ခွေးလေးတွေရဲ့အသက်ကို လူသားအသက်နဲ့ နှိုင်းယှဉ်တွက်ချက်နိုင်မယ့်နည်းလမ်း

ကမ္ဘာ့အသက်အရှည်ဆုံး ခွေးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ခွေးလေးက အသက် ၂၉ နှစ်အထိ နေထိုင်သွားခဲ့ပါတယ်။ လူသားတွေရဲ့ အသက်နဲ့ ယှဉ်တွက်ကြည့်ရင် အရမ်းကို များတဲ့အသက်ပါပဲ။ သိပ္ပံပညာရှင်တွေ ခွေးတွေရဲ့အသက်ကို လူသားတွေအသက်နဲ့ ယှဉ်တွက်နိုင်မယ့် ဖော်မြူလာကို တီထွင်ခဲ့ပါတယ်။

ခွေးလေးတွေရဲ့ အသက်ကို တိုင်းတာနိုင်မယ့် နည်းလမ်းတွေက အများကြီး ရှိပါတယ်။ ခွေးလေးတွေကို မွေးဖွားချိန်ကနေ အသက်ကို တွက်ချက်ကြသလို ခန္ဓာကိုယ်ပုံစံကိုလည်း ကြည့်ပြီး အသက်ကို တွက်ချက်ကြပါတယ်။

ခွေးအမျိုးအစားပေါ် မူတည်ပြီးတော့လည်း အသက်ရှည်၊ မရှည်က ကွဲပြားကြပါတယ်။ အကောင်အရွယ်အစားသေးတဲ့ ခွေးလေးတွေက အကောင်အရွယ်စားကြီးတဲ့ ခွေးတွေထက် ပိုပြီး အသက်ရှည်ကြပါတယ်။ ပြီးတော့ အရွယ်အစားကြီးတဲ့ ခွေးတွေက အရွယ်အစားသေးတဲ့ ခွေးတွေထက် အရွယ်ရောက်တာ နောက်ကျကြပါတယ်။

ခွေးတွေရဲ့အသက်က လူသားတွေရဲ့ အသက်လိုဆိုရင် အသက်ဘယ်လောက် ရှိနေမလဲလို့ တွက်ဆရတာ ခက်ခဲတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ပညာရှင်တွေက နည်းလမ်းတစ်ခု တွေ့ရှိခဲ့ပါတယ်။ လူသားတွေရဲ့အသက်နဲ့ နှိုင်းယှဉ်ကြည့်ဖို့ Labrador Retrivers ခွေးအမျိုးအစားကို ရွေးချယ်ခဲ့ကြပါတယ်။

ဘာ့ကြောင့် ဒီခွေးအမျိုးအစားကို ရွေးချယ်ခဲ့လဲဆိုတော့ Labrador Retivers က သောင်းပြောင်းရောထွေးနေပြီး အသက်ခန့်မှန်းမှုမှာ ကြီးကြီးမားမား ကွာခြားနေလို့ပါ။

လူရော၊ ခွေးရောက နို့တိုက်သတ္တဝါတွေဖြစ်ကြပြီး တချို့အချက်တွေက တူညီကြပါတယ်။ ပညာရှင်တွေက DNA methylatuinကို အသုံးပြုပြီး ခွေးတွေရဲ့အသက်ကို တွက်ချက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လူသားရဲ့DNA နဲ့ ခွေးရဲ့DNAကို စစ်ဆေးပြီး အသက်ချင်း နှိုင်းယှဉ်ကြည့်ဖို့ နည်းတွေ့ခဲ့ပါတယ်။ အဲဒီရလဒ်ကို ကြွက်တွေရဲ့ DNA နဲ့လည်း နှိုင်းယှဉ်ကြည့်ပါသေးတယ်။

နောက်ဆုံးမှာတော့ ခွေးတွေရဲ့အသက်ဟာ လူအသက်နဲ့ဆိုရင် ဘယ်လောက်ရှိမလဲ ဆိုတာတွက်နိုင်တဲ့ ဖော်မြူလာ ထွက်လာခဲ့ပါတယ်။

လူသားအသက် = 16ln (ခွေးအသက်)+ 31ln ဆိုတာကတော့ သဘာဝလော်ဂရစ်သမ် ဖြစ်ပါတယ်။ သင့်ခွေးရဲ့အသက်ကို တွက်ဖို့ဆိုရင် ခွေးရဲ့လက်ရှိအသက်ကို လော်ဂရစ်သမ်နဲ့ တွက်ရမှာပါ။ ပြီးရင် ရလဒ်ကို ၁၆ နဲ့မြှောက်ပြီး ၃၁ ထည့်ပေါင်းပါ။ တွက်နည်းက ၇ နဲ့မြှောက်သလို လွယ်တော့မလွယ်ကူပါဘူး။ အလုပ်ရှုပ်နေမှာစိုးလို့ အောက်မှာ တွက်ထားတဲ့ရလဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခွေးအသက် = လူသားအသက်

၁နှစ် = ၃၁ နှစ်

၂နှစ် = ၄၂နှစ်

၃နှစ် = ၄၉ နှစ်

၄နှစ် = ၅၃နှစ်

၅နှစ် = ၅၇ နှစ်

၆နှစ် = ၆၀နှစ်

၇နှစ် = ၆၂ နှစ်

၈နှစ် = ၆၄နှစ်

၉နှစ် = ၆၆ နှစ်

၁၀နှစ် = ၆၈နှစ်

၁၁နှစ် = ၆၉ နှစ်

၁၂နှစ် = ၇၁နှစ်

၁၃နှစ် = ၇၂ နှစ်

၁၄နှစ် = ၇၃နှစ်

၁၅နှစ် = ၇၄ နှစ်

သင့်ရဲ့ခွေးလေးက အသက်တစ်နှစ်အရွယ်ဆိုရင် သူ့အသက်က လူသား ၃၁ နှစ်နဲ့ တူပါတယ်။ ဒီရလဒ်တွေက အရင်က သိခဲ့တာတွေနဲ့ ကွာခြားပါတယ်။ ဒါပေမယ့် ခွေးလေးတွေ အသက်ဘယ်လောက်ပဲ ကြီးသွားကြီးသွား သူတို့အပေါ်ထားတဲ့ လူသားတွေရဲ့မေတ္တာတွေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments