ခွေးလေးတွေကို နမ်းတာရဲ့နောက်ကွယ်က ဆိုးကျိုးများ

ခွေးလေးတွေက ချစ်စရာကောင်းတာကြောင့် ခွေးပိုင်ရှင်တွေက ခဏခဏ နမ်းတတ်ကြပါတယ်။ ဒါပေမယ့် ခွေးလေးတွေကို ခဏခဏနမ်းတာရဲ့ နောက်ကွယ်မှာလည်း အန္တရာယ်တွေ ရှိနေပါသေးတယ်။

ခွေးလေးတွေရဲ့ နှုတ်ခမ်းက လူသားတွေရဲ့ နှုတ်ခမ်းလောက် မသန့်ရှင်းနိုင်ပါဘူး။ ခွေးတွေက အချင်းချင်း တင်ပါးနမ်းပြီး နှုတ်ဆက်တတ်ကြပါတယ်။ ပြီးတော့ ခွေးလေးတွေက အမှိုက်တွေကိုလည်း လိုက်နမ်းတတ်ပါသေးတယ်။ အဲဒါကြောင့် ခွေးလေးတွေကို နမ်းတော့မယ်ဆိုရင် သူတို့ရဲ့ပုံစံနဲ့ အနံ့အသက်ကို အရင်ကြည့်သင့်ပါတယ်။

ခွေးတွေရဲ့ တံတွေးမှာတင် မကပါဘူး။ နှုတ်သီးတွေမှာလည်း ဘက်တီးရီးယားတွေက အပြည့်ပါပဲ။ ခွေးတွေရဲ့ တံတွေးမှာပါတဲ့ ဘက်တီးရီးယားတွေက လူသားတွေဆီကို ရောက်သွားတဲ့အခါ လူသားတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ရေပါတယ်။ ခွေးတွေကို ခဏခဏနမ်းပြီး တံတွေးတွေ ကူးသွားတဲ့အခါ လူသားတွေမှာ စကားပြောတဲ့အခါ ဗလုံးဗထွေးဖြစ်တာ၊ မပီသတာတွေ ဖြစ်စေပါတယ်။

ခွေးကို ခဏခဏ နမ်းတဲ့အခါ အဖြစ်များဆုံးရောဂါကတော့ ပွေးရောဂါပါပဲ။ သင့်ခွေးမှာ ပွေးပေါက်နေရင် သင့်ဆီကိုလည်း ကူးလာနိုင်ပါတယ်။ ခွေးက သင့်ကို လျက်တဲ့အခါ MRSA ကူးစက်ရောဂါလည်း ဖြစ်နိုင်ပါတယ်။

နောက်ပြီး ခွေးတွေရဲ့ တံတွေးကနေ ကူးနိုင်တဲ့ Capnocytophaga canimorsus ဆိုတဲ့ ဘက်တီးရီးယားက လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာစေမှာပါ။

ခွေးလေးတွေကနေတစ်ဆင့် ရောဂါတွေ မကူးစက်လာအောင်

- ခွေးကိုမနမ်းသင့်သလို ခွေးက လာလျက်ရင်လည်း ခွင့်မပြုသင့်ပါဘူး။ ခွေးကို သင့်ရဲ့ ထမင်းစားစားပွဲမှာ မစားခိုင်းသင့်သလို ခွေးနဲ့အတူတူ တစ်ပန်းကန်ထဲလည်း မစားသင့်ပါဘူး။

- တိရစ္ဆာန်တွေကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။

- အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ကာကွယ်ဆေး ထိုးပေးပါ။

- ခွေးကို ရေချိုးပေးတဲ့အခါ ဘက်တီးရီးယား ကာကွယ်ပေးတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာတွေကို အသုံးပြုပါ။

- သင့်ခွေးကို တခြားလေလွင့်ခွေးတွေနဲ့ မထိတွေ့အောင် ဂရုစိုက်သင့်ပါတယ်။

- ခွေးတွေကို ကြက်ဥအစိမ်း၊ အသားစိမ်း၊ ငါးစိမ်းတွေ မကျွေးသင့်ပါဘူး။

- ခွေးကို ကျွေးတဲ့ပန်းကန်တွေကိုလည်း မကြာခဏ သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။

- ခွေးလေးက နေမကောင်းပုံပေါ်တဲ့အခါ၊ အစားမစားချင်တဲ့အခါ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments