ကောင်ကလေး တယောက်ရဲ့ မွေးနေ့ ပါတီ တခုမှာ အဘိုးဖြစ်သူက ကောင်လေးကို မေးသည်။
"မြေးလေး ကြီးလာရင် ဘာဖြစ်ချင် သလဲ"
"ကျနော် လေယဉ်ပျံ မောင်းတဲ့သူ ဖြစ်ချင်တယ်"
"ဒါဆို တနေ့ ငါ့မြေး မောင်းတဲ့ လေယဉ်ပျံ ဆီကုန် သွားရင် ဘယ်လို လုပ်မလဲ"
ကောင်လေးက တချက် စဉ်းစားတယ်။ ပြီးနောက်
"လေယဉ်ပေါ်က လူတွေ အားလုံးကို ထိုင်ခုံ ခါးပတ် ပတ်ခိုင်းမယ်။ ပြီးတော့ ကျနော် လေထီးနဲ့ အောက်ကို ခုန်ဆင်းမယ်"
တပါတီလုံးက လူတွေ သောက်သောက်လဲ ရယ်ကြလေသည်။ နောက် ကောင်လေး ဖြစ်သူက ငိုပြီး အကျယ်ကြီး အော်ပြော လိုက်သောအခါ အားလုံး အရယ် တိတ်ကုန် လေသည်။
"ကျနော် အောက်ခဏ ဆင်းပြီး ဓာတ်ဆီ သွားယူမယ်။ ပြီးရင် ပြန်လာခဲ့မယ်။ ကျိန်းသေကို ပြန်လာခဲ့မယ်။ ခင်ဗျားတို့ စောင့်နေ ကြပါ"
မိတ်ဆွေဟာ သူတပါး ပြောနေတဲ့ စကားကို နားထောင်နေတဲ့ အချိန်မှာ သူပြောချင်တဲ့ အဓိပ္ပါယ်ကို သေချာ သိပါရဲ့လား၊ နားလည်ပါ သလား။
တကယ်လို့ နားမလည် သေးရင် သူ့ကို ဆုံးအောင် ပေးပြောလိုက်ပါ။ ဒါဟာ ယဉ်ကျေးမှု တခုပါ။
စကားကို တဝက်ပဲ နားမထောင်ပါနဲ့။ ကိုယ့်ရဲ့ အတွေးနဲ့ သူများရဲ့ လျှာထိပ်ကို သွားမတွေးပါနဲ့။
Crd
Zawgyi
ကိုယ့္စိတ္နဲ႔ မႏႈိင္းပါနဲ႔
ေကာင္ကေလး တေယာက္ရဲ႕ ေမြးေန႔ ပါတီ တခုမွာ အဘိုးျဖစ္သူက ေကာင္ေလးကို ေမးသည္။
"ေျမးေလး ႀကီးလာရင္ ဘာျဖစ္ခ်င္သလဲ"
"က်ေနာ္ ေလယဥ္ပ်ံ ေမာင္းတဲ့သူ ျဖစ္ခ်င္တယ္"
"ဒါဆို တေန႔ ငါ့ေျမး ေမာင္းတဲ့ ေလယဥ္ပ်ံ ဆီကုန္ သြားရင္ ဘယ္လို လုပ္မလဲ"
ေကာင္ေလးက တခ်က္ စဥ္းစားတယ္။ ၿပီးေနာက္
"ေလယဥ္ေပၚက လူေတြ အားလုံးကို ထိုင္ခုံ ခါးပတ္ ပတ္ခိုင္းမယ္။ ၿပီးေတာ့ က်ေနာ္ ေလထီးနဲ႔ ေအာက္ကို ခုန္ဆင္းမယ္"
တပါတီလုံးက လူေတြ ေသာက္ေသာက္လဲ ရယ္ၾကေလသည္။ ေနာက္ ေကာင္ေလး ျဖစ္သူက ငိုၿပီး အက်ယ္ႀကီး ေအာ္ေျပာလိုက္ေသာအခါ အားလုံး အရယ္ တိတ္ကုန္ေလသည္။
"က်ေနာ္ ေအာက္ခဏ ဆင္းၿပီး ဓာတ္ဆီ သြားယူမယ္။ ၿပီးရင္ ျပန္လာခဲ့မယ္။ က်ိန္းေသကို ျပန္လာခဲ့မယ္။ ခင္ဗ်ားတို႔ ေစာင့္ေနၾကပါ"
မိတ္ေဆြဟာ သူတပါးေျပာေနတဲ့ စကားကို နားေထာင္ေနတဲ့ အခ်ိန္မွာ သူေျပာခ်င္တဲ့ အဓိပၸါယ္ကို ေသခ်ာ သိပါရဲ႕လား၊ နားလည္ပါ သလား။
တကယ္လို႔ နားမလည္ ေသးရင္ သူ႔ကို ဆုံးေအာင္ ေပးေျပာလိုက္ပါ။ ဒါဟာ ယဥ္ေက်းမႈ တခုပါ။ စကားကို တဝက္ပဲ နားမေထာင္ပါနဲ႔။ ကိုယ့္ရဲ႕ အေတြးနဲ႔ သူမ်ားရဲ႕ လွ်ာထိပ္ကို သြားမေတြးပါနဲ႔။
Crd
0 Comments