Hair dryer အသုံးပြုတဲ့အခါ လူအများစုလုပ်မိတတ်တဲ့အမှား (၁၅) ခု

ခေါင်းလျှော်ပြီးတဲ့အခါ လေမှုတ်စက်နဲ့ လေမှုတ်တာက လွယ်ကူလျင်မြန် အဆင်ပြေပါတယ်။ ဒါပေမယ့် လေမှုတ်စက်နဲ့ ဆံပင်ကို လေမှုတ်ပြီးရင် ဆံပင်အဖျားတွေခွတာ၊ ကြမ်းတာ၊ ပွလာတာကို ကြုံတွေ့ရပါတယ်။ အဲဒါကြောင့် ဆံပင်လေမှုတ်တဲ့အခါ လူအများစု မှားလုပ်မိတတ်တဲ့ အရာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဆံပင်ကို လေပူတစ်မျိုးတည်းနဲ့သာ မှုတ်ခြင်း

လေမှုတ်စက်မှာပါတဲ့ လေအေးတွေကို အများစုက အသုံးမပြုကြပါဘူး။ လေအေးတွေက ဆံပင်ကို ပုံသွင်းပြီးရင် ပုံကျလှပစေပါတယ်။ ဆံပင်အဖျားတွေကို လေအေးနဲ့ အခြောက်ခံရင် ဆံပင်အဖျားနှစ်ခွ ဖြစ်တာတွေကို သက်သာစေပါတယ်။

၂။ လေမှုတ်တဲ့ပုံစံမမှန်ခြင်း

ဆံပင်ကို အဖျားပိုင်းကနေ အရင်းပိုင်းကို လေမှုတ်ရင် ဆံပင်က ပိုရှုပ်ထွေး သွားပါတယ်။ ဆံပင်ကိုလေမှုတ်တဲ့အခါ အရင်းကနေ အဖျားဘက်ကို မှုတ်ပါ။

၃။ လေမှုတ်စက်ကို ကိုင်တဲ့ပုံစံမမှန်ခြင်း

သင်က ညာသန်ဖြစ်ရင် ညာလက်နဲ့ ခေါင်းဖြီးပြီး ဘယ်လက်နဲ့ လေမှုတ်ဖြစ်ပါလိမ့်မယ်။ အချိန်ကုန်သက်သာပြီး ပိုပြီး ထိရောက်မှုရှိစေဖို့ ညာလက်နဲ့ လေမှုတ်ပြီး ဘယ်လက်နဲ့ ခေါင်းဖြီးပါ။

၄။ ဆံပင်ကို အောက်ဘက်ကို ဆွဲချခြင်း

ဆံပင်ကို အောက်ဘက်ဖြီးချပြီး အခြောက်ခံတာက ဆံပင်ကို ပိုပြီး ကျိုးစေပါတယ်။ ဆံပင်ကို လေထွက်တဲ့လမ်းကြောင်းနဲ့ တည့်တည့်ထားပြီး အခြောက်ခံတာက သဘာဝကျကျ ဆံပင်ထူတယ်လို့ ထင်ရစေပါတယ်။

၅။လေမှုတ်စက်ကို ခေါင်းနဲ့ အရမ်းကပ်ထားခြင်း

လေမှုတ်စက်ကို ခေါင်းနဲ့အရမ်းကပ်ပြီး မှုတ်တဲ့အခါ ဆံပင်တွေ ပိုကျွတ်လွယ်ပြီး အရေပြားလည်း ပူနေမှာပါ။ လေမှုတ်စက်နဲ့ ခေါင်းကြားမှာ ၁၂ လက်မခန့် ကွာပြီးမှ လေမှုတ်ပါ။

၆။ ဆံပင်ကို ခွဲပြီး မမှုတ်ခြင်း

ဆံပင်တွေအားလုံးကို မခွဲဘက် အားလုံးမှုတ်လိုက်တာက သိပ်ပြီးမခြောက်လွယ်ပါဘူး။ အဲဒါကြောင့် ဆံပင်ကို နှစ်ပိုင်း သို့မဟုတ် သုံးပိုင်းလောက်ခွဲပြီး လေမှုတ်ရင် ဆံပင်ခြောက်တာ ပိုမြန်ပါတယ်။

၇။ ဆံပင်ကို တဘက်နဲ့ အကြာကြီး ပတ်ထားခြင်း

ဆံပင်ကို တဘက်နဲ့ပတ်ပြီး အခြောက်ခံမယ်ဆိုရင် မိနစ် ၃၀ ထက် ပိုမကြာသင့်ပါဘူး။ ဆံပင်ထူသူဆိုရင် နူးညံ့တဲ့တဘက်နဲ့ ၁၀ မိနစ်ခန့် ပတ်ထားပြီးမှ လေမှုတ်ပါ။

၈။ ဆံပင်ကို vitamin E မလိမ်းခြင်း

သင့်ဆံပင်ကို လေမှုတ်စက်က အပူဒဏ် ခံနိုင်စေဖို့ လေမမှုတ်ခင်မှာ vitamin E လိမ်းသင့်ပါတယ်။ အဲဒီအခါ ဆံပင်က လေပူနဲ့ ထိတွေ့ပေမယ့်လည်း မပျက်တော့ပါဘူး။

၉။ နော်ဇယ်မသုံးခြင်း

လေမှုတ်စက်မှာပါတဲ့ နော်ဇယ်က လေမှုတ်ချင်တဲ့ တစ်နေရာတည်းကို တိတိကျကျ လေရောက်ပါတယ်။ အဲဒါကြောင့် ဆံပင်အပူလွန်သွားတာ၊ ကျိုးတာ၊ နှစ်ခွဖြစ်တာတွေကို ကာကွယ်ပြီးသွား ဖြစ်စေပါတယ်။

၁၀။ ဆံပင်ကို လေမှုတ်မှုတ်ပြီးချင်း အပြင်သွားခြင်း

ဆံပင်ကို လေမှုတ်ပြီးရင် ခဏကြာစောင့်ပြီးမှ အပြင်သွားသင့်ပါတယ်။ အပြင်ကို ချက်ချင်းသွားရင် အပူချိန်ပြောင်းသွားတာကြောင့် ဆံပင်ကိုသာမက အသားအရေကိုပါ ထိခိုက်စေပါတယ်။

၁၁။ Diffuser နဲ့ စပြီးလေမှုတ်ခြင်း

ဆံပင်က စိုနေတုန်းမှာ ပိုပြီး ကျိုးလွယ်၊ ကျွတ်လွယ်ပါတယ်။ အဲဒါကြောင့် ဆံပင်ကို စပြီးလေမှုတ်ရင် နော်ဇယ်နဲ့ စမှုတ်ပြီးမှ diffuser ကို ပြောင်းပြီး တပ်လိုက်ပါ။

၁၂။ နော်ဇယ်ကို သေချာရွေးချယ်ပါ။

ဆံပင်လေမှုတ်စက်တွေမှာပါတဲ့ နော်ဇယ်တွေကို သတ္ထု၊ ကြွေထည် သို့မဟုတ် ပလက်စတစ်နဲ့ပြုလုပ်ကြပါတယ်။ သတ္ထုနဲ့ပြုလုပ်ထားတဲ့နော်ဇယ်က အပူတက်တာ မြန်တာကြောင့် ဆံပင်ကို ထိခိုက်စေပါတယ်။ နေ့စဉ်သုံးမယ်ဆိုရင်တော့ ကြွေထည်၊ ပလက်စတစ်တို့နဲ့ ပြုလုပ်တဲ့နော်ဇယ်တွေကို ပိုပြီးရွေးချယ်သင့်ပါတယ်။

၁၃။ လေမှုတ်စက်ကို သန့်ရှင်းရေးမလုပ်ခြင်း

လေဝင်လေထွက် အပေါက်တွေမှာ ဖုန်၊ အညစ်အကြေး၊ ဆံပင်ကျွတ်တွေ ကပ်နေရင် စက်ထဲမှာ အပူချိန်တွေ တိုးလာစေပါတယ်။ အဲဒါကြောင့် လေမှုတ်စက်ကို တစ်ပတ်တစ်ခါသုံးရင် တစ်လတစ်ခါ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

၁၄။ အပူချိန်ကို အမြင့်ဆုံးထားပြီး လေမှုတ်ခြင်း

ဆံပင်ကို မြန်မြန်ခြောက်ချင်တာကြောင့် အပူချိန်ကို အမြင့်ဆုံးထားပြီး လေမှုတ်ရင် ဆံပင်က ခြောက်သွေ့ပြီး ဖွာလာမှာပါ။ ဆံပင်တွေ အရမ်းမဖွာသွားအောင် ပုံမှန်အပူချိန်ပဲ ထားသင့်ပါတယ်။

၁၅။ လေမှုတ်စက်ကို အနေအထား တစ်မျိုးတည်းထားပြီး ကိုင်ခြင်း

လေမှုတ်စက်ကို တစ်နေရာတည်းထားပြီး အသုံးပြုရင် ရလဒ်က ကောင်းမှာမဟုတ်ပါဘူး။ ပုံစံအမျိုးမျိုး၊ အနေအထားအမျိုးမျိုး ထားပြီးကိုင်မှသာ ပုံစံကျပြီး လှပတဲ့ဆံပင်ကို ရရှိစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments