ဂျင်းဘောင်းဘီကို အရောင်မကျွတ်အောင်လျှော်နည်း

၁၈၅၃ ခုနှစ်မှာ Levi Strauss ဟာ ရွက်လွှင့်ကင်းဗတ်နာမည်နဲ့ ပထမဆုံး ဂျင်းဘောင်းဘီကို ဖန်တီးခဲ့ပါတယ်။ အစောပိုင်းနှစ်တွေမှာတော့ လုပ်ငန်းခွင်မှာသုံးတဲ့ ဘောင်းဘီအဖြစ် နှစ်ပေါင်း ၁၀၀ကျော်တောင် အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့်၁၉၆၀ ခုနှစ်တွေမှာ ဂျင်းဘောင်းဘီတွေဟာ ဖက်ရှင်လောကကို လွှမ်းမိုးခဲ့ပြီး အလွန်ရေပန်းစားပြီး ဈေးကြီးလာခဲ့ပါတယ် (ကမ္ဘာမှာ ဒေါ်လာ 1.3 သန်းတန်တဲ့ ဂျင်းဘောင်းဘီတွေ ရှိပါတယ်)။ ဂျင်းဘောင်းဘီဆိုတာက ဘယ်တော့မှ ရိုးမသွားပဲ စတိုင်တစ်ခုအဖြစ် အခုချိန်ထိတောင် ဝတ်နေကြတုန်းပါ။ ဒါကြောင့် လျှော်လိုက်တိုင်း အရောင်လွင့်မသွားအောင် ဘယ်လိုလျှော်မလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

လက်နဲ့လျှော်ခြင်း

ဂျင်းဘောင်းဘီတွေကို လျှော်တဲ့အခါမှာ လက်နဲ့ပဲ လျှော်သင့်ပါတယ်။ ဂျင်းသားတွေက အရမ်းကိုနူးညံ့လို့ပါ။

- ဇလုံထဲမှာ လုံးပြီး စိမ်ထားတာထက် ရေချိုးကန်ထဲမှာ ထည့်လျှော်တာက ပိုကောင်းပါတယ်။ ဒါမှသာ လျှော်တဲ့အချိန်မှာ တစ်ထည်လုံးကို သေချာလျှော်ပြီးသား ဖြစ်မှာပါ။

- စိမ်ထားတဲ့အချိန်မှာ ရှာလကာရည် ၁ခွက် နှင့် ဆား ၂ ဇွန်းထည့်ပါ (၁ နာရီထက်တော့ ပိုမကြာသင့်ပါဘူး)။ ပါဝင်ပစ္စည်းအားလုံးကို ရေအနည်းငယ်နဲ့ ရောပြီး ရေဆေးချလိုက်ပါ။ ဒီလိုမျိုး အရည်တွေရောပြီး စိမ်ထားတာက အရောင်မှေးမှိန်ခြင်းကို ကာကွယ်ပေးပါတယ်။

- အပူချိန်105°F ထက် ပိုပူတဲ့ရေကို မသုံးပါနဲ့။

- လျှော်တဲ့အခါမှာ ဆပ်ပြာမှုန့်တွေကို မသုံးပါနဲ့။ ဆပ်ပြာမှုန့်တွေက ဂျင်းတွေကို စားသွားပြီး အရောင်ကို ပိုမှိန်သွားစေပါတယ်။ ဆပ်ပြာမှုန့်အစား ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်တို့ကို သုံးပါ။

- ဘရပ်ရှ်ကို သုံးရင်လည်း ပျော့ပျောင်းတဲ့ အမွေးအမျှင်တွေပါတဲ့ ဘရပ်ရှ်ကိုပဲ သုံးပါ။ ဘောင်းဘီကို တစ်ဖက်နဲ့တစ်ဖက် မပွတ်ပါနဲ့။

- ဆပ်ပြာမှုန့်သုံးရင်လည်း တိုက်ရိုက်ကြီး ဘောင်းဘီပေါ်ကို မတင်ပဲနဲ့ ရေနည်းနည်း ရောတာပဲဖြစ်ဖြစ်၊ ဘရပ်ရှ်ပေါ်ကို သုတ်လိုက်တာမျိုးပဲဖြစ်ဖြစ် လုပ်ပါ။

စက်နဲ့ လျှော်ခြင်း

စက်နဲ့ လျှော်တာကတော့ ဘောင်းဘီကို တော်တော်လေး အရောင်မွဲစေတာကြောင့် လူတချို့က သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် တချို့လူတွေကြတော့လည်း လက်နဲ့လျှော်ဖို့ မအားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် စက်နဲ့ဆိုရင်ရော ဘယ်လိုလျှော်မလဲ ဆိုတာကို ပြောပြပေးပါမယ်နော်။

- ဂျင်းဘောင်းဘီကို အတွင်းဘက်လှန်ပြီး အိတ်ကပ်ထဲမှာ ဘာမကျန်အောင် သေချာစစ်ပါ။

- စက်နဲ့လှည့်ရင် အနှေးဆုံးထားပြီး လှည့်ပါ။ ရေရဲ့အပူချိန်က 105°F ထက်မပိုသင့်သလို စက်လည်တဲ့အရှိန်ကလည်း 600 ထက် မပိုသင့်ပါဘူး။ မြင့်မားတဲ့အပူချိန်က အရောင်နှင့် ဘောင်းဘီရဲ့ အရွယ်အစားကိုတောင် သက်ရောက်မှု ရှိနိုင်ပါတယ်။ သင့်အဝတ်လျှော်စက်မှာ denim mode ရင်လည်း denim modeနဲ့ပဲ လျှော်သင့်ပါတယ်။

- ဆပ်ပြာအရည်ကို သုံးပါ။ အရောင်မှေးမှိန်မသွားစေဖို့ ရေဆေးချမှီ ရှာလကာရည်ကို ဖန်ခွက်တစ်ဝက်ထည့်ပါ။

- သင့်ဂျင်းဘောင်းဘီရဲ့အရောင်ကို ဖျော့တော့တာမျိုးတွေ မဖြစ်ချင်ဘူးဆိုရင်တော့ အနက်ရောင်၊ မီးခိုးရောင် ဒါမှမဟုတ် အပြာရောင် အဝတ်အစားတွေနဲ့ ရောပြီး လျှော်ပါ။

အခြောက်ခံခြင်း

အခြောက်ခံခြင်းကလည်း အမှန်တကယ်ကို အရေးကြီးပါတယ်။

- မိုးပြာရောင် ဂျင်းထည်တွေက တောက်ပတဲ့ အလင်းရောင်နှင့် မြင့်မားတဲ့ အပူချိန်ကို မကြိုက်ပါဘူး။ အခြောက်ခံစက်တွေနဲ့ ဝရန်တာတွေမှာ လှန်းဖို့ အဆင်မပြေပါဘူး။ နေရောင်ခြည် တိုက်ရိုက်မထိအောင် သဘာဝအတိုင်း ခြောက်သွေ့အောင်လုပ်တာက အရောင်မှိန်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

- ရေစိုနေတဲ့ လက်နဲ့လည်း မကိုင်ပါနဲ့။

- ဘောင်းဘီကို ဖြောင့်နေအောင် လှမ်းပါ။

- ဘောင်းဘီကို မလှန်းခင် အောက်မှာ လက်ကိုင်ပုဝါပဲဖြစ်ဖြစ်၊ အထည်ဟောင်းတစ်ခုပဲဖြစ်ဖြစ် ခံပြီးလှမ်းသင့်ပါတယ်။

ဒီအချက်တွေကလည်း သင့်ရဲ့ ဂျင်းဘောင်းဘီကို အရောင်မွဲတာမျိုး မဖြစ်စေဖို့ သိထားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

- ဘောင်းဘီကို ဖွပြီးလျှော်လေ၊ အရောင်လျော့တာ နည်းလေပါပဲ။ တကယ်လို့ သင့်ဘောင်းဘီမှာ တစ်ခုခု စွန်းထင်းသွားခဲ့ရင်တောင် ဘောင်းဘီတစ်ထည်လုံးကို မလျှော်ပဲနဲ့ ပေသွားတဲ့နေရာကိုပဲ ကွက်လျှော်သင့်ပါတယ်။

- သင့်ရဲ့ ဂျင်းဘောင်းဘီကို ပြန်လည်ဆန်းသစ်ချင်ရင်တော့ zip-lock အိတ်ထဲ သေချာအလုံပိတ်ပြီးတော့ ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ အနံ့ဆိုးတွေ အားလုံးကို ဖယ်ရှားဖို့ ရေနှင့် ဗော့ဒ်ကာအချိုးအစား 1:1 ရောနှောထားတာကို ဖြန်းပါ။

- အနက်ရောင်ဘောင်းဘီကို လျှော်မယ်ဆိုရင်လည်း သင့်လျော်တဲ့ ဆပ်ပြာကိုပဲ သုံးပါ။ များလွန်းရင် အရောင်မှိန်သွားတတ်ပါတယ်။

- တကယ်လို့ သားရေတွေပါတယ်ဆိုရင် glycerin ကို အနည်းငယ်ပွတ်ပြီးမှ လျှော်ပါ။

- သင့်ဘောင်းဘီတွေက အရမ်းများပြီး ခေါက်ရမှာလည်း ပျင်းနေတယ် ဆိုရင်တော့ ဘောင်းဘီတွေကို ရေနည်းနည်းဖျန်းပြီး လိပ်ထားလိုက်ပါ။ လိပ်ထားလိုက်ရင် ဘောင်းဘီတွန့်ကြေတာမျိုးတွေလည်း မဖြစ်တော့ပါဘူး။

- တချို့လူတွေက ဘောင်းဘီလျှော်ရင် ဝတ်ပြီး လျှော်တတ်ကြပါတယ်။ ဘောင်းဘီကို ဖြန့်ခင်းမနေတော့ပဲ တစ်ခါတည်း ဝတ်ပြီး ဘရပ်ရှ်နဲ့ တိုက်ချွတ်တတ်ကြပါတယ်။ ပြီးရင်လည်း ခြောက်သွားတဲ့အထိ မစောင့်ပဲ ဆက်ဝတ်ထားတတ်တဲ့ လူမျိုးက ရှိပါသေးတယ်။

တကယ်လို့ သင်က ဒီလိုမျိုး လျှော်တတ်တဲ့ သူမျိုးဆိုရင်တော့ လျှော်ပြီးတိုင်း နွေးနွေးထွေးထွေးနေပါ။

Zombie (lovemedia)

Post a Comment

0 Comments