သင့်ခွေးကို အမိန့်နာခံတတ်​အောင် နည်းလမ်းကျကျ ဘယ်လိုလေ့ကျင့်ပေးမလဲ

သင်က ခွေးလေးတစ်ကောင်ကို ဝယ်မယ် ဒါမှမဟုတ် ခွေးလေးတစ်ကောင်လောက် ပိုင်ဆိုင်ထားတယ်ဆိုရင် သင့်အမိန့်ကိုနာခံပြီး ဘာပြောပြော နားထောင်တဲ့ ခွေးလေးဖြစ်အောင် ဘယ်လိုပြောင်းလဲရမလဲ ဆိုတာကို ပြောပြပါမယ်​နော်။ ဒီလိုနာခံမှု လေ့ကျင့်ခြင်းက သင်နဲ့ သင့်ခွေးကို ပျော်ရွှင်စေနိုင်ပြီး သစ္စာရှိတဲ့အဖော်ကို ပြုစုပျိုးထောင်ပေးပြီးသား ဖြစ်သွားပါတယ်။ တစ်နေ့မှာ သင့်ခွေးက သင့်ရဲ့အသက်ကို​တောင် ကယ်တင်နိုင်ဦးမှာပါ။

ခွေးလေးတွေရဲ့ အစာခြေစနစ်က အရမ်းကို မြန်ဆန်ပါတယ်။ ဒါ့ကြောင့် အစာစားပြီး 15-30 မိနစ်တိုင်း သင့်ခွေးလေးဟာ ဆီးသွားဖို့နှင့် မစင်စွန့်ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် သူ့ကို အပြင်ကို ပုံမှန်ခေါ်သွားပေးဖို့ လိုပါတယ်။

- ခွေးလေးတွေကို အပေါ့အလေး တည်ပေးမယ်ဆိုရင် သူတို့စိတ်ထဲမှာ လုံခြုံတယ်လို့ ခံစားရအောင် ပြုလုပ်ပေးသင့်ပါတယ်။ နေရာကို သူတို့ကိုယ်တိုင် အနံ့ခံပြီး ရှာတတ်ပါတယ်။

- မနက်တိုင်း သူ့ကို အချိန်တစ်ခု သတ်မှတ်ပြီးတော့ အပြင်ကို ခေါ်သွားပါ။ တစ်ရေးနိုးပြီး အိပ်ယာက ထလာရင်လည်း အပြင်ကို ခေါ်သွားပါ။

- ခွေးလေးတွေ ခဏခဏအပေါ့သွားရင် ဒေါသမထွက်ပါနဲ့။ သူတို့ကို စိတ်ရှည်လက်ရှည်နဲ့ သင်ကြားပေးပါ။

- လိမ်လိမ်မာမာနဲ့ အပြင်ထွက်ရင် ဆုချဖို့ အရေးကြီးပါတယ်။

- ခွေးလေးက အများပြည်သူနေရာတွေမှာ အပေါ့အလေးစွန့်ရင် အပြစ်မတင်ပါနှင့်။ သင်ကပဲ သေချာလေး သန့်ရှင်းပေးပြီး နောက်ဆို ဒီလိုတွေ မလုပ်မိအောင် လေ့ကျင့်ပေးပါ။

- သင့်ခွေးလေးကို အလေ့အကျင့်တစ်ခုကို တတ်မြောက်စေချင်ရင်လည်း အပြင်သွားတဲ့အခါမှာ တစ်ခါတည်း လေ့ကျင့်ပေးပါ။ အပြင်သွားရင် သူတို့လေးတွေက ပျော်နေတတ်တာကြောင့် သင်ယူတတ်မြောက်ဖို့ လွယ်ကူပါတယ်။

သင့်ခွေးလေးက စက်ရုပ် မဟုတ်တာကြောင့် သင်ပြောသမျှတိုင်းကို လိုက်နာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ သင်ကြားပေးမယ် ဆိုရင်တော့ အနှေးနဲ့အမြန် တတ်မြောက်လာပါလိမ့်မယ်။

ဘယ်လို သင်ကြားပေးရမလဲဆိုတော့

- ခွေးလေးရဲ့ နှာခေါင်းနေရာလေးကို အဓိက ထားပါ။

- သင့်လက်ကို မြှောက်လိုက်ပြီး သူ့ခေါင်းကို သင့်လက်နောက်လိုက်အောင် လုပ်ပါ။

- သင့်လက်နောက်ကို ခေါင်းကို လိုက်နေတာ‌ကြောင့် ရှေ့ခြေထောက်တွေက အလိုလိုကြွပြီး နောက်ပိုင်းက မြေကြီးနဲ့ ကပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

- မြေကြီးနဲ့ ကပ်သွားပြီဆိုတာနဲ့ "ထိုင်" ဆိုတဲ့ စကားလုံးကို ပြောပေးလိုက်ပါ။

- ဒီလိုမျိုးနေ့စဉ် လေ့ကျင့်ပေးရင် ခွေးလေးဟာ ထိုင်ဆိုတဲ့ စကားလုံးလေးနဲ့ နေသားကျသွားပြီး ထိုင်လို့ပြောလိုက်တာနဲ့ တန်းပြီး ထိုင်သွားပါလိမ့်မယ်။

အစာမစားခင် ဒါမှမဟုတ် လမ်းလျှောက်နေတဲ့အချိန် စတဲ့အခြေအနေတွေမှာ သင့်ခွေးကို ထိုင်ခိုင်းပါ။

"လာ" ဆိုတဲ့ စကားလုံးလေးဟာ ခွေးတိုင်းတတ်ထားသင့်တဲ့ လိုအပ်တဲ့ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ ဒါဟာ အပြုအမူဆိုင်ရာ အကြောင်းပြချက်တွေ အတွက်သာမကပဲ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေ အတွက်လည်း အရေးကြီးပါတယ်။

ဘယ်လို လေ့ကျင့်ပေးရမလဲဆိုတော့

- အရင်ဆုံး သင့်ခွေးလေးကို ကြိုးချည်ထားလိုက်ပါ။

- ခွေးရဲ့ ရှေ့နည်းနည်းကိုသွားပြီး ကြိုးကို ဆွဲလိုက်ပါ။ ကြိုးဆွဲနေတဲ့ အချိန်မှာလည်း "လာ"ဆိုတဲ့ စကားလုံးလေးကို ပြောပေးပါ။

- သင်ခေါ်တိုင်းလာရင် သူကြိုက်တဲ့မုန့်လေးတွေ၊ အစာလေးတွေကို ကျွေးပြီးတော့ ဆုချပေးပါ။

- သင့်ခွေးလေးက ဒီစကားလုံးလေးနဲ့ ယဉ်ပါးသွားပြီ ဆိုရင်တော့ ကြိုးကို မချည်ထားတော့ပဲ ဆက်ပြီးလေ့ကျင့်ပါ။

"လွှတ်ချခဲ့လိုက်"ဆိုတဲ့ စကားလုံးလေးဟာ သင့်ခွေးက အပြင်က အရာတစ်ခုခုကို ဆွဲယူလာတဲ့အချိန်၊ မြွေလိုမျိုး အန္တရာယ်ရှိတဲ့ အကောင်တွေမျိုးကို ဆွဲလာတဲ့အချိန်မှာ ပြောဖို့အတွက် အသုံးဝင်နိုင်ပါတယ်။

ဘယ်လို သင်ပေးရမလဲဆိုတော့

- လက်နှစ်ဘက်လုံးမှာ လိမ်းဆေးတစ်ခုခု လိမ်းထားပါ။

- လက်တစ်ဖက်ကို နောက်မှာထားလိုက်ရင် ကျန်လက်တစ်ဖက်ကို နမ်းပါလိမ့်မယ်။ နမ်းတဲ့အခါတိုင်း လွှတ်ချလိုက်လို့ ပြောပေးပါ။

- ဒီလိုလုပ်ရင် လက်ကို လျှာနဲ့လျက်လိုက်၊ နမ်းလိုက် လုပ်ပါလိမ့်မယ်။ ဒီလို နမ်းတာကို ခဏလောက် သည်းခံပေးပါ။

- သူ့ဘက်က ဒီလို နမ်းနေတာကို လက်လျှော့သွားပြီ ဆိုရင်တော့ နောက်လက်တစ်ဖက်ကို ထုတ်ပြလိုက်ပါ။

- လွှတ်ချလိုက်လို့ ပြောတဲ့အခါတိုင်း ပထမလက်ကို ပြန်နမ်းတဲ့အထိ လေ့ကျင့်ပေးပါ။

- ဒီလို လုပ်ပေးပါများလာရင် အကျင့်ဖြစ်သွားပြီး ကိုယ်ပြောသလို နာခံတဲ့အခါတိုင်း သူ့ကို ချီးကျူးပေးပါ။

"ငြိမ်ငြိမ်နေ"ဆိုတဲ့ စကားလုံးလေးဟာ သင့်ခွေးလေး အရမ်းဆော့နေတဲ့အချိန် ဒါမှမဟုတ် တစ်ယောက်ယောက်ကို ကိုက်မယ့် အခြေအနေမျိုးမှာ တားဆီးဖို့ အသုံးပြုနိုင်ပါတယ်။

ဘယ်လို လုပ်ပေးရမလဲဆိုတော့

- ဒီလို လေ့ကျင့်ပေးဖို့ သင့်ခွေးလေးက ထိုင်ဆိုတဲ့အမိန့်ကို အရင်ဆုံးနာခံနေဖို့ လိုပါတယ်။

- သင့်ရဲ့ လက်ဖဝါးကို ခွေးလေးရဲ့ ရှေ့တည့်တည့်မှာ ဖြန့်ပြီးတော့ ငြိမ်ဆိုတဲ့ စကားကိုပြောပေးပါ။

- နောက်ကို ခြေနှစ်လှမ်း ဆုတ်ပြီးတာတောင် ခွေးလေးက နေရာမှာ ဆက်ရှိနေမယ် ဆိုရင် သူ့ကို ချီးကျူးပေးပါ။

- ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ နောက်ကိုဆုတ်သွားပြီးတော့ သင်ပြောတဲ့အတိုင်း နေရာမှာ ဆက်နေနေအောင် လေ့ကျင့်ပေးပါ။

သင့်ခွေးမှာ သူ့ကိုယ်ပိုင်အိပ်ဖို့ နေရာရှိဖို့ အရေးကြီးပါတယ်၊ ဒါပေမယ့် ဒီနေရာကို သူ့စိတ်ဆန္ဒနဲ့ သွားနိုင်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။

ဘယ်လိုလေ့ကျင့်ပေးရမလဲ ဆိုတော့

- သင့်ခွေးကို သက်တောင့်သက်သာနဲ့ နွေးထွေးတဲ့ အိပ်ရာတစ်ခု ပေးပါ။

- သက်တောင့်သက်သာရှိစေဖို့ စောင်နှင့် ခေါင်းအုံးတွေ ထည့်ထားပေးပါ။

- အိပ်ယာကို သူ့ဟာသူ သွားတတ်အောင် သူကြိုက်တတ်တဲ့ အရုပ်လေးတွေပြပြီး အိပ်ယာဆီ ခေါ်ခေါ်သွားပေးပါ။

- သင့်အိပ်ယာပေါ်မှာ တူတူသိပ်ချင်တယ် ဆိုရင်လည်း အတင်းကြီး မဆွဲခေါ်ပါနဲ့။ သူကောင်းကောင်း လေ့ကျင့်ပြီးတဲ့အထိ စောင့်ပါ။ အိပ်ယာပေါ်က ဆင်းချင်တယ်ဆိုရင်လည်း အတင်းကြီး ဆွဲဆွဲမထားပါနဲ့။

- သင့်ခွေးကို အိပ်ယာပြောင်းဖို့ စဉ်းစားထားတယ် ဆိုရင်လည်း သူကြိုက်တဲ့ အစာလေးတွေ အရင်ကျွေးပါ။ ပြီးတော့ သူကြိုက်တဲ့ အရုပ်လေးတွေကို ချထားပေးပါ။ ဒီနည်းနဲ့ အိပ်ယာအသစ်ကို အလွယ်တကူ ခင်တွယ်နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments