နာကျင်မှုနှင့် ပျော်ရွှင်မှု

တခါတုန်းက သူငယ်ချင်း နှစ်ယောက်ဟာ သဲကန္တာရ တခုကို ဖြတ်ပြီး ခရီးနှင် လာကြသတဲ့။ ကန္တာရ အလယ် တနေရာကို ရောက်တဲ့ အခါမှာ သူငယ်ချင်း နှစ်ယောက် စကား များကြရာ ကနေ တယောက်က တခြား တယောက်ကို ဒေါသ ထွက်ပြီး ပါးရိုက် လိုက်တယ်တဲ့။

ပါးရိုက် ခံရတဲ့ သူငယ်ချင်းဟာ တော်တော် နာကျင်သွားပြီး ဝမ်းနည်း စွာနဲ့ပဲ သဲပြင်ပေါ်မှာ "ဒီနေ့ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းက ငါ့ကို နာ ကျင်အောင် လုပ်တယ်" လို့ စာရေးလိုက်သတဲ့။

နောက်တော့ သူတို့ နှစ်ယောက်ဟာ ဆက်လက်ပြီး ခရီး ထွက်လာ ကြတယ်။ လျှောက်ရင်း လျှောက်ရင်းနဲ့ သူတို့ဟာ ရေကန် တခုကို တွေ့ပြီး အဲ့ဒီမှာ အနားယူ ကြတယ်။

အဲ့ဒီ အချိန်မှာ ပါး အရိုက် ခံရတဲ့ သူငယ်ချင်းဟာ ရေကန်ထဲကို ရေချိုးဖို့ ခုန်ချ လိုက်တဲ့ အခါမှာ ကံမကောင်း စွာနဲ့ပဲ ရေအိုင်ရဲ့ နွံတွေထဲကို နစ်သွားသတဲ့။

နွံတွေ ထဲမှာ နစ်နေတဲ့ ရုန်းမထွက် နိုင်တဲ့ သူငယ်ချင်းကို အသက်ဘေးက လွတ်အောင်လို့ ပါးရိုက်လိုက်တဲ့ သူငယ်ချင်းဟာ ချက်ချင်း လာပြီး ကယ်တင် လိုက်တယ်။

ပါးရိုက် ခံရတဲ့ သူငယ်ချင်းဟာ ရေနစ်ပြီး သေလုမျောပါး ဖြစ်နေရာ ကနေ ပြန်ကောင်း လာတဲ့အခါ ကျောက်တုံးကြီး တတုံးပေါ်မှာ "ဒီနေ့ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းက ငါ့အသက်ကို ကယ်လိုက်တယ်" လို့ စာရေးလိုက်သတဲ့။

ပါးလည်း ရိုက်ပြီး အသက်ကိုပါ ကယ်တင် လိုက်တဲ့ သူ့ရဲ့ အကောင်းဆုံး သူငယ်ချင်းဟာ "ငါ မင်းကို နာကျင်အောင် လုပ်တော့ မင်းသဲ ပြင်ပေါ်မှာ စာရေးပြီး အခု မင်းဘာလို့ ကျောက်တုံး ပေါ်မှာ ရေး ရတာလဲ" လို့ မေးလိုက်သတဲ့။

အဲ့ဒီအခါ ရေနစ်ခဲ့တဲ့ သူငယ်ချင်းက "တယောက်ယောက်က ငါတို့ကို နာကျင်အောင် လုပ်တဲ့ အခါမှာ အဲ့ဒီအကြောင်းတွေကို သဲပြင်ပေါ်မှာ ရေးသားသင့်တယ်။ ဒါမှ ခွင့်လွှတ်ခြင်းလို့ ခေါ်တဲ့ လေပြေညှင်းက တိုက်ခတ်ပြီး နာကျင်မှုတွေကို ပျောက် ပျက်သွားအောင် လုပ်ပစ်လိုက်လိမ့်မယ်။

ဒါပေမယ့် တယောက်ယောက်က ငါတို့ကို ကောင်းတာ လုပ်ပြီး ကူညီပေးခဲ့တယ် ဆိုရင်တော့ သူ့ရဲ့ ကျေးဇူးတရားတွေကို အမှတ်ရ နေဖို့အတွက် လေ ဘယ်လောက် တိုက်တိုက် မပျောက်ပျက် သွားနိုင်တဲ့ ကျောက်တုံးပေါ်မှာ ရေးထွင်းထား သင့်တယ်" လို့ ပြောလိုက်တယ်။

ဘဝကို ဖြတ်သန်းတဲ့ နေရာမှာ နာကျင် ခံစားရမှု တွေကို သဲပြင်ပေါ်မှာ ရေးပြီး ပျော်ရွှင်မှုနဲ့ ကျေးဇူးတရား တွေကိုတော့ ကျောက်တုံးပေါ်မှာ ရေးထွင်းထား သင့်ပါတယ်။

Crd

Zawgyi

ႏာက်င္မႈႏွင့္ ေပ်ာ္ရႊင္မႈ

တခါတုန္းက သူငယ္ခ်င္း ႏွစ္ေယာက္ဟာ သဲကႏၲာရ တခုကို ျဖတ္ၿပီး ခရီးႏွင္ လာၾကသတဲ့။ ကႏၲာရ အလယ္ တေနရာကို ေရာက္တဲ့ အခါမွာ သူငယ္ခ်င္း ႏွစ္ေယာက္ စကား မ်ားၾကရာ ကေန တေယာက္က တျခား တေယာက္ကို ေဒါသ ထြက္ၿပီး ပါး႐ိုက္ လိုက္တယ္တဲ့။

ပါး႐ိုက္ ခံရတဲ့ သူငယ္ခ်င္းဟာ ေတာ္ေတာ္ နာက်င္သြားၿပီး ဝမ္းနည္း စြာနဲ႔ပဲ သဲျပင္ေပၚမွာ "ဒီေန႔ ငါ့ရဲ႕ အေကာင္းဆုံး သူငယ္ခ်င္းက ငါ့ကို နာ က်င္ေအာင္ လုပ္တယ္" လို႔ စာေရးလိုက္သတဲ့။

ေနာက္ေတာ့ သူတို႔ ႏွစ္ေယာက္ဟာ ဆက္လက္ၿပီး ခရီး ထြက္လာ ၾကတယ္။ ေလွ်ာက္ရင္း ေလွ်ာက္ရင္းနဲ႔ သူတို႔ဟာ ေရကန္ တခုကို ေတြ႕ၿပီး အဲ့ဒီမွာ အနားယူ ၾကတယ္။

အဲ့ဒီ အခ်ိန္မွာ ပါး အ႐ိုက္ ခံရတဲ့ သူငယ္ခ်င္းဟာ ေရကန္ထဲကို ေရခ်ိဳးဖို႔ ခုန္ခ် လိုက္တဲ့ အခါမွာ ကံမေကာင္း စြာနဲ႔ပဲ ေရအိုင္ရဲ႕ ႏြံေတြထဲကို နစ္သြားသတဲ့။

ႏြံေတြ ထဲမွာ နစ္ေနတဲ့ ႐ုန္းမထြက္ ႏိုင္တဲ့ သူငယ္ခ်င္းကို အသက္ေဘးက လြတ္ေအာင္လို႔ ပါး႐ိုက္လိုက္တဲ့ သူငယ္ခ်င္းဟာ ခ်က္ခ်င္း လာၿပီး ကယ္တင္ လိုက္တယ္။

ပါး႐ိုက္ ခံရတဲ့ သူငယ္ခ်င္းဟာ ေရနစ္ၿပီး ေသလုေမ်ာပါး ျဖစ္ေနရာ ကေန ျပန္ေကာင္း လာတဲ့အခါ ေက်ာက္တုံးႀကီး တတုံးေပၚမွာ "ဒီေန႔ ငါ့ရဲ႕ အေကာင္းဆုံး သူငယ္ခ်င္းက ငါ့အသက္ကို ကယ္လိုက္တယ္" လို႔ စာေရးလိုက္သတဲ့။

ပါးလည္း ႐ိုက္ၿပီး အသက္ကိုပါ ကယ္တင္ လိုက္တဲ့ သူ႔ရဲ႕ အေကာင္းဆုံး သူငယ္ခ်င္းဟာ "ငါ မင္းကို နာက်င္ေအာင္ လုပ္ေတာ့ မင္းသဲ ျပင္ေပၚမွာ စာေရးၿပီး အခု မင္းဘာလို႔ ေက်ာက္တုံး ေပၚမွာ ေရး ရတာလဲ" လို႔ ေမးလိုက္သတဲ့။

အဲ့ဒီအခါ ေရနစ္ခဲ့တဲ့ သူငယ္ခ်င္းက "တေယာက္ေယာက္က ငါတို႔ကို နာက်င္ေအာင္ လုပ္တဲ့ အခါမွာ အဲ့ဒီအေၾကာင္းေတြကို သဲျပင္ေပၚမွာ ေရးသားသင့္တယ္။ ဒါမွ ခြင့္လႊတ္ျခင္းလို႔ ေခၚတဲ့ ေလေျပညႇင္းက တိုက္ခတ္ၿပီး နာက်င္မႈေတြကို ေပ်ာက္ ပ်က္သြားေအာင္ လုပ္ပစ္လိုက္လိမ့္မယ္။

ဒါေပမယ့္ တေယာက္ေယာက္က ငါတို႔ကို ေကာင္းတာ လုပ္ၿပီး ကူညီေပးခဲ့တယ္ ဆိုရင္ေတာ့ သူ႔ရဲ႕ ေက်းဇူးတရားေတြကို အမွတ္ရ ေနဖို႔အတြက္ ေလ ဘယ္ေလာက္ တိုက္တိုက္ မေပ်ာက္ပ်က္ သြားႏိုင္တဲ့ ေက်ာက္တုံးေပၚမွာ ေရးထြင္းထား သင့္တယ္" လို႔ ေျပာလိုက္တယ္။

ဘဝကို ျဖတ္သန္းတဲ့ ေနရာမွာ နာက်င္ ခံစားရမႈ ေတြကို သဲျပင္ေပၚမွာ ေရးၿပီး ေပ်ာ္႐ႊင္မႈနဲ႔ ေက်းဇူးတရား ေတြကိုေတာ့ ေက်ာက္တုံးေပၚမွာ ေရးထြင္းထား သင့္ပါတယ္။

Crd

Post a Comment

0 Comments