ပုလင်းကွဲနှင့် စိန်

တခါတုန်းက ပန်းတိမ်ဆရာ တယောက်ဟာ သေခါနီး ဆဲဆဲမှာ သူသားဖြစ်သူကို အနားကို ခေါ်ပြီး ပြောတယ်။ "သား ဒီသေတ္တာကို ဖွင့်လိုက်ပါ အထဲမှာ ပုံစံတူ စိန် ၂ လုံးကို တွေ့လိမ့်မယ်။ တလုံးဟာ စိန်အစစ် ဖြစ်တယ်။ နောက်တလုံးက ပုလင်းကွဲနဲ့ လုပ်ထားတဲ့ စိန်အတု ဖြစ်တယ်"

အဖေဖြစ်သူဟာ စိန်အတုနှင့် အစစ်ကို ပြသကာ "ဒီစိန်၂ တုံးဟာ မင်းအဖိုးက လက်ဆောင် ပေးခဲ့တာ ဖြစ်တယ်" လို့ ပြောတယ်။ မကြာခင်မှာ အဖေဖြစ်သူ သေဆုံးသွားတော့ သားဖြစ်သူဟာ စိန် ၂ လုံးကို ယူကာ ဘုရင်ထံကို ရောက်သွားတယ်။ ဘုရင်ကို ပြောတယ်။

"ဘုရင်ကြီးခများ၊ ဒီစိန် ၂ တုံး အနက် တတုံးဟာ အစစ်ဖြစ်ပြီး တတုံးဟာ အတု ဖြစ်တယ်။ ဘုရင်ကြီးရဲ့ နိုင်ငံက ဘယ်သူမဆို အတုနဲ့ အစစ်ကို ခွဲခြားနိုင်ရင် စိန်အစစ်ကို အပိုင် ပေးလိုက်မှာ ဖြစ်တယ်။ တကယ်လို့ မခွဲနိုင် ရင်တော့ စိန်အစစ်ရဲ့တန်ကြေးကို ပေးရမှာ ဖြစ်တယ်"

ဘုရင်က သဘောတူ လိုက်ပြီး နိုင်ငံမှာ ရှိနေတဲ့ ပညာရှင်များကို ကြည့်ခိုင်း သောလည်း တယောက်မှ အတုနဲ့ အစစ်ကို မခွဲနိုင်ကြပေ။ နောက်ဆုံး စိန်အစစ်ရဲ့ တန်ကြေးကို ပေးလိုက် ရတယ်။

စိန်ပိုင်ရှင်ဟာ ဒီလိုပဲ နိုင်ငံတကာကို လှည့်လည်ကာ စိန်ခေါ်ပြီး စိန်ကို မပေးရပဲ ပိုက်ဆံတွေ အများကြီး ယူကာ မိမိနေရပ်သို့ပြန်လာစဉ် တနေရာမှာ နန်းတော် အငယ်လေးတခုကို တွေ့တယ်။ ဘုရင်ဟာ ကွင်းပြင်ကြီးမှာ နန်းတော် အသေးလေး ဆောက်ထားတာ ဖြစ်တယ်။

၎င်းဘုရင်ကိုလည်း အစောကလို ပြောတော့ ဘုရင်က သူနန်းတော်မှာ ရှိတဲ့ ပညာရှင်များကို ကြည့်ခိုင်းတယ်။ သူတို့လည်း အတုနဲ့ အစစ်ကို မခွဲခြားနိုင် ကြဘူး။

နောက်ဆုံးမှာ မျက်မမြင် အကန်းအဖိုးအို တယောက်က ပြောတယ်။ "ကျနော့်ကို အတု အစစ် ခွဲခြားဖို့ အခွင့်အရေး ပေးပါ" ဆိုတော့ ဘုရင်က ခွင့်ပြုလိုက်တယ်။ မျက်မမြင် အဖိုးအိုက စိန်ကို လက်နဲ့ ကိုင်ပြီး ပြောတယ်။ "ဒါဟာ အတု ဖြစ်တယ်။ ဒါဟာ အစစ် ဖြစ်တယ်"

ပိုင်ရှင်က တအံ့တသြဖြင့် မေးတယ်။ "အဖိုးပြောတာ မှန်ပါတယ်။ ဒါပေမယ့် အတုနဲ့ အစစ် ဘယ်လို ခွဲလဲ သိလိုပါတယ်" ပြောတော့ အဖိုးက ပြောတယ်။

"ငါတို့အားလုံး နေပူထဲမှာ ရှိနေသလို ဒီစိန် ၂ တုံးလည်း နေပူထဲ မှာပဲ။ ဒါပေမယ့် စိန်အစစ်ဟာ နေဘယ်လောက် ပူပူ မပူပဲ အေးမြဲ အေးနေပြီး ပုလင်းကွဲဟာ နေဒဏ်ကို မခံနိုင်ပါပဲ ပူလာပါတယ်"

လူတယောက်ဟာ ထစ်ခနဲ ဒေါသ ထွက်တယ်၊ စိတ်ဆိုးတယ် ဆိုရင် သူဟာ စိန်မဟုတ်ပါဘူး။ သူဟာ ပုလင်းကွဲပဲ ဖြစ်ပါတယ်။ စိန်အစစ်လို တန်ဖိုးရှိ ကြပါစေ။

Crd

Zawgyi

ပုလင္းကြဲႏွင့္ စိန္

တခါတုန္းက ပန္းတိမ္ဆရာ တေယာက္ဟာ ေသခါနီး ဆဲဆဲမွာ သူသားျဖစ္သူကို အနားကို ေခၚၿပီး ေျပာတယ္။ "သား ဒီေသတၱာကို ဖြင့္လိုက္ပါ အထဲမွာ ပုံစံတူ စိန္ ၂ လုံးကို ေတြ႕လိမ့္မယ္။ တလုံးဟာ စိန္အစစ္ ျဖစ္တယ္။ ေနာက္တလုံးက ပုလင္းကြဲနဲ႔ လုပ္ထားတဲ့ စိန္အတု ျဖစ္တယ္"

အေဖျဖစ္သူဟာ စိန္အတုႏွင့္ အစစ္ကို ျပသကာ "ဒီစိန္၂ တုံးဟာ မင္းအဖိုးက လက္ေဆာင္ ေပးခဲ့တာ ျဖစ္တယ္" လို႔ ေျပာတယ္။ မၾကာခင္မွာ အေဖျဖစ္သူ ေသဆုံးသြားေတာ့ သားျဖစ္သူဟာ စိန္ ၂ လုံးကို ယူကာ ဘုရင္ထံကို ေရာက္သြားတယ္။ ဘုရင္ကို ေျပာတယ္။

"ဘုရင္ႀကီးခမ်ား၊ ဒီစိန္ ၂ တုံး အနက္ တတုံးဟာ အစစ္ျဖစ္ၿပီး တတုံးဟာ အတု ျဖစ္တယ္။ ဘုရင္ႀကီးရဲ႕ ႏိုင္ငံက ဘယ္သူမဆို အတုနဲ႔ အစစ္ကို ခြဲျခားႏိုင္ရင္ စိန္အစစ္ကို အပိုင္ ေပးလိုက္မွာ ျဖစ္တယ္။ တကယ္လို႔ မခြဲႏိုင္ ရင္ေတာ့ စိန္အစစ္ရဲ႕တန္ေၾကးကို ေပးရမွာ ျဖစ္တယ္"

ဘုရင္က သေဘာတူ လိုက္ၿပီး ႏိုင္ငံမွာ ရွိေနတဲ့ ပညာရွင္မ်ားကို ၾကည့္ခိုင္း ေသာလည္း တေယာက္မွ အတုနဲ႔ အစစ္ကို မခြဲႏိုင္ၾကေပ။ ေနာက္ဆုံး စိန္အစစ္ရဲ႕ တန္ေၾကးကို ေပးလိုက္ ရတယ္။

စိန္ပိုင္ရွင္ဟာ ဒီလိုပဲ ႏိုင္ငံတကာကို လွည့္လည္ကာ စိန္ေခၚၿပီး စိန္ကို မေပးရပဲ ပိုက္ဆံေတြ အမ်ားႀကီး ယူကာ မိမိေနရပ္သို႔ျပန္လာစဥ္ တေနရာမွာ နန္းေတာ္ အငယ္ေလးတခုကို ေတြ႕တယ္။ ဘုရင္ဟာ ကြင္းျပင္ႀကီးမွာ နန္းေတာ္ အေသးေလး ေဆာက္ထားတာ ျဖစ္တယ္။

၎ဘုရင္ကိုလည္း အေစာကလို ေျပာေတာ့ ဘုရင္က သူနန္းေတာ္မွာ ရွိတဲ့ ပညာရွင္မ်ားကို ၾကည့္ခိုင္းတယ္။ သူတို႔လည္း အတုနဲ႔ အစစ္ကို မခြဲျခားႏိုင္ ၾကဘူး။

ေနာက္ဆုံးမွာ မ်က္မျမင္ အကန္းအဖိုးအို တေယာက္က ေျပာတယ္။ "က်ေနာ့္ကို အတု အစစ္ ခြဲျခားဖို႔ အခြင့္အေရး ေပးပါ" ဆိုေတာ့ ဘုရင္က ခြင့္ျပဳလိုက္တယ္။ မ်က္မျမင္ အဖိုးအိုက စိန္ကို လက္နဲ႔ ကိုင္ၿပီး ေျပာတယ္။ "ဒါဟာ အတု ျဖစ္တယ္။ ဒါဟာ အစစ္ ျဖစ္တယ္"

ပိုင္ရွင္က တအံ့တၾသျဖင့္ ေမးတယ္။ "အဖိုးေျပာတာ မွန္ပါတယ္။ ဒါေပမယ့္ အတုနဲ႔ အစစ္ ဘယ္လို ခြဲလဲ သိလိုပါတယ္" ေျပာေတာ့ အဖိုးက ေျပာတယ္။

"ငါတို႔အားလုံး ေနပူထဲမွာ ရွိေနသလို ဒီစိန္ ၂ တုံးလည္း ေနပူထဲ မွာပဲ။ ဒါေပမယ့္ စိန္အစစ္ဟာ ေနဘယ္ေလာက္ ပူပူ မပူပဲ ေအးၿမဲ ေအးေနၿပီး ပုလင္းကြဲဟာ ေနဒဏ္ကို မခံႏိုင္ပါပဲ ပူလာပါတယ္"

လူတေယာက္ဟာ ထစ္ခနဲ ေဒါသ ထြက္တယ္၊ စိတ္ဆိုးတယ္ ဆိုရင္ သူဟာ စိန္မဟုတ္ပါဘူး။ သူဟာ ပုလင္းကြဲပဲ ျဖစ္ပါတယ္။ စိန္အစစ္လို တန္ဖိုးရွိ ၾကပါေစ။

Crd

Post a Comment

0 Comments