မြင်းနှင့် မြည်း

တခါတုန်းက ကျန်းမာသန်စွမ်းတဲ့ မြင်းတကောင်ဟာ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ သန်မာ ဖြတ်လတ်မှုကို မာန်တက် ဂုဏ်ယူ နေပါတယ်။

အဲဒီအချိန်မှာ မြည်းတကောင်ကို ဝန်စည်စလွယ်တွေ လေးလံစွာ၊ ပင်ပန်း ဆင်းရဲကြီးစွာ သယ်နေရ တာကို တွေ့လိုက်ရ ပါတယ်။

မာန်တက်နေတဲ့ မြင်းဟာ သူ့ရဲ့ လှပတဲ့ ဝန်စည်စလွယ်တွေ အတွက် ဂုဏ်ယူပြီး တဖက်က ညစ်ပေနေတဲ့ မြည်းကို ရှုတ်ချအပြစ်တင် လိုက်ပါတယ်။

"နှေးကွေး လေးလံလွန်းလို့ အဲဒီလို ဖြစ်နေတာ၊ ငါ့အရှေ့က နေဖယ်" ဆိုပြီး မတူမတန် ပြောဆိုလိုက် ပါတယ်။

အလေးအပင်သယ်ပိုး ထားရတဲ့ မြည်းဟာ သည်းခံပြီး ရှေ့ကိုသာ ဆက်လျှောက် သွားလိုက် ပါတယ်။

ကာလ အတန်ကြာတဲ့ အခါ မှာတော့ အရင်က လှပ သန့်ရှင်းပြီး ကျန်းမာ သန်စွမ်းတဲ့ မြင်းဟာ သူ မတူမတန် ဆက်ဆံခဲ့တဲ့ မြည်းကို ပြန်လည် တွေ့ဆုံခဲ့ ပြန်ပါတယ်။

အဲဒီအခါ မှာတော့ သူ့ရဲ့ ကျန်းမာ သန်စွမ်း ကြံ့ခိုင်မှုကို မာန်တက်ခဲ့တဲ့ မြင်းဟာ လယ်သမား တယောက် ထံမှာ အရောင်းစား ခံလိုက်ရတာမို့ ရွံ့တွေ ပေလူး ညစ်ပတ် နေပြီး နွားချေးလှည်း တစီးကို ဆွဲလာတဲ့ အချိန် ဖြစ်ပါတယ်။

အဲဒီအခါမှာ သူရှုံ့ချခဲ့တဲ့ မြည်းဟာ မြင်းကို ကြည့်ပြီး "အို မာနကြီးတဲ့ မိတ်ဆွေကြီး ဘယ်လိုများ ဖြစ်ရတာလဲ၊ ဒီလို အဖြစ်မျိုးရောက်မယ် လို့ သင့်ကိုယ်သင် မထင်မိခဲ့ဖူး မဟုတ်လား" လို့ ပြောလိုက် ပါတော့တယ်။

ဘဝမှာလည်း အဲဒီအတိုင်း ပါပဲ။ ကိုယ်က ကောင်းစားနေတဲ့ အချိန်မှာ နိမ့်ကျသူကို တွဲခေါ်သင့် ပါတယ်။ အမြဲတမ်း ကောင်းစားနေမယ် လို့ ပြောလို့ မရသလို၊ နိမ့်ကျနေသူ ဟာလည်း အမြဲ နိမ့်ကျနေမယ် လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။

အဲဒီအတွက် ဘယ်တော့မဆို လူတိုင်းကို အထင်မသေးဘဲ မျှတစွာ ဆက်ဆံ တတ်ဖို့နဲ့ ကိုယ် ရောက်ရှိနေတဲ့ နေရာဟာ အမြဲ မရှိနိုင်ဘူးလို့ နှလုံးသွင်း သင့်ကြောင်း သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။

BAWA

Zawgyi

ျမင္းႏွင့္ ျမည္း

တခါတုန္းက က်န္းမာသန္စြမ္းတဲ့ ျမင္းတေကာင္ဟာ သူ႔ရဲ႕ ခႏၶာကိုယ္ ႀကံ့ခိုင္မႈနဲ႔ သန္မာ ျဖတ္လတ္မႈကို မာန္တက္ ဂုဏ္ယူ ေနပါတယ္။

အဲဒီအခ်ိန္မွာ ျမည္းတေကာင္ကို ဝန္စည္စလြယ္ေတြ ေလးလံစြာ၊ ပင္ပန္း ဆင္းရဲႀကီးစြာ သယ္ေနရ တာကို ေတြ႕လိုက္ရ ပါတယ္။

မာန္တက္ေနတဲ့ ျမင္းဟာ သူ႔ရဲ႕ လွပတဲ့ ဝန္စည္စလြယ္ေတြ အတြက္ ဂုဏ္ယူၿပီး တဖက္က ညစ္ေပေနတဲ့ ျမည္းကို ရႈတ္ခ်အျပစ္တင္ လိုက္ပါတယ္။

"ေႏွးေကြး ေလးလံလြန္းလို႔ အဲဒီလို ျဖစ္ေနတာ၊ ငါ့အေရွ႕က ေနဖယ္" ဆိုၿပီး မတူမတန္ ေျပာဆိုလိုက္ ပါတယ္။

အေလးအပင္သယ္ပိုး ထားရတဲ့ ျမည္းဟာ သည္းခံၿပီး ေရွ႕ကိုသာ ဆက္ေလွ်ာက္ သြားလိုက္ ပါတယ္။

ကာလ အတန္ၾကာတဲ့ အခါ မွာေတာ့ အရင္က လွပ သန႔္ရွင္းၿပီး က်န္းမာ သန္စြမ္းတဲ့ ျမင္းဟာ သူ မတူမတန္ ဆက္ဆံခဲ့တဲ့ ျမည္းကို ျပန္လည္ ေတြ႕ဆုံခဲ့ ျပန္ပါတယ္။

အဲဒီအခါ မွာေတာ့ သူ႔ရဲ႕ က်န္းမာ သန္စြမ္း ႀကံ့ခိုင္မႈကို မာန္တက္ခဲ့တဲ့ ျမင္းဟာ လယ္သမား တေယာက္ ထံမွာ အေရာင္းစား ခံလိုက္ရတာမို႔ ႐ြံ႕ေတြ ေပလူး ညစ္ပတ္ ေနၿပီး ႏြားေခ်းလွည္း တစီးကို ဆြဲလာတဲ့ အခ်ိန္ ျဖစ္ပါတယ္။

အဲဒီအခါမွာ သူရႈံ႕ခ်ခဲ့တဲ့ ျမည္းဟာ ျမင္းကို ၾကည့္ၿပီး "အို မာနႀကီးတဲ့ မိတ္ေဆြႀကီး ဘယ္လိုမ်ား ျဖစ္ရတာလဲ၊ ဒီလို အျဖစ္မ်ိဳးေရာက္မယ္ လို႔ သင့္ကိုယ္သင္ မထင္မိခဲ့ဖူး မဟုတ္လား" လို႔ ေျပာလိုက္ ပါေတာ့တယ္။

ဘဝမွာလည္း အဲဒီအတိုင္း ပါပဲ။ ကိုယ္က ေကာင္းစားေနတဲ့ အခ်ိန္မွာ နိမ့္က်သူကို တြဲေခၚသင့္ ပါတယ္။ အၿမဲတမ္း ေကာင္းစားေနမယ္ လို႔ ေျပာလို႔ မရသလို၊ နိမ့္က်ေနသူ ဟာလည္း အၿမဲ နိမ့္က်ေနမယ္ လို႔ သတ္မွတ္လို႔ မရႏိုင္ပါဘူး။

အဲဒီအတြက္ ဘယ္ေတာ့မဆို လူတိုင္းကို အထင္မေသးဘဲ မွ်တစြာ ဆက္ဆံ တတ္ဖို႔နဲ႔ ကိုယ္ ေရာက္ရွိေနတဲ့ ေနရာဟာ အၿမဲ မရွိႏိုင္ဘူးလို႔ ႏွလုံးသြင္း သင့္ေၾကာင္း သင္ခန္းစာ ေပးထားတာပဲ ျဖစ္ပါတယ္။

BAWA

Post a Comment

0 Comments