စစ်မှန်သောပျော်ရွှင်မှု

တန့မှာ လူငယ်လေး နှစ်ယောက်ဟာ ဟောင်းနွမ်းနေတဲ့ ရှုးဖိနပ် တရံကို ယာတော အစပ်မှာ တွေ့လိုက်တယ်။ ဒီဖိနပ်ဟာ ယာလုပ်နေတဲ့ အဖိုးကြီးရဲ့ ဖိနပ် ဖြစ်မယ် ဆိုတာ သူတို့ သိတယ်။

ပထမလူငယ်က "အကို၊ ကျနော်တို့ သူ့ဖိနပ်ကို ခြုံပုတ် နောက်မှာ ဝှက်ထားလိုက် ရအောင်။ ဒါမှ သူ ဖိနပ်ကို ရှာမတွေ့လို့ ဗျာများ နေတာကို ကြည့်ပြီး ရယ်ကြတာပေါ့။ ပျော်ချင်လို့ပါ"

ဒုတိယလူငယ်က "ညီလေး၊ သူများ ဒုက္ခရောက်တာကို ကြည့်ပြီး ပျော်တယ် ဆိုတာ မကောင်းဘူး။ မင်း တကယ် ပျော်ချင်သလား ဒီလိုလုပ်ကွာ၊ ငါတို့မှာ ပါတဲ့ ပိုက်ဆံတွေကို ရှုးဖိနပ်၂ ဖက် မှာ ခွဲထည့်ထား ကြမယ်။ အဖိုးကြီးက ဖိနပ် စီးကြည့်လို့ အံ့အားသင့်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေတာကို ကြည့်ပြီး ပျော်ကြတာပေါ့"

"အကို ပြောသလို တကယ် ပျော်ရမယ်ဆိုရင် လုပ်ကြတာပေါ့"

သူတို့ နှစ်ယောက်ဟာ ပိုက်ဆံတွေကို ဖိနပ်၂ ဖက် မှာ ထည့်ပြီး နေရာမှာ ပြန်ချထား လိုက်တယ်။ ပြီးတော့ ခြုံနောက်မှာ ပုန်းပြီး စောင့်နေကြတယ်။ မကြာခင် အဖိုးကြီး ရောက်လာတယ်။ သူ့ဖိနပ် တဖက်ကို အရင် စီးတယ်။

ဖိနပ်ထဲမှာ တခုခု ခံနေလို့ လက်နဲ့ နှိုက်ကြည့် လိုက်တော့ ပိုက်ဆံတွေ တွေ့တယ်။ သူဟာ အံ့သြသလို ဖြစ်သွားတယ်။ ဖိနပ် နောက်တဖက်ကို စီးပြန်တယ်။ ဖိနပ်ထဲက ပိုက်ဆံတွေ ထပ်တွေ့ပြန်တယ်။

အဖိုးကြီးဟာ မျက်ရည်တွေ စီးကျလာတယ်။ ပြီးတော့ မြေကြီးပေါ်မှာ ဒူးထောက် လက်အုပ်ချီရင်း ပါးစပ်က အခုလို အသံထွက် ပြောလိုက်တယ်။

"အို ဘုရားသခင်၊ အခု ပိုက်ဆံပေးသူ ဘယ်သူဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူ့ကို အရမ်း ကျေးဇူးတင်ပါတယ် ဘုရား။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်ကမိန်းမ နေမကောင်းတာ ၃ ရက် ရှိနေပြီ။ ဆေးဝယ်ဖို့ ပိုက်ဆံ မရှိဘူး။

သမီးလေးလည်း အိမ်မှာ စားစရာ မရှိလို့ မနက် ကတည်းက ဘာမှ မစားရသေးဘူး။ အခုရတဲ့ ပိုက်ဆံနဲ့ မိန်းမအတွက် ဆေးဝယ်သွားလို့ ရပြီ။သမီးလေး အတွက်လည်း စားစရာတွေ ဝယ်သွားလို့ ရပြီ။ ဝမ်းသာလိုက်တာဗျာ"

ပထမ လူငယ်ဟာ ဒီမြင်ကွင်းကို ကြည့်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်တွေ စီးကျနေတယ်။ ဒုတိယ လူငယ်လည်း ပထမလူငယ်ကို ကြည့်ရင်း ဝမ်းသာနေတယ်။ ပျော်ချင်သလား။ သူများကို ပျော်အောင် လုပ်ပေးရင် မိမိလည်း ပျော်ရ ပါလိမ့်မယ်။

Crd

Zawgyi

စစ္မွန္ေသာေပ်ာ္႐ႊင္မႈ

တန႔မွာ လူငယ္ေလး ႏွစ္ေယာက္ဟာ ေဟာင္းႏြမ္းေနတဲ့ ရႈးဖိနပ္ တရံကို ယာေတာ အစပ္မွာ ေတြ႕လိုက္တယ္။ ဒီဖိနပ္ဟာ ယာလုပ္ေနတဲ့ အဖိုးႀကီးရဲ႕ ဖိနပ္ ျဖစ္မယ္ ဆိုတာ သူတို႔ သိတယ္။

ပထမလူငယ္က "အကို၊ က်ေနာ္တို႔ သူ႔ဖိနပ္ကို ၿခဳံပုတ္ ေနာက္မွာ ဝွက္ထားလိုက္ ရေအာင္။ ဒါမွ သူ ဖိနပ္ကို ရွာမေတြ႕လို႔ ဗ်ာမ်ား ေနတာကို ၾကည့္ၿပီး ရယ္ၾကတာေပါ့။ ေပ်ာ္ခ်င္လို႔ပါ"

ဒုတိယလူငယ္က "ညီေလး၊ သူမ်ား ဒုကၡေရာက္တာကို ၾကည့္ၿပီး ေပ်ာ္တယ္ ဆိုတာ မေကာင္းဘူး။ မင္း တကယ္ ေပ်ာ္ခ်င္သလား ဒီလိုလုပ္ကြာ၊ ငါတို႔မွာ ပါတဲ့ ပိုက္ဆံေတြကို ရႈးဖိနပ္၂ ဖက္ မွာ ခြဲထည့္ထား ၾကမယ္။ အဖိုးႀကီးက ဖိနပ္ စီးၾကည့္လို႔ အံ့အားသင့္ၿပီး ဘာလုပ္ရမွန္း မသိ ျဖစ္ေနတာကို ၾကည့္ၿပီး ေပ်ာ္ၾကတာေပါ့"

"အကို ေျပာသလို တကယ္ ေပ်ာ္ရမယ္ဆိုရင္ လုပ္ၾကတာေပါ့"

သူတို႔ ႏွစ္ေယာက္ဟာ ပိုက္ဆံေတြကို ဖိနပ္၂ ဖက္ မွာ ထည့္ၿပီး ေနရာမွာ ျပန္ခ်ထား လိုက္တယ္။ ၿပီးေတာ့ ၿခဳံေနာက္မွာ ပုန္းၿပီး ေစာင့္ေနၾကတယ္။ မၾကာခင္ အဖိုးႀကီး ေရာက္လာတယ္။ သူ႔ဖိနပ္ တဖက္ကို အရင္ စီးတယ္။

ဖိနပ္ထဲမွာ တခုခု ခံေနလို႔ လက္နဲ႔ ႏႈိက္ၾကည့္ လိုက္ေတာ့ ပိုက္ဆံေတြ ေတြ႕တယ္။ သူဟာ အံ့ၾသသလို ျဖစ္သြားတယ္။ ဖိနပ္ ေနာက္တဖက္ကို စီးျပန္တယ္။ ဖိနပ္ထဲက ပိုက္ဆံေတြ ထပ္ေတြ႕ျပန္တယ္။

အဖိုးႀကီးဟာ မ်က္ရည္ေတြ စီးက်လာတယ္။ ၿပီးေတာ့ ေျမႀကီးေပၚမွာ ဒူးေထာက္ လက္အုပ္ခ်ီရင္း ပါးစပ္က အခုလို အသံထြက္ ေျပာလိုက္တယ္။

"အို ဘုရားသခင္၊ အခု ပိုက္ဆံေပးသူ ဘယ္သူဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ သူ႔ကို အရမ္း ေက်းဇူးတင္ပါတယ္ ဘုရား။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အိမ္ကမိန္းမ ေနမေကာင္းတာ ၃ ရက္ ရွိေနၿပီ။ ေဆးဝယ္ဖို႔ ပိုက္ဆံ မရွိဘူး။

သမီးေလးလည္း အိမ္မွာ စားစရာ မရွိလို႔ မနက္ ကတည္းက ဘာမွ မစားရေသးဘူး။ အခုရတဲ့ ပိုက္ဆံနဲ႔ မိန္းမအတြက္ ေဆးဝယ္သြားလို႔ ရၿပီ။သမီးေလး အတြက္လည္း စားစရာေတြ ဝယ္သြားလို႔ ရၿပီ။ ဝမ္းသာလိုက္တာဗ်ာ"

ပထမ လူငယ္ဟာ ဒီျမင္ကြင္းကို ၾကည့္ၿပီး ဝမ္းသာလြန္းလို႔ မ်က္ရည္ေတြ စီးက်ေနတယ္။ ဒုတိယ လူငယ္လည္း ပထမလူငယ္ကို ၾကည့္ရင္း ဝမ္းသာေနတယ္။ ေပ်ာ္ခ်င္သလား။ သူမ်ားကို ေပ်ာ္ေအာင္ လုပ္ေပးရင္ မိမိလည္း ေပ်ာ္ရ ပါလိမ့္မယ္။

Crd

Post a Comment

0 Comments