သင့်ကို အသက်ကြီးတယ်လို့ ထင်ရစေတဲ့ ဆံပင်အရောင် (၉) မျိုး

ဆံပင်အရောင်ဆိုးတာက မူရင်းအလှကို ပိုပေါ်လွင်စေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးစေပါတယ်။ ဒါပေမယ့် ဆံပင်အရောင်ကို ရွေးချယ်မှု မှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။

ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဆံပင်အရောင်ကို ဆိုးထားရင် အသက်ပိုကြီးသလို ဖြစ်သွားစေမှာပါ။ အဲဒါကြောင့် ဘယ်လိုဆံပင်အရောင်တွေက သင့်ကို အသက်ပိုကြီးတဲ့အသွင် ဖြစ်စေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အနက်ရောင်ရင့်ရင့်

ဆံပင်အနက်ရောင်က ပင်ကိုယ်အနက် ဆိုရင်တော့ လှပပါတယ်။ ဒါပေမယ့် ဆံပင်အနက်ရောင်ရင့်ကို ဆိုးထားရင်တော့ မျက်နှာရဲ့မလှတဲ့ အစိတ်အပိုင်းတွေကို ပိုပြီး ပေါ်လွင်သွားစေပါတယ်။

၂။ သဘာဝမဆန်တဲ့ အရောင်

ငယ်ရွယ်တဲ့အသွင်ကို ရဖို့ဆိုရင် ဆံပင်အရောင်ရွေးတာ မှန်ဖို့လိုပါတယ်။ သဘာဝမဆန်တဲ့အရောင်တွေက အသက်ကို ပိုကြီးသွားသလို ထင်ရစေပါတယ်။ အဲဒါကြောင့် အရောင်ရွေးရခက်နေရင် မူရင်းဆံပင်အရောင်နဲ့ နည်းနည်းပဲ ကွာတဲ့အရောင်ကိုသာ ရွေးသင့်ပါတယ်။

၃။ Highlight မပါတဲ့အရောင်

ဆံပင်ကို အနက်ရောင်တစ်မျိုးတည်း ဒါမှမဟုတ် ရွှေအိုရောင် တစ်မျိုးတည်းဆိုးထားရင် မျက်နှာက အသက်ကြီးသလို ဖြစ်နေမှာပါ။ အဲဒါကြောင့် highlight ဖောက်တာ၊ ဆံပင်ကို ပြေပြေလေးကောက်တာက ငယ်ရွယ်တဲ့ပုံစံကို ရစေမှာပါ။

၄။ Platinum blonde

သင်က platinum blonde အရောင်ကို ကြိုက်သူဆိုရင် နှစ်ခါပြန်စဉ်းစားသင့်ပါတယ်။ ဒီအရောင်က အသားလတ်သူ၊ အသားအရေပန်းရောင် ရှိသူတွေနဲ့ မလိုက်ဖက်ပါဘူး။

၅။ မျက်နှာပုံစံပေါ်မူတည်ပြီး highlight မဆိုးခြင်း

ဆံပင်ကို highlight ဆိုးထားတယ်ဆိုရင်တောင် မျက်နှာပုံစံနဲ့ လိုက်ဖက်ဖို့က အရေးကြီးပါသေးတယ်။ မျက်နှာပုံစံပေါ်မူတည်ပြီး ဆံပင် highlight ဆိုးတာက သင့်အလှနဲ့ ငယ်ရွယ်မှုတွေကို ပိုတိုးစေပါတယ်။

၆။ ဆံပင်ကို တစ်ဝက်ပဲ ဆေးဆိုးခြင်း

ဆံပင်ကို ငွေရောင်ဆိုးလိုက်တိုင်း အသက်ကြီးတဲ့ပုံစံ ဖြစ်သွားစေတာ မဟုတ်ပါဘူး။ အမျိုးသမီးကြီးတွေ ဆံပင်ဖြူလာရင် ဆံပင်အရင်းပိုင်းကို အဖြူတိုင်းထားပြီး အဖျားပိုင်းကို အခြားအရောင်ဆိုးကြပါတယ်။ တကယ်တော့ အဲဒီလို ဆိုးလိုက်တာက အသက်ကြီးတဲ့ပုံစံ တကယ်ဖြစ်စေတာပါ။ ဆံပင်တွေ ဖြူလာပြီဆိုရင် ဆံပင်ကို တိုတိုလှလှလေးညှပ်ပြီး အသားအရောင်နဲ့လိုက်တဲ့အရောင်ဆိုးသင့်ပါတယ်။

၇။ ဆံပင်အရင်းပိုင်းကို အရောင်မဆိုးခြင်း

ဆံပင်အရင်းပိုင်းကို အရောင်မဆိုးဘဲချန်ထားခဲ့တာကလည်း အသက်ကြီးတဲ့အသွင်ကို ရစေပါတယ်။ ဆံပင်အရင်းပိုင်းကို အရောင်ဆိုးထားပေမယ့်လည်း အရောင်ပြယ်သွားတာလည်း ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဆံပင်အရင်းပိုင်းကို သေချာဂရုစိုက်ပြီး ဆိုးထားရင် စိတ်ပူစရာ မလိုတော့ပါဘူး။

၈။ ခေတ်မမီတော့တဲ့အရောင်

ဆံပင်အရောင်ရွေးချယ်တာက ခေတ်ရေစီးနဲ့ ကိုက်ညီဖို့လည်း လိုအပ်ပါသေးတယ်။ လက်ရှိမှာ ခေတ်စားနေတဲ့ အရောင်၊ highlight၊ ဆံပင်ပုံစံတွေကို ရွေးချယ်မှသာ ငယ်ရွယ်တဲ့အသွင်က ပိုမိုထင်ရှားလာမှာပါ။

၉။ နီကြင်ကြင်အရောင်

နီကြင်ကြင်အရောင်က လှပပေမယ့် အရောင်လွင့်ပြယ် လွယ်ပါတယ်။ အဲဒါကြောင့် ရွှေအိုရောင်နဲ့ အနီရောင်ကြားက စတော်ဘယ်ရီ ရွှေအိုရောင်ဆိုရင် သင့်ပုံစံကို နုပျိုတက်ကြွတဲ့ အသွင်ရစေပါတယ်။

Bonus

ဆံပင်ခွဲကြောင်းကလည်း အရေးပါပါတယ်။ အသက်ကြီးလာတဲ့အခါ ဆံပင်အလယ်ခွဲပြီး အပြောင်သိမ်းတဲ့ပုံစံက သိပ်ပြီး မလိုက်ဖက်တော့ပါဘူး။ အဲဒါကြောင့် ဘေးခွဲပုံစံတွေက သင့်ကို အသက်ကြီးတယ်လို့ မထင်ရစေတော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments