရတဲ့အပြင် ဘယ်သွားသွား သယ်သွားလို့လဲ ရပါတယ်။

ဟိုးအရင် ရှေးခေတ်တွေတုန်းကတော့ အိပ်ယာခင်းတွေနဲ့ အိပ်ရတဲ့အပြင် အေးချမ်းနေတဲ့ ကြမ်းပြင်ပေါ်မှာပဲ တစ်ညတာ ကုန်ဆုံးကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments