သင့်မျက်နှာက ပုံမှန်ထက်ပိုပြီး အိုမင်းလွယ်နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာ (၈) ခု

အိုမင်းလာတာကို ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒါပေမယ့် အရွယ်မတိုင်ခင် ပိုပြီး အိုမင်းနေရင်၊ အိုမင်းလာတာက မြန်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်ပါတယ်။ သင့်ရဲ့မျက်နှာက လိုတာထက်ပိုပြီး မြန်မြန်ဆန်ဆန် အိုမင်းနေရင် ဒီလို လက္ခဏာတွေ ပြလာမှာပါ။

၁။ ငါးမျက်စိများ ပိုများလာခြင်း

ငါးမျက်စိတွေကို milia လို့လည်း ခေါ်ပါသေးတယ်။ အဆီဖုလို ဗြုတ်စိသေးသေးလေးတွေ ဖြစ်ပြီးတော့ နှာခေါင်း၊ ပါးနဲ့ မျက်လုံးတစ်ဝိုက်မှာ ပေါက်တတ်ပါတယ်။ စတီးရွိုက်ပါတဲ့ ခရင်မ်တွေကို သုံးတာများရင် မျက်နှာမှာအသားအရေက အိုမင်းလွယ်လာပြီး ငါးမျက်စိတွေ ပေါက်လာပါတယ်။

၂။ နှုတ်ခမ်းပါးလာခြင်း

အသက် ၂၀ ကျော်လောက်နဲ့ နှုတ်ခမ်းတွေက ပါးလာရင် သင့်ရဲ့အိုမင်းမှုက ပုံမှန်ထက် ပိုမြန်နေပါတယ်။ နှုတ်ခမ်းပါးလာရတဲ့ အကြောင်းအရင်းကတော့ နှုတ်ခမ်းမှာ ကော်လဂျင် လျော့ကျလာလို့ပါ။ ရေဓါတ်ချို့တဲ့တဲ့အခါ၊ ပိုက်နဲ့စုပ်သောက်တာ များနေရင်၊ နေရောင်ခြည်နဲ့ ထိတွေ့တာများနေရင်၊ ဗီတာမင်စီ ချို့တဲ့ရင်လည်း နှုတ်ခမ်းက ပါးလာပါတယ်။

၃။ အသားအရေက ထိခိုက်လွယ်လာခြင်း

အသားအရေက နည်းနည်းလေး ထိခိုက်မိတာနဲ့ အညိုကွက်တွေ ဖြစ်လာရင်၊ သွေးခြေဥလာရင် အိုမင်းမှုက မြန်ဆန်နေပါပြီ။ ဘာ့ကြောင့်လဲ ဆိုတော့ အရေပြားက ပုံမှန်ထက် ပိုပါးလာလို့ပါ။ အသားအရေကို ရေဓါတ်ဖြည့်တာက ဒါတွေကို ကာကွယ်နိုင်ပါတယ်။

၄။ အရေပြားက ပါးလွှာခြောက်သွေ့လာခြင်း

Sunscreen မလိမ်းဘဲ နေရောင်နဲ့ ထိတွေ့တာ များတဲ့အခါ အရေပြားက ပါးလွှာခြောက်သွေ့ လာပါတယ်။ အသားအရေမှာ ဆန့်ကျုံ့နိုင်တဲ့အားတွေ နည်းတဲ့အခါမှာလည်း အိုမင်းတာက ပိုမြန်လာပါတယ်။

၅။ မျက်ခွံတွေက ညွတ်ကျလာခြင်း

သင့်မျက်ခွံက ညွတ်ကျနေတာကို သတိထားမိရင် မျက်လုံးကို ခဏခဏ ပွတ်တဲ့အကျင့်ကို စွန့်လွှတ်ဖို့ လိုအပ်လာပါပြီ။ တင်းကျပ်တဲ့ မျက်ကပ်မှန်တွေကို တပ်တာများရင်၊ မျက်လုံးခွဲစိတ်ထားတာ မကြာသေးရင်လည်း မျက်ခွံတွေက ညွတ်ကျတတ်ပါတယ်။

၆။ နှာခေါင်းထိပ်ဖျားအစွန်းပုံစံ ပြောင်းလဲလာခြင်း

နှာခေါင်းပုံစံ ပြောင်းလာတာကို ပုံမှန်အားဖြင့် အသက် ၄၀ ပတ်ဝန်းကျင်တွေမှာ တွေ့ရများပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တာများတဲ့အခါ အသားအရေက မလှပနိုင်တော့တဲ့အပြင် နှာခေါင်းထိပ်ဖျား ပုံစံတွေပါ ပြောင်းလဲလာပါတယ်။

၇။ မျက်နှာမှာ မှဲ့အနီများ ပေါ်လာခြင်း

မျက်နှာပေါ်မှာ မှဲ့အနီတွေက အသက် ၃၀ ကျော်မှ ပေါ်လာတတ်တာပါ။ အသက် ၄၀ ကျော်ရင်တော့ မှဲ့အနီတွေက ပိုများလာပါတယ်။ မှဲ့အနီတွေက အန္တရာယ်တော့မရှိပါဘူး။ လေဆာနဲ့ ဖျောက်လို့လည်းရပါတယ်။

၈။ ဖောင်းနေတဲ့မျက်အိတ်

ဖောင်းနေတဲ့ မျက်အိတ်ကို အသက် ၂၀ ကျော်မှာ တွေ့ရတာက အိုမင်းတာ မြန်တာ မဟုတ်ပါဘူး။ အိပ်ရေးမဝရင်လည်း မျက်အိတ်က ဖောင်းပါတယ်။ ဆားများတဲ့အစားအစာတွေကို ရှောင်လိုက်ရင် သက်သာသွားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments