ကိုယ်ပေးသလောက် ကိုယ်ပြန်ရမယ်

တခါတုန်းက ရွာတရွာမှာ မုန့်ဖုတ်သမားကြီး တဦး ရှိသတဲ့။ မုန့်ဖုတ်သမားကြီး ဆီကို နေ့စဉ် နေ့တိုင်း ထောပတ် ရောင်းတဲ့ လယ်သမား တဦးလည်း ရှိတယ်။

တနေ့ မှာတော့ မုန့်ဖုတ် သမားဟာ လယ်သမားကြီး ဆီကနေ ထောပတ်ကို ဝယ်လာ ခဲ့တယ်။ မုန့်ဖုတ်သမားဟာ သူဝယ်လာတဲ့ ထောပတ်ကို ချိန်ကြည့် လိုက်တဲ့ အခါမှာ အချိန် လျော့နေတာကို သိလိုက်ရ ပါတယ်။

သူဟာ စိတ်တို သွားပြီး လယ်သမားကို တရားစွဲဖို့ တရားခွင်သို့ ခေါ်သွားလိုက် ပါတယ်။ တရားသူကြီးက လယ်သမားကို ဘယ်အချိန်အတွယ် ယူနစ်ကို သုံးလဲ လို့ မေးမြန်း ပါတယ်။

ဒီတော့ လယ်သမားက "တရားသူကြီးမင်း ခင်ဗျာ၊ ကျွန်တော်မျိုးဟာ စာမတတ်သူ တယောက် ဖြစ်လို့ အချိန်အတွယ် ယူနစ်တွေကို မသိပါဘူး။

ဒါပေမယ့် ကျွန်တော်မျိုးမှာ ထောပတ် ရောင်းတိုင်း စံထား ချိန်တွယ်တဲ့ အလေးတော့ ရှိပါတယ်" လို့ ပြန်ဖြေလိုက် ပါတယ်။

ဒါနဲ့ တရားသူကြီးက မေးလိုက်တယ်။ "ဟုတ်ပြီ၊ ဒါဆို မောင်မင်း ထောပတ်ကို ဘယ်လို ချိန်လဲ"

လယ်သမားက ဒီလို ပြန်ဖြေ လိုက်ပါတယ်။ "တရားသူကြီးမင်း ခင်ဗျာ၊ ဒီမုန့်ဖုတ်သမား ဦးလေးကြီးက ကျွန်တော့် ဆီမှာ ထောပတ် မဝယ်ခင် ကတည်းက ကျွန်တော်ဟာ သူ့ဆီ ကနေ ပေါင်မုန့် တပေါင် နေ့တိုင်း ဝယ်နေကျပါ။

မနက်တိုင်း သူဟာ ကျွန်တော့ကို ပေါင်မုန့် ယူလာပေး ပါတယ်။ ကျွန်တော်က သူ့ဆီက ပေါင်မုန့်ကို ချိန်ခွင်ပေါ် တင်ပြီး တူညီတဲ့ ထောပတ် ပမာဏ အတိုင်း ပြန်ပေးလေ့ ရှိပါတယ်။ ဒီတော့ ထောပတ်က အလေး မပြည့်ဘူး ဆိုရင် မုန့်ဖုတ်သမားကိုပဲ မေးသင့်ပါတယ်"

လယ်သမားကြီးက အဲဒီလို ပြောလိုက်တာနဲ့ မုန့်ဖုတ်သမားကြီးက သူ့ရဲ့ မရိုးသားမှုတွေ ပေါ်သွားလို့ မုန့်ဖုတ်သမားကြီးဟာ အရှက်ရ သွားပါတယ်။ ရိုးသားတဲ့ လယ်သမားကတော့ အမှုက လွတ်မြောက်သွားပြီး မုန့်ဖုတ်သမားကြီး ကတော့ သူ့ရဲ့ လိမ်လည်မှုအတွက် ဒဏ်ရိုက် ခံလိုက်ရ ပါတယ်။

ဒီအကြောင်းအရာလေးက ဘယ်အရာမဆို ကိုယ့်ဘက်က ပေးသလောက်ပဲ ပြန်ရမှာပါ။ အလုပ်တခု လုပ်တိုင်း ကိုယ်ရတဲ့ အဖိုးအခ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ အဖိုးအခနဲ့ တူတဲ့ လုံ့လ ဝီရိယ စိုက်ထုတ်မှု ရှိခဲ့သလား လို့ ဆိုတဲ့ အချက်ကို စဉ်းစားသင့် ပါတယ်။ လောကမှာ ဘယ်အရာမှ အလကား မရပါ။

Crd

Zawgyi

ကိုယ္ေပးသေလာက္ ကိုယ္ျပန္ရမယ္

တခါတုန္းက ႐ြာတ႐ြာမွာ မုန႔္ဖုတ္သမားႀကီး တဦး ရွိသတဲ့။ မုန႔္ဖုတ္သမားႀကီး ဆီကို ေန႔စဥ္ ေန႔တိုင္း ေထာပတ္ ေရာင္းတဲ့ လယ္သမား တဦးလည္း ရွိတယ္။

တေန႔ မွာေတာ့ မုန႔္ဖုတ္ သမားဟာ လယ္သမားႀကီး ဆီကေန ေထာပတ္ကို ဝယ္လာ ခဲ့တယ္။ မုန႔္ဖုတ္သမားဟာ သူဝယ္လာတဲ့ ေထာပတ္ကို ခ်ိန္ၾကည့္ လိုက္တဲ့ အခါမွာ အခ်ိန္ ေလ်ာ့ေနတာကို သိလိုက္ရ ပါတယ္။

သူဟာ စိတ္တို သြားၿပီး လယ္သမားကို တရားစြဲဖို႔ တရားခြင္သို႔ ေခၚသြားလိုက္ ပါတယ္။ တရားသူႀကီးက လယ္သမားကို ဘယ္အခ်ိန္အတြယ္ ယူနစ္ကို သုံးလဲ လို႔ ေမးျမန္း ပါတယ္။

ဒီေတာ့ လယ္သမားက "တရားသူႀကီးမင္း ခင္ဗ်ာ၊ ကြၽန္ေတာ္မ်ိဳးဟာ စာမတတ္သူ တေယာက္ ျဖစ္လို႔ အခ်ိန္အတြယ္ ယူနစ္ေတြကို မသိပါဘူး။

ဒါေပမယ့္ ကြၽန္ေတာ္မ်ိဳးမွာ ေထာပတ္ ေရာင္းတိုင္း စံထား ခ်ိန္တြယ္တဲ့ အေလးေတာ့ ရွိပါတယ္" လို႔ ျပန္ေျဖလိုက္ ပါတယ္။

ဒါနဲ႔ တရားသူႀကီးက ေမးလိုက္တယ္။ "ဟုတ္ၿပီ၊ ဒါဆို ေမာင္မင္း ေထာပတ္ကို ဘယ္လို ခ်ိန္လဲ"

လယ္သမားက ဒီလို ျပန္ေျဖ လိုက္ပါတယ္။ "တရားသူႀကီးမင္း ခင္ဗ်ာ၊ ဒီမုန႔္ဖုတ္သမား ဦးေလးႀကီးက ကြၽန္ေတာ့္ ဆီမွာ ေထာပတ္ မဝယ္ခင္ ကတည္းက ကြၽန္ေတာ္ဟာ သူ႔ဆီ ကေန ေပါင္မုန႔္ တေပါင္ ေန႔တိုင္း ဝယ္ေနက်ပါ။

မနက္တိုင္း သူဟာ ကြၽန္ေတာ့ကို ေပါင္မုန႔္ ယူလာေပး ပါတယ္။ ကြၽန္ေတာ္က သူ႔ဆီက ေပါင္မုန႔္ကို ခ်ိန္ခြင္ေပၚ တင္ၿပီး တူညီတဲ့ ေထာပတ္ ပမာဏ အတိုင္း ျပန္ေပးေလ့ ရွိပါတယ္။ ဒီေတာ့ ေထာပတ္က အေလး မျပည့္ဘူး ဆိုရင္ မုန႔္ဖုတ္သမားကိုပဲ ေမးသင့္ပါတယ္"

လယ္သမားႀကီးက အဲဒီလို ေျပာလိုက္တာနဲ႔ မုန႔္ဖုတ္သမားႀကီးက သူ႔ရဲ႕ မ႐ိုးသားမႈေတြ ေပၚသြားလို႔ မုန႔္ဖုတ္သမားႀကီးဟာ အရွက္ရ သြားပါတယ္။ ႐ိုးသားတဲ့ လယ္သမားကေတာ့ အမႈက လြတ္ေျမာက္သြားၿပီး မုန႔္ဖုတ္သမားႀကီး ကေတာ့ သူ႔ရဲ႕ လိမ္လည္မႈအတြက္ ဒဏ္႐ိုက္ ခံလိုက္ရ ပါတယ္။

ဒီအေၾကာင္းအရာေလးက ဘယ္အရာမဆို ကိုယ့္ဘက္က ေပးသေလာက္ပဲ ျပန္ရမွာပါ။ အလုပ္တခု လုပ္တိုင္း ကိုယ္ရတဲ့ အဖိုးအခ ဒါမွမဟုတ္ ကိုယ္လိုခ်င္တဲ့ အဖိုးအခနဲ႔ တူတဲ့ လုံ႔လ ဝီရိယ စိုက္ထုတ္မႈ ရွိခဲ့သလား လို႔ ဆိုတဲ့ အခ်က္ကို စဥ္းစားသင့္ ပါတယ္။ ေလာကမွာ ဘယ္အရာမွ အလကား မရပါ။

Crd

Post a Comment

0 Comments