အင်းဆက်ပိုးမွှားတွေ အကိုက်ခံရရင် သက်သာစေမယ့် အမြန်ဆုံးနည်းလမ်း (၆) ခု

လူတွေက အင်းဆက်ပိုးမွှားတွေ အကိုက်မခံရအောင် နည်းအမျိုးမျိုးနဲ့ ကာကွယ်ကြပေမယ့်လည်း အင်းဆက်ပိုးမွှားတွေက ကိုက်နေကြဆဲပါပဲ။ အဲဒါကြောင့် အင်းဆက်ပိုးမွှားတွေ အကိုက်မခံရအောင် သဘာဝအတိုင်း ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ငှက်ပျောသီးအခွံ

ငှက်ပျောသီးအခွံ အတွင်းသားဘက်နဲ့ လက်တစ်လျှောက်ကို ပွတ်ပေးပါ။ ငှက်ပျောသီးအခွံမှာ ရောင်ရမ်းတာတွေကို သက်သာစေတဲ့ အစွမ်းရှိပြီး အသားအရေကိုလည်း ချောမွေ့စေပါတယ်။

၂။ မုန့်ဖုတ်ဆော်ဒါ

ခြင်ကိုက်လို့ဖြစ်လာတဲ့ အဖုတွေကို မုန့်ဖုတ်ဆော်ဒါက သက်သာစေပါတယ်။ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေအနည်းငယ်နဲ့ ရောပြီးမွှေပါ။ အဲဒီနောက် အင်းဆက်ပိုးမွှားတွေကိုက်တဲ့နေရာကို လိမ်းပေးပါ။

၃။ ဆော့စ်

ဆော့စ်ကလည်း ယားယံတာကို သက်သာစေပါတယ်။ ယားယံတဲ့နေရာမှာ ဆော့စ်ကိုလိမ်းပေးပြီး ၂ မိနစ်ခန့်ကြာအောင် ထားပါ။

၄။ နွားနို့

မလိုင်ထုတ်ပြီး နွားနို့က ယားယံတာတွေ၊ အဖုအပိမ့် ပေါက်တာတွေကို သက်သာစေပါတယ်။ နွားနို့အနည်းငယ်နဲ့ ရေအနည်းငယ်ကို ရောပါ။ ပြီးရင် ပိတ်စပါးလေးကို နွားနို့ထဲနှစ်လိုက်ပြီး ယားယံတဲ့နေရာတွေမှာ လိမ်းပေးပါ။

၅။ သံပရိုသီး

ယားယံတဲ့နေရာမှာ သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး ပွတ်လိမ်းပေးပါ။ ပုရွက်ဆိတ် အကိုက်ခံရလို့ ယားယံတဲ့အခါမှာလည်း သံပရိုသီးကို လိမ်းပေးနိုင်ပါတယ်။ ဒါပေမယ့် နေရောင်ထဲ ထွက်တော့မယ်ဆိုရင် သံပရိုသီးပွတ်ထားတဲ့ နေရာတွေကို ရေဆေးလိုက်ဖို့ လိုပါတယ်။

၆။ အပူပေးထားတဲ့ဇွန်း

ဇွန်းတစ်ချောင်းကို တစ်မိနစ်ခန့် အပူပေးပြီး အင်းဆက်ပိုးမွှား ကိုက်တဲ့နေရာမှာ ကပ်ထားပေးပါ။ ၂ မိနစ်ခန့် ကပ်ထားပေးပြီးရင် ယားယံတာတွေက သက်သာသွားပါတယ်။ ဒါပေမယ့် အသားအရေကို အပူမလောင်ဖို့တော့ သတိထားသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments