မိတ်ဆွေတု

တခါတုန်းက လယ်သမားကြီး တယောက်နဲ့ သမီးတယောက် ရှိတယ်။ တနေ့မှာ အဖေဖြစ်သူက နွားကို သတ်ပြီး နောက် မီးပုံ ဖို မီးကင် နေရင်း သူ့ သမီးကို ပြောလိုက်တယ်။

"သမီးရေ၊ အိမ်နီးနားချင်း သူငယ်ချင်းတွေ သွားခေါ်လိုက်။ စားပွဲ ကျင်းပ ရအောင်"

သမီးဖြစ်သူက လမ်းမပေါ်ကို ထွက်သွားပြီး အော်ပြော လိုက်တယ်။

"ကျမတို့အိမ် မီးလောင်နေလို့ ကူငြှိမ်း ပေးကြပါဦး ရှင်"

ခဏ အတွင်း မှာပဲ လူ အနည်းငယ်သာ ရောက်လာပြီး ကူညီကြ ပေမယ့် ကျန်တဲ့ အများစု ကတော့ မကြားချင်ယောင် ဆောင်နေ ခဲ့ကြ ပါတယ်။

အဖေဖြစ်သူနဲ့ သမီးဖြစ်သူတို့ဟာ ရောက်လာတဲ့ လူ အနည်းစု နဲ့သာ ညဉ့်နက်တဲ့ထိ စားသောက် ပျော်ပါး ခဲ့ကြတာပေါ့။ အဖေဖြစ်သူက အံ့ဩပြီး သူ့သမီးကို ပြောတယ်။

"သမီးရေ အခု လာသွားကြတဲ့ ဘယ်သူတွေလဲ။ အဖေနဲ့ လည်း မသိပါလား။ အဖေတို့ မိတ်ဆွေတွေ ကရော ဘာလို့ မလာတာလဲ"

ထိုအခါ သမီးဖြစ်သူက "အခု လာတဲ့ သူတွေက သမီးတို့အိမ် မီးလောင်နေတယ် ဆိုလို့ ကူညီဖို့ လာကြတာပါ။

ပါတီ လုပ်ဖို့ လာတာ မဟုတ်ပါဘူး။ အဲ့ဒီ လူတွေ ကမှ သမီးတို့ ဧည့်ခံ ကျွေးမွေးတာနဲ့ ထိုက်တန်တာပါ အဖေ"

ဒုက္ခရောက်နေချိန် မကူညီခဲ့ သူဟာ အောင်မြင်ချိန် အောင်ပွဲခံတဲ့ အခါမှာလည်း မလာသင့် သူပါ။

Crd

Zawgyi

မိတ္ေဆြတု

တခါတုန္းက လယ္သမားႀကီး တေယာက္နဲ႔ သမီးတေယာက္ ရွိတယ္။ တေန႔မွာ အေဖျဖစ္သူက ႏြားကို သတ္ၿပီး ေနာက္ မီးပုံ ဖို မီးကင္ ေနရင္း သူ႔ သမီးကို ေျပာလိုက္တယ္။

"သမီးေရ၊ အိမ္နီးနားခ်င္း သူငယ္ခ်င္းေတြ သြားေခၚလိုက္။ စားပြဲ က်င္းပ ရေအာင္"

သမီးျဖစ္သူက လမ္းမေပၚကို ထြက္သြားၿပီး ေအာ္ေျပာ လိုက္တယ္။

"က်မတို႔အိမ္ မီးေလာင္ေနလို႔ ကူျငႇိမ္း ေပးၾကပါဦး ရွင္"

ခဏ အတြင္း မွာပဲ လူ အနည္းငယ္သာ ေရာက္လာၿပီး ကူညီၾက ေပမယ့္ က်န္တဲ့ အမ်ားစု ကေတာ့ မၾကားခ်င္ေယာင္ ေဆာင္ေန ခဲ့ၾက ပါတယ္။

အေဖျဖစ္သူနဲ႔ သမီးျဖစ္သူတို႔ဟာ ေရာက္လာတဲ့ လူ အနည္းစု နဲ႔သာ ညဥ့္နက္တဲ့ထိ စားေသာက္ ေပ်ာ္ပါး ခဲ့ၾကတာေပါ့။ အေဖျဖစ္သူက အံ့ဩၿပီး သူ႔သမီးကို ေျပာတယ္။

"သမီးေရ အခု လာသြားၾကတဲ့ ဘယ္သူေတြလဲ။ အေဖနဲ႔ လည္း မသိပါလား။ အေဖတို႔ မိတ္ေဆြေတြ ကေရာ ဘာလို႔ မလာတာလဲ"

ထိုအခါ သမီးျဖစ္သူက "အခု လာတဲ့ သူေတြက သမီးတို႔အိမ္ မီးေလာင္ေနတယ္ ဆိုလို႔ ကူညီဖို႔ လာၾကတာပါ။

ပါတီ လုပ္ဖို႔ လာတာ မဟုတ္ပါဘူး။ အဲ့ဒီ လူေတြ ကမွ သမီးတို႔ ဧည့္ခံ ေကြၽးေမြးတာနဲ႔ ထိုက္တန္တာပါ အေဖ"

ဒုကၡေရာက္ေနခ်ိန္ မကူညီခဲ့ သူဟာ ေအာင္ျမင္ခ်ိန္ ေအာင္ပြဲခံတဲ့ အခါမွာလည္း မလာသင့္ သူပါ။

Crd

Post a Comment

0 Comments