သူငယ်ချင်းမိတ်ဆွေတွေ ဘာ့ကြောင့် မိတ်ပျက်ရတာလဲ

အရမ်းပူတဲ့ နွေရာသီ တခုမှာ၊ လူတစုဟာ မြစ်ရေလှိုင်းထဲ ဖောင်စီး သွားကြတယ်။ ကောင်မလေး တယောက် ရေဆော့ နေတုံး၊ ဖိနပ်က ရေထဲ ကျသွားတယ်။

ကမ်းပေါ် ရောက်တော့ နေပူ ထဲမှာ ပူကျစ်နေတဲ့ သဲပြင် အကျယ်ကြီးကို ဖြတ်ရမယ်။ ဒါနဲ့ ကောင်မလေးက တယောက်ယောက် ဖိနပ် ငှားနိုင်မလားလို့ အကူအညီ တောင်းတယ်။

ဒါပေမဲ့ လူတယောက်စီမှာ ဖိနပ်တရံပဲ ပါတာကြောင့် ဘယ်သူမှ မပေးချင် ကြဖူး။ ကောင်မလေးက မကျေမနပ် ဖြစ်သွားတယ်။

သူက မိန်းခလေး သဘာဝ နဲနဲလောက် ချွဲလိုက်ရင် သူများဆီက အကူအညီ ရနေကျလေ။ ဒါပေမဲ့ ဒီတခါတော့ မရတော့ဘူး။

အဲဒါနဲ့ သူက ဒီလူတွေ အားလုံး မကောင်းဘူး၊ ကူညီချင်စိတ် မရှိဘူး လို့ တွက်လိုက်တယ်။

နောက်တော့ ကောင်လေး တယောက်က သူ့ရဲ့ ဖိနပ်ကို သူမကို ပေးလိုက်တယ်။ သူကတော့ ဖိနပ် ဗလာနဲ့ အကြာကြီး သဲပြင် ပူပူထဲ ပြေးလိုက်ရတယ်။ သံပူနဲ့ ကပ်နေသလို ပါပဲ။

ကောင်မလေးက ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။ ကောင်လေးက "ဘယ်သူမှ မင်းကို ကူညီဖို့ တာဝန် မရှိပါဘူး။ မင်းကို ကူညီတာ ခင်မင်မှု တခု ကြောင့်ပဲ။ မကူညီ ဖြစ်ရင် ဒေါသ မကြီးပါနဲ့။ ဒါ သမရိုးကျပါ" လို့ ပြောလိုက်တယ်။

အဲ့ဒီလို ပြောတော့ ကောင်မလေး စိတ်ထဲ အောင့်သက်သက် ဖြစ်သွားခဲ့တယ်။ အဲချိန်က စပြီး သူ့ကို ကူညီခဲ့သူ တွေကို အမြဲ မှတ်သား ထားလေ့ရှိပြီး ပြန်လည် ကျေးဇူးဆပ်လေ့ ရှိသတဲ့။

ကျမတို့ဟာ အမြဲတမ်း သူများက ကိုယ့်အပေါ် ကောင်းဖို့ပဲ မျှော်လင့်နေတတ် ကြပါတယ်။ အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။ ကြာလာတော့ သူများ ကိုယ့်အပေါ် ကောင်းတာကို အကျင့် ဖြစ်လာတယ်။ ဒါက ဖြစ်သင့်တဲ့ အရာလို့ ထင်လာတယ်။

တနေ့မှာ ကိုယ့်အပေါ် မကောင်းခဲ့ရင် အပြစ်တင် ရှုံ့ချမိ တော့တယ်။ တကယ်တော့ သူများက မကောင်းတော့တာ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ စိတ်တွေက ပြောင်းကုန်တာပါ။ ရနေကျ ဆိုတော့ ကျေးဇူးတရား ဆိုတာကို မေ့သွားတာပေါ့။

Crd

Zawgyi

သူငယ္ခ်င္းမိတ္ေဆြေတြ ဘာ့ေၾကာင့္ မိတ္ပ်က္ရတာလဲ

အရမ္းပူတဲ့ ေႏြရာသီ တခုမွာ၊ လူတစုဟာ ျမစ္ေရလႈိင္းထဲ ေဖာင္စီး သြားၾကတယ္။ ေကာင္မေလး တေယာက္ ေရေဆာ့ ေနတုံး၊ ဖိနပ္က ေရထဲ က်သြားတယ္။

ကမ္းေပၚ ေရာက္ေတာ့ ေနပူ ထဲမွာ ပူက်စ္ေနတဲ့ သဲျပင္ အက်ယ္ႀကီးကို ျဖတ္ရမယ္။ ဒါနဲ႔ ေကာင္မေလးက တေယာက္ေယာက္ ဖိနပ္ ငွားႏိုင္မလားလို႔ အကူအညီ ေတာင္းတယ္။

ဒါေပမဲ့ လူတေယာက္စီမွာ ဖိနပ္တရံပဲ ပါတာေၾကာင့္ ဘယ္သူမွ မေပးခ်င္ ၾကဖူး။ ေကာင္မေလးက မေက်မနပ္ ျဖစ္သြားတယ္။

သူက မိန္းခေလး သဘာဝ နဲနဲေလာက္ ခြၽဲလိုက္ရင္ သူမ်ားဆီက အကူအညီ ရေနက်ေလ။ ဒါေပမဲ့ ဒီတခါေတာ့ မရေတာ့ဘူး။

အဲဒါနဲ႔ သူက ဒီလူေတြ အားလုံး မေကာင္းဘူး၊ ကူညီခ်င္စိတ္ မရွိဘူး လို႔ တြက္လိုက္တယ္။

ေနာက္ေတာ့ ေကာင္ေလး တေယာက္က သူ႔ရဲ႕ ဖိနပ္ကို သူမကို ေပးလိုက္တယ္။ သူကေတာ့ ဖိနပ္ ဗလာနဲ႔ အၾကာႀကီး သဲျပင္ ပူပူထဲ ေျပးလိုက္ရတယ္။ သံပူနဲ႔ ကပ္ေနသလို ပါပဲ။

ေကာင္မေလးက ေက်းဇူးတင္ေၾကာင္း ေျပာလိုက္တယ္။ ေကာင္ေလးက "ဘယ္သူမွ မင္းကို ကူညီဖို႔ တာဝန္ မရွိပါဘူး။ မင္းကို ကူညီတာ ခင္မင္မႈ တခု ေၾကာင့္ပဲ။ မကူညီ ျဖစ္ရင္ ေဒါသ မႀကီးပါနဲ႔။ ဒါ သမ႐ိုးက်ပါ" လို႔ ေျပာလိုက္တယ္။

အဲ့ဒီလို ေျပာေတာ့ ေကာင္မေလး စိတ္ထဲ ေအာင့္သက္သက္ ျဖစ္သြားခဲ့တယ္။ အဲခ်ိန္က စၿပီး သူ႔ကို ကူညီခဲ့သူ ေတြကို အၿမဲ မွတ္သား ထားေလ့ရွိၿပီး ျပန္လည္ ေက်းဇူးဆပ္ေလ့ ရွိသတဲ့။

က်မတို႔ဟာ အၿမဲတမ္း သူမ်ားက ကိုယ့္အေပၚ ေကာင္းဖို႔ပဲ ေမွ်ာ္လင့္ေနတတ္ ၾကပါတယ္။ အစပိုင္းေတာ့ ေက်းဇူးတင္ မဆုံးဘူးေပါ့။ ၾကာလာေတာ့ သူမ်ား ကိုယ့္အေပၚ ေကာင္းတာကို အက်င့္ ျဖစ္လာတယ္။ ဒါက ျဖစ္သင့္တဲ့ အရာလို႔ ထင္လာတယ္။

တေန႔မွာ ကိုယ့္အေပၚ မေကာင္းခဲ့ရင္ အျပစ္တင္ ရႈံ႕ခ်မိ ေတာ့တယ္။ တကယ္ေတာ့ သူမ်ားက မေကာင္းေတာ့တာ မဟုတ္ပါဘူး၊ ကိုယ့္ရဲ႕ စိတ္ေတြက ေျပာင္းကုန္တာပါ။ ရေနက် ဆိုေတာ့ ေက်းဇူးတရား ဆိုတာကို ေမ့သြားတာေပါ့။

Crd

Post a Comment

0 Comments