တခါတုန်းက တောအုပ် တခုထဲတွင် တောဝက် တကောင်သည် သူ၏ အစွယ် တို့ကို သစ်ပင် တပင်၌ ပွတ်တိုက် သွေးနေ၏။
ထိုအခိုက် မြေခွေး တကောင်သည် အနီးမှ ဖြတ်သန်း သွားရာ အစွယ် သွေးနေသော တောဝက်ကို တွေ့ရှိ လေသည်။
မြေခွေးက တောဝက်အား "ရန်သူ မရှိပါဘဲ အဘယ်ကြောင့် အစွယ် တို့ကို သွေးလျက် စစ်ပြင် နေရ ပါသနည်း" ဟု မေးမြန်း လေသည်။
ထိုအခါ တောဝက်က "အဆွေ မြေခွေး၊ ယခုအခါ ငါ့၌ ရန်သူ မရှိသည်ကား မှန်ပါသည်။
သို့ရာတွင် မကြာမီ ရန်သူ ရောက်ရှိ လာပါက အသင့် ဖြစ်စေရန် ငါသည် အားလပ်သော အချိန်တို့တွင် ဤကဲ့သို့ အစွယ် သွေးခြင်းကို ပြုမူ ပေသည်" ဟူ၍ ဖြေကြား လိုက်လေ သတည်း။
မှန်ပါတယ်။ ကျနော်တို့ ဘဝတွေ မှာလည်း ကိုယ့်မှာ ရှိတဲ့ အရည်အချင်း တွေကို နိမ့်ပါး မသွားစေပဲ ထက်သည်ထက် ထက်အောင် အမြဲတမ်း သွေးပေး နေရပါမယ်။
ဒါမှသာ အခက်အခဲ တစုံတရာနဲ့ ရင်ဆိုင် ရတဲ့အခါ အကောင်းဆုံး ဖြေရှင်း နိုင်မှာပဲ ဖြစ်ပါတယ်။
Crd
Zawgyi
အၿမဲ ေသြးေနဖို႔ လိုပါတယ္
တခါတုန္းက ေတာအုပ္ တခုထဲတြင္ ေတာဝက္ တေကာင္သည္ သူ၏ အစြယ္ တို႔ကို သစ္ပင္ တပင္၌ ပြတ္တိုက္ ေသြးေန၏။
ထိုအခိုက္ ေျမေခြး တေကာင္သည္ အနီးမွ ျဖတ္သန္း သြားရာ အစြယ္ ေသြးေနေသာ ေတာဝက္ကို ေတြ႕ရွိ ေလသည္။
ေျမေခြးက ေတာဝက္အား "ရန္သူ မရွိပါဘဲ အဘယ္ေၾကာင့္ အစြယ္ တို႔ကို ေသြးလ်က္ စစ္ျပင္ ေနရ ပါသနည္း" ဟု ေမးျမန္း ေလသည္။
ထိုအခါ ေတာဝက္က "အေဆြ ေျမေခြး၊ ယခုအခါ ငါ့၌ ရန္သူ မရွိသည္ကား မွန္ပါသည္။
သို႔ရာတြင္ မၾကာမီ ရန္သူ ေရာက္ရွိ လာပါက အသင့္ ျဖစ္ေစရန္ ငါသည္ အားလပ္ေသာ အခ်ိန္တို႔တြင္ ဤကဲ့သို႔ အစြယ္ ေသြးျခင္းကို ျပဳမူ ေပသည္" ဟူ၍ ေျဖၾကား လိုက္ေလ သတည္း။
မွန္ပါတယ္။ က်ေနာ္တို႔ ဘဝေတြ မွာလည္း ကိုယ့္မွာ ရွိတဲ့ အရည္အခ်င္း ေတြကို နိမ့္ပါး မသြားေစပဲ ထက္သည္ထက္ ထက္ေအာင္ အၿမဲတမ္း ေသြးေပး ေနရပါမယ္။
ဒါမွသာ အခက္အခဲ တစုံတရာနဲ႔ ရင္ဆိုင္ ရတဲ့အခါ အေကာင္းဆုံး ေျဖရွင္း ႏိုင္မွာပဲ ျဖစ္ပါတယ္။
Crd
0 Comments