ခေါင်းဆောင်ကောင်း စိတ်ဓာတ်

မတ်စောက်တဲ့ ကျောက်တောင်ပေါ်မှာ တောင်ဆိတ်တွေ နောက်ကို အမဲလိုက် မုဆိုးတွေ လိုက်ရင်းနဲ့ ချောက်ကမ်းပါး တခုရဲ့ ထိပ်မှာ တောင်ဆိတ်အုပ်ကြီး ပြေးပေါက် မရှိတော့ပဲ ပိတ်မိသွားတယ်။

သူတို့ ခုန်ကူး နိုင်တာထက် ချောက်ကမ်းပါးကြီးက ပိုကျယ် နေတယ်။ အောက်မှာ ကလည်း ရေစီးသန်တဲ့ ချောင်းကြီး တောင်ဆိတ်တွေက အလွန်ဆုံးမှ ခြောက်မီတာ လောက်ပဲ ခုန်နိုင်တာ။ ချောက်ကမ်းပါးက တဆယ်မီတာ ကျော်ကျော်လောက် ကျယ်နေတယ်။

မုဆိုးတွေက တောင်ဆိတ်အုပ်ကြီး ဘယ်လိုမှ ပြေးမလွတ်တော့ဘူး။ လွယ်လွယ်နဲ့ အကုန် ဖမ်းမိပြီလို့ တွက်ကြတယ်။ သူတို့ဟာ တဖြည်းဖြည်းနဲ့ တောင်ဆိတ်အုပ်ဆီ တိုးသွားကြရင်း တောင်ဆိတ်တွေ ဘာလုပ်မလဲ ကြည့်နေကြတယ်။

သူတို့ ကြည့်နေတုံးမှာ တောင်ဆိတ် တကောင်က အရဲစွန့်ပြီး လွှားကနဲ ခုန်ကူးလိုက်တယ်။ အလှမ်း ကျယ်လွန်းလို့ တဖက်ကမ်းဆီ မရောက်ပဲ ချောက်ကမ်းပါး နက်ထဲ ပြုတ်ကျသွားပြီး၊ ရေစီးထဲ မျောပါသွားတယ်။ နောက်ထပ် တကောင်မှ ထပ်မခုန်ရဲတော့ဘူး။ ကြောက်လန့် တုန်လှုပ် နေကြတယ်။

အဲဒီအချိန်မှာပဲ မယုံနိုင်စရာ မြင်ကွင်းကို မုဆိုးတွေ တွေ့လိုက်ရတယ်။ တောင်ဆိတ် ခေါင်းဆောင်ဟာ ကြောက်လန့် တကြား ဖြစ်နေတဲ့ သူ့အုပ်စုကို အသံကျယ်ကျယ်နဲ့ အချက်ပေး လိုက်တယ်။ သူ့အသံ ကြားတော့ တုန်လှုပ်နေတဲ့ တောင်ဆိတ်တွေ ငြိမ်သွားကြပြီး အုပ်စု နှစ်ခု ခွဲလိုက် ကြတယ်။

တအုပ်စုက အသက် ကြီးရင့်နေတဲ့ တောင်ဆိတ် အိုတွေ၊ နောက် တအုပ်စုက တောင်ဆိတ်ငယ်တွေ တောင်ဆိတ် ပျိုလေးတွေ၊မုဆိုးတွေ ကလည်း သူတို့ ဘာဆက်လုပ် ကြမလဲ လို့ စိတ်ဝင်တစား စောင့်ကြည့်နေ ကြတယ်။

နောက်တခါ တောင်ဆိတ်ခေါင်းဆောင်က အချက်ထပ်ပေး လိုက်တော့ တောင်ဆိတ်အုပ်ကြီးဟာ ချောက်ကမ်းပါးကြီးကို စပြီး ခုန်ကူးကြတယ်။ တောင်ဆိတ်အို တွေက အရင်ဆုံး စပြီး ခုန်တယ်။ စက္ကန့်ပိုင်း ခြားပြီး တောင်ဆိတ်ငယ်လေးတွေက သူတို့ နောက်မှာ လိုက်ခုန်ကြတယ်။

အဲဒီလို အရင်ခုန်လိုက်လို့ နဲနဲလေး ရှေ့ကို ကြိုရောက်ပြီး အောက်မှာ ရောက်နေတဲ့ တောင်ဆိတ်အိုတွေရဲ့ ကိုယ်ပေါ်ကို နင်းပြီး နောက်တဆင့် အားယူပြီး ထပ်ခုန်လိုက်တော့ တောင်ဆိတ် ငယ်လေးတွေဟာ တဖက်ကမ်းကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားကြတယ်။

တောင်ဆိတ်အိုတွေ ကတော့ ချောက်ကမ်းပါးထဲ အကျခံပြီး စတေးခံ သွားကြရှာတယ်။ တောင်ဆိတ်ခေါင်းဆောင်ကြီး ကလည်း သူ့အုပ်စု အကုန် ခုန်ကူးပြီးသွားတဲ့ အထိ အချိန်ရအောင် မုဆိုးတွေဆီ တည့်တည့်ကြီး ရင်ဆိုင်ပြီး တိုးဝင်လာလို့ သေနတ်နဲ့ ပစ်ရတယ်။

သေနတ် တချက် မှန်သွားတာတောင် ယိုင်ရုံပဲ ယိုင်သွားပြီး ရှေ့ ဆက် တိုးဝင်လာလို့ ထပ်ပစ်ရတယ်။ နှစ်ချက် သုံးချက် မှန်သွားမှပဲ ချောက်ထဲ ပြုတ်ကျသွားတယ်။ မုဆိုးတွေဟာ တောင်ဆိတ် ခေါင်းဆောင်ရဲ့ ခေါင်းဆောင်ကောင်း ပီသမှုနဲ့ တောင်ဆိတ်အိုတွေရဲ့ စွန့်လွှတ် အနစ်နာခံ တတ်တဲ့ စိတ်ကို အခုထိ လက်ဆင့်ကမ်း ပြောပြနေ ကြတယ်။

ဒီပုံပြင်ဟာ တခြား တိရိ စ္ဆာန်တွေ ရှင်သန်ဖို့ ခက်ခဲလှတဲ့ မတ်စောက်တဲ့ ကျောက်တောင်တွေပေါ်မှာ ဘာကြောင့် တောင်ဆိတ်တွေက ရှင်သန် ကျန်ရစ် နေနိုင်တာလဲ ဆိုရဲ့ အဖြေ ပါပဲတဲ့။

မောင်စိန်ဝင်း (ပုတီးကုန်း)

Zawgyi

ေခါင္းေဆာင္ေကာင္း စိတ္ဓာတ္

မတ္ေစာက္တဲ့ ေက်ာက္ေတာင္ေပၚမွာ ေတာင္ဆိတ္ေတြ ေနာက္ကို အမဲလိုက္ မုဆိုးေတြ လိုက္ရင္းနဲ႔ ေခ်ာက္ကမ္းပါး တခုရဲ႕ ထိပ္မွာ ေတာင္ဆိတ္အုပ္ႀကီး ေျပးေပါက္ မရွိေတာ့ပဲ ပိတ္မိသြားတယ္။

သူတို႔ ခုန္ကူး ႏိုင္တာထက္ ေခ်ာက္ကမ္းပါးႀကီးက ပိုက်ယ္ ေနတယ္။ ေအာက္မွာ ကလည္း ေရစီးသန္တဲ့ ေခ်ာင္းႀကီး ေတာင္ဆိတ္ေတြက အလြန္ဆုံးမွ ေျခာက္မီတာ ေလာက္ပဲ ခုန္ႏိုင္တာ။ ေခ်ာက္ကမ္းပါးက တဆယ္မီတာ ေက်ာ္ေက်ာ္ေလာက္ က်ယ္ေနတယ္။

မုဆိုးေတြက ေတာင္ဆိတ္အုပ္ႀကီး ဘယ္လိုမွ ေျပးမလြတ္ေတာ့ဘူး။ လြယ္လြယ္နဲ႔ အကုန္ ဖမ္းမိၿပီလို႔ တြက္ၾကတယ္။ သူတို႔ဟာ တျဖည္းျဖည္းနဲ႔ ေတာင္ဆိတ္အုပ္ဆီ တိုးသြားၾကရင္း ေတာင္ဆိတ္ေတြ ဘာလုပ္မလဲ ၾကည့္ေနၾကတယ္။

သူတို႔ ၾကည့္ေနတုံးမွာ ေတာင္ဆိတ္ တေကာင္က အရဲစြန႔္ၿပီး လႊားကနဲ ခုန္ကူးလိုက္တယ္။ အလွမ္း က်ယ္လြန္းလို႔ တဖက္ကမ္းဆီ မေရာက္ပဲ ေခ်ာက္ကမ္းပါး နက္ထဲ ျပဳတ္က်သြားၿပီး၊ ေရစီးထဲ ေမ်ာပါသြားတယ္။ ေနာက္ထပ္ တေကာင္မွ ထပ္မခုန္ရဲေတာ့ဘူး။ ေၾကာက္လန႔္ တုန္လႈပ္ ေနၾကတယ္။

အဲဒီအခ်ိန္မွာပဲ မယုံႏိုင္စရာ ျမင္ကြင္းကို မုဆိုးေတြ ေတြ႕လိုက္ရတယ္။ ေတာင္ဆိတ္ ေခါင္းေဆာင္ဟာ ေၾကာက္လန႔္ တၾကား ျဖစ္ေနတဲ့ သူ႔အုပ္စုကို အသံက်ယ္က်ယ္နဲ႔ အခ်က္ေပး လိုက္တယ္။ သူ႔အသံ ၾကားေတာ့ တုန္လႈပ္ေနတဲ့ ေတာင္ဆိတ္ေတြ ၿငိမ္သြားၾကၿပီး အုပ္စု ႏွစ္ခု ခြဲလိုက္ ၾကတယ္။

တအုပ္စုက အသက္ ႀကီးရင့္ေနတဲ့ ေတာင္ဆိတ္ အိုေတြ၊ ေနာက္ တအုပ္စုက ေတာင္ဆိတ္ငယ္ေတြ ေတာင္ဆိတ္ ပ်ိဳေလးေတြ၊မုဆိုးေတြ ကလည္း သူတို႔ ဘာဆက္လုပ္ ၾကမလဲ လို႔ စိတ္ဝင္တစား ေစာင့္ၾကည့္ေန ၾကတယ္။

ေနာက္တခါ ေတာင္ဆိတ္ေခါင္းေဆာင္က အခ်က္ထပ္ေပး လိုက္ေတာ့ ေတာင္ဆိတ္အုပ္ႀကီးဟာ ေခ်ာက္ကမ္းပါးႀကီးကို စၿပီး ခုန္ကူးၾကတယ္။ ေတာင္ဆိတ္အို ေတြက အရင္ဆုံး စၿပီး ခုန္တယ္။ စကၠန႔္ပိုင္း ျခားၿပီး ေတာင္ဆိတ္ငယ္ေလးေတြက သူတို႔ ေနာက္မွာ လိုက္ခုန္ၾကတယ္။

အဲဒီလို အရင္ခုန္လိုက္လို႔ နဲနဲေလး ေရွ႕ကို ႀကိဳေရာက္ၿပီး ေအာက္မွာ ေရာက္ေနတဲ့ ေတာင္ဆိတ္အိုေတြရဲ႕ ကိုယ္ေပၚကို နင္းၿပီး ေနာက္တဆင့္ အားယူၿပီး ထပ္ခုန္လိုက္ေတာ့ ေတာင္ဆိတ္ ငယ္ေလးေတြဟာ တဖက္ကမ္းကို လြတ္လြတ္ကြၽတ္ကြၽတ္ ေရာက္သြားၾကတယ္။

ေတာင္ဆိတ္အိုေတြ ကေတာ့ ေခ်ာက္ကမ္းပါးထဲ အက်ခံၿပီး စေတးခံ သြားၾကရွာတယ္။ ေတာင္ဆိတ္ေခါင္းေဆာင္ႀကီး ကလည္း သူ႔အုပ္စု အကုန္ ခုန္ကူးၿပီးသြားတဲ့ အထိ အခ်ိန္ရေအာင္ မုဆိုးေတြဆီ တည့္တည့္ႀကီး ရင္ဆိုင္ၿပီး တိုးဝင္လာလို႔ ေသနတ္နဲ႔ ပစ္ရတယ္။

ေသနတ္ တခ်က္ မွန္သြားတာေတာင္ ယိုင္႐ုံပဲ ယိုင္သြားၿပီး ေရွ႕ ဆက္ တိုးဝင္လာလို႔ ထပ္ပစ္ရတယ္။ ႏွစ္ခ်က္ သုံးခ်က္ မွန္သြားမွပဲ ေခ်ာက္ထဲ ျပဳတ္က်သြားတယ္။ မုဆိုးေတြဟာ ေတာင္ဆိတ္ ေခါင္းေဆာင္ရဲ႕ ေခါင္းေဆာင္ေကာင္း ပီသမႈနဲ႔ ေတာင္ဆိတ္အိုေတြရဲ႕ စြန႔္လႊတ္ အနစ္နာခံ တတ္တဲ့ စိတ္ကို အခုထိ လက္ဆင့္ကမ္း ေျပာျပေန ၾကတယ္။

ဒီပုံျပင္ဟာ တျခား တိရိ စာၦန္ေတြ ရွင္သန္ဖို႔ ခက္ခဲလွတဲ့ မတ္ေစာက္တဲ့ ေက်ာက္ေတာင္ေတြေပၚမွာ ဘာေၾကာင့္ ေတာင္ဆိတ္ေတြက ရွင္သန္ က်န္ရစ္ ေနႏိုင္တာလဲ ဆိုရဲ႕ အေျဖ ပါပဲတဲ့။

ေမာင္စိန္ဝင္း (ပုတီးကုန္း)

Post a Comment

0 Comments