ခွေးတွေက လူဆိုးလူကောင်း ခွဲခြားနိုင်သလား

ကြောင်က ပိုကောင်းတယ်၊ ခွေးက ပိုကောင်းတယ်ဆိုတဲ့ ငြင်းဆိုမှုတွေဟာ ဟိုးအရင်ကတည်းကနေ အခုချိန်ထိဖြစ်နေကြတာပါ။ တကယ်တော့ သူ့နေရာနဲ့သူပါပဲ။ ဘယ်သူက ပိုသာတယ် ဆိုတာမျိုးတော့ မရှိပါဘူး။

ဒီနေ့မှာ love media ကနေ ပြောပြပေးမှာကတော့ ခွေးချစ်သူတွေအတွက် ပိုအသုံးဝင်ပါလိမ့်မယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ခွေးတွေဟာ လူတွေရဲ့ အကျင့်စရိုက်ကို ခန့်မှန်းနိုင်တယ် ဆိုတာပါပဲ။

ခွေးလေးတွေက လူဆိုးလူကောင်းကို ဘယ်လိုခွဲခြားလဲ

လေ့လာမှုကို ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က Akiko Takaoka ဆိုသူ က ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ခွေးတွေက သူတို့ကိုလိမ်နေတဲ့သူကို ယုံမှာလား သိချင်ခဲ့ကြပါတယ်။ သုတေသီတွေက စမ်းသပ်မှုကို အပိုင်း ၃ ပိုင်းခွဲထားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ခွေးတွေဟာ အပြုအမူဆိုင်ရာ လေ့လာမှုတွေမှာ သက်ရောက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။ University of Bristol နဲ့ John Bradshaw ရဲ့ အဆိုအရ ခွေးတွေဟာ ဒီကမ္ဘာကို သေချာပေါက် သဘောကျတယ်လို့ လေ့လာမှုက ဆိုပါတယ်။

စမ်းသပ်မှုမှာ ခွေးပိုင်ရှင်က ခွေးတွေကို အစာပါတဲ့ခွက်တစ်လုံးကို အရင်ပြခဲ့ကြပါတယ်။ ခွေးတွေပြေးလာချိန်မှာတော့ ဘာမှမပါတဲ့ အစာခွက်နဲ့ လဲလှယ်လိုက်ပါတယ်။ ခွေးတွေကတော့ ဘာမှမသိပဲနဲ့ ပိုင်ရှင်ဆီကိုပဲ တန်းပြေးလာကြပါတယ်။ ခွေးတွေက ပိုင်ရှင်ဆီကို ပြေးသွားတတ်ကြတာကို အားလုံးသိထားပြီးသားပါ။

ဒါကြောင့် ခွေးတွေက လူသားတွေရဲ့ အမူအရာတွေကို နားလည်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ကိုယ်ဟန်အမူအရာတွေ ကွဲလွဲနေရင် ခွေးမှာ အာရုံကြောနှင့် စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။

တတိယအကြိမ်မှာတော့ ခွေးတွေက ပိုင်ရှင်တွေ ခေါ်တဲ့နားဆီကို မလာကြတော့ပါဘူး။ ပိုင်ရှင်တွေကို မယုံတော့ပဲ သူတို့လှည့်စားခံလိုက်ရတာကို မှတ်မိနေကြပါတယ်။ ခွေး ၃၄ ကောင်က ဒီစမ်းသပ်မှုမှာ ပါဝင်ခဲ့ပြီး သူတို့အားလုံး တူညီတဲ့ရလဒ်တွေကို ပြသခဲ့ကြောင်း Animal Cognition Journal က ဖော်ပြခဲ့ပါတယ်။

ခွေးတွေက လူတစ်ဦးကို စိတ်မချရကြောင်း သိဖို့ သူတို့ရဲ့အရင်ကအတွေ့အကြုံကို အသုံးချတတ်ကြပါတယ်။ Mr. Takaoka ကတော့ ခွေးတွေနှင့် အရင်းနှီးဆုံး ဆွေမျိုးတွေဖြစ်တဲ့ ဝံပုလွေတွေနှင့် စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိစမ်းသပ်ချက်တွေအရ ခွေးတွေဟာ အသစ်အဆန်းတွေကို စူးစမ်းလိုစိတ်ရှိကြောင်း သက်သေပြခဲ့ပါတယ်။

ခွေးတွေက သူတို့ရဲ့ပိုင်ရှင်တွေ တခြားသူစိမ်းနဲ့ ဆက်ဆံတာကိုလည်း မှတ်ထားနိုင်ပါတယ်။ စမ်းသပ်မှုတစ်ခုမှာ သူတို့ရဲ့ ပိုင်ရှင်တွေအစား ပိုင်ရှင်နဲ့ စကားပြောဖူးတဲ့ လူတစ်ယောက်ကို အစာကျွေးခိုင်းခဲ့ပါတယ်။ သူတို့တွေကလည်း ခွေးတွေကို ကျွေးဖို့ ကြိုးစားခဲ့ကြပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေက လူသားတွေကို အမြဲတမ်း အံ့သြစေပါတယ်။

ခွေးတွေဟာ သူတို့ရဲ့ပိုင်ရှင်တွေကို ဆိုးရွားတဲ့ ဒါမှမဟုတ် ရိုင်းစိုင်းတဲ့ အပြုအမူမျိုး လုပ်မဲ့သူတွေကို ဆက်ဆံတာမျိုး မလုပ်ကြပါဘူး။ ကူညီ ကျွေးမွေးတဲ့သူတွေကိုပဲ ဦးစားပေးခဲ့ကြပါတယ်။ သူတို့သခင်ပေါ်ကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံရင် ဘာမှမကျွေးတဲ့ သူစိမ်းတွေကိုတောင် ခင်တတ်ကြပါတယ်။ ဒါပေမယ့် ရိုင်းစိုင်းကြမ်းတမ်းတဲ့ လူတွေကတော့ ခွေးတွေရဲ့ ယုံကြည်မှုကို မရနိုင်ပါဘူး။

Neuroscience and Biobehavioural Reviews ကနေ ခွေးတွေဟာ ပိုင်ရှင်နှင့် သူစိမ်းကြား ဆက်ဆံရေး မတူတာကို ဖော်ပြခဲ့ပါတယ်။ စမ်းသပ်မှုတစ်ခုမှာ ပိုင်ရှင်တွေဟာ တခြားသူစိမ်းတွေကို သူတို့ရဲ့ခွေးတွေ ထိန်းကျောင်းပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။

ခွေးတွေက လူရိပ်လူကဲခတ် တတ်ကြပါတယ်။ သူတို့ရဲ့ ပိုင်ရှင်အပေါ်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ ဘယ်သူစိမ်းကိုမဆို ဒေါသထွက်ကြပါတယ်။ ဘယ်လောက်ထိ သူတို့ပေါ်ကောင်းကောင်း ပိုင်ရှင်ပေါ် မကောင်းရင် မကြည်တတ်ကြပါဘူး။

ခွေးတွေက လူသားတွေရဲ့ အမူအရာနှင့် မျက်နှာအမူအရာတွေကို ဖတ်ရှုနိုင်တယ် ဆိုတာကို သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ အခုဆိုရင် ခွေးတွေအကြောင်းကို ပိုသိခဲ့ကြပြီး လူသားတွေ ထင်ထားတာထက် ပိုပြီး ဉာဏ်ကောင်းကြတယ် ဆိုတာကိုလည်း သိခဲ့ရပါပြီ။

လူသားတွေရဲ့ အမူအရာတွေကိုလည်း မှတ်သားထားနိုင်ပြီး သူတို့ပေါ်မကောင်းတဲ့သူ ဆိုရင်လည်း မှတ်မိနေတတ် ကြပါတယ်။ ဒါပေမယ့်လည်း ခွေးအများစုက အတိတ် သို့မဟုတ် အနာဂတ်အတွက် အများကြီးမတွေးပဲ ပစ္စုပ္ပန်မှာသာ နေထိုင်နေတာကို လေ့လာမှုတွေက ဖော်ပြခဲ့ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments