ရသတဏှာမက်သော ကျီး

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်စိုးစဉ် အချိန်က ဘုရားအလောင်းဟာ ခိုငှက် ဘဝကို ရောက်ရှိပြီး ဗာရာဏသီ သူဌေးအိမ်ရဲ့ မီးဖိုဆောင်မှာ နားနေသတဲ့။ စားတော်ချက်က မီးဖိုဆောင်မှ တောင်းတလုံး ချိတ်ဆွဲပြီး ဘုရားလောင်း ခိုလာရောက် နေနိုင်ရန် လုပ်ပေးထား သတဲ့ကွယ်။

ဘုရားလောင်းခိုဟာ နေ့စဉ်မှာ မိမိဘာသာ ဘာဝအရ ပြင်ပမှ အစာရှာဖွေ စားသောက်ပြီး နားနေချိန်မှ မီးဖိုဆောင်က တောင်းတလုံးထဲမှာ လာနားတာပေါ့။ တနေ့တော့ ကျီးတကောင်ဟာ မီးဖိုဆောင်ပေါ်က ဖြတ်သွားတဲ့ အခိုက် ချက်ပြုတ် ထားတဲ့ အမဲဟင်းလျာတွေရဲ့ အနံ့ကို ရှူရှိုက်မိ သတဲ့။

"အလို၊ စားသောက်ဖွယ် အနံ့တွေက တပ်မက်စရာ ပါလား။ ဒီနားမှာ အနံ့ ရှူနေရတာ နဲ့တင် အရသာ တွေ့နေပြီ" ဆိုပြီး ကျီးက မီးဖိုဆောင်က အနံ့ကို ခုံမင်ပြီး မီးဖိုဆောင် နားမှာနေဖို့ ဘုရားလောင်း ခိုနားကို ကပ်ပြီး မိတ်ဆွေ ဖွဲ့တယ်။ ဘုရားလောင်းနေတဲ့ နေရာမှာ လိုက်နေသတဲ့။

နောက်တနေ့ကျတော့ ဘုရားလောင်း ခိုမင်းနားမှာ နေတဲ့ ကျီးငှက်အတွက် စားတော်ချက်က တောင်းတလုံး ချိတ်ဆွဲ ပေးသတဲ့။ တောင်းထဲမှာ နေတဲ့ ကျီးဟာ မီးဖိုချောင်မှာ ချိတ်ဆွဲထားတဲ့ အမဲ၊ သား၊ ငါးတွေကို မြင်ပြီး ညဖက် မှာတောင် အိပ်မပျော်ဘူးတဲ့။ အစားအစာတွေကို ငေးလို့ပေါ့။

နံနက်မိုးလင်းတော့ ခိုက ပြင်ပမှာ အစာရှာ ထွက်ဖို့ ပြောတော့ ကျီးက မလိုက်ဘူးတဲ့။ မီးဖိုနားက တောင်းထဲမှာပဲ ကျန်ရစ်ခဲ့ သတဲ့။ ဘုရားလောင်းခိုက "အသင်ကျီး၊ လူတွေရဲ့ ချက်ပြုတ်နေတဲ့ အစာကို မက်မော မနေပါနဲ့။ ကျုပ်တို့ စားသုံးဖို့ မမျှော်လင့်ပါနဲ့။ ပြင်ပ မှာသာ ကျုပ်တို့ အစာရှာ သွားကြရအောင်ပါ" လို့ အတူလိုက်ရန် ခေါ်ပေမယ့် ကျီးကတော့ အကြောင်း အမျိုးမျိုး ပြပြီး မီးဖိုဆောင်များမှာ ကျန်ခဲ့တယ်။

ဘုရားလောင်းခိုသာ အစာရှာဖို့ ပြင်ပကို ထွက်သွား သတဲ့ကွယ်။ စားတော်ချက်က မီးဖိုထဲမှာ ပြင်ဆင်စရာတွေ ပြင်ဆင်ပြီး မီးဖို ပြင်ပကိုထွက်ပြီး ချွေးတိတ်အောင် နားနေသတဲ့။ မီးဖိုထဲက ဟင်းအိုးကတော့ အနံ့မွှေးတွေ ထွက်ပြီး အငွေ့ ပျံနေတော့ တာပေါ့။

ကျီးကန်းဟာ အနံ့ရလို့ မီးဖိုထဲကို ဝင်လာပြီး အနံ့ကို ဝမ်းသာအားရ သူ့သဘာဝ အရ အသံပေး လိုက်သတဲ့။ စားတော်ချက်က မီးဖိုထဲကို ပြန်ဝင်လာတော့ ဟင်းချက်တဲ့ အနားအထိ ရောက်လာတဲ့ ကျီးကန်းကို ပြတင်း တံခါးပိတ်ပြီး မိအောင် ဖမ်းလိုက်တော့ တာပေါ့။

ကျီးကို ရတဲ့ စားတော်ချက်ဟာ အမွှေးအတောင်တွေကို နုတ်ပြီး ချင်းစိမ်း၊ ဆား၊ နနွင်း စသည်တို့ နယ်ပြီး ကိုယ်လုံးကို ပွတ်သပ် ထားလိုက်တယ်။ ပြီးတော့ တောင်းထဲကို ပစ်ထည့် ထားတဲ့အခါ အရသာကို မက်မောတဲ့ ကျီးဟာ မကြာမီမှာ သေဆုံးသွားသတဲ့။

ညနေစောင်းတော့ ဘုရားလောင်းခိုဟာ မီးဖိုဆောင်ကို ပြန်ရောက်လာသတဲ့။ နနွင်းတွေ လူးလို့ အသက်မဲ့ နေတဲ့ ကျီးကို မြင်လိုက်ရတာပေါ့။ "သင်သည် ငါ့စကားကို မနာယူဘဲ လောဘဇော ကပ်ပြီး ရသာ တဏှာကြောင့် သေပွဲဝင်ခဲ့ရပြီ" ဟု ဘုရားလောင်းခိုဟာ ပျက်စီး သေဆုံးသွားတဲ့ ကျီးကို ဆင်ခြင်မိပြီး ဒီအရပ်မှာ နေထိုင်ရန် မသင့်လို့ ဆုံးဖြတ်ကာ အန္တရာယ်ကင်းရာ အဝေးသို့ ပျံသန်း ပြောင်းရွှေ့ သွားသတဲ့ကွယ်။

ရသတဏှာကို မချုပ်တည်း မသိမ်းဆည်းနိုင်ရင် ဘေးသင့်နိုင်ကြောင်း၊ မိမိနဲ့ သင့်လျော်ရာ အရပ်မှာသာ နေထိုင်သင့်ကြောင်းတို့ကို ဒီဇာတ်တော်ကြီးက ပြောပြနေပါတယ်။ ကပေါတဇာတ်

phoomyatchal ဆရာ ကြည်ဇော်၏ အာဇာနည်တို့စွမ်းရည် ပုံပြင်စာအုပ်မှ ရေးသားဖော်ပြခြင်း ဖြစ်သည်။

Zawgyi

ရသတဏွာမက္ေသာ က်ီး

ဟိုးေရွးေရွးတုန္းက ဗာရာဏသီျပည္မွာ ျဗဟၼဒတ္မင္းႀကီး အုပ္စိုးစဥ္ အခ်ိန္က ဘုရားအေလာင္းဟာ ခိုငွက္ ဘဝကို ေရာက္ရွိၿပီး ဗာရာဏသီ သူေဌးအိမ္ရဲ႕ မီးဖိုေဆာင္မွာ နားေနသတဲ့။ စားေတာ္ခ်က္က မီးဖိုေဆာင္မွ ေတာင္းတလုံး ခ်ိတ္ဆြဲၿပီး ဘုရားေလာင္း ခိုလာေရာက္ ေနႏိုင္ရန္ လုပ္ေပးထား သတဲ့ကြယ္။

ဘုရားေလာင္းခိုဟာ ေန႔စဥ္မွာ မိမိဘာသာ ဘာဝအရ ျပင္ပမွ အစာရွာေဖြ စားေသာက္ၿပီး နားေနခ်ိန္မွ မီးဖိုေဆာင္က ေတာင္းတလုံးထဲမွာ လာနားတာေပါ့။ တေန႔ေတာ့ က်ီးတေကာင္ဟာ မီးဖိုေဆာင္ေပၚက ျဖတ္သြားတဲ့ အခိုက္ ခ်က္ျပဳတ္ ထားတဲ့ အမဲဟင္းလ်ာေတြရဲ႕ အနံ႔ကို ရႉရႈိက္မိ သတဲ့။

"အလို၊ စားေသာက္ဖြယ္ အနံ႔ေတြက တပ္မက္စရာ ပါလား။ ဒီနားမွာ အနံ႔ ရႉေနရတာ နဲ႔တင္ အရသာ ေတြ႕ေနၿပီ" ဆိုၿပီး က်ီးက မီးဖိုေဆာင္က အနံ႔ကို ခုံမင္ၿပီး မီးဖိုေဆာင္ နားမွာေနဖို႔ ဘုရားေလာင္း ခိုနားကို ကပ္ၿပီး မိတ္ေဆြ ဖြဲ႕တယ္။ ဘုရားေလာင္းေနတဲ့ ေနရာမွာ လိုက္ေနသတဲ့။

ေနာက္တေန႔က်ေတာ့ ဘုရားေလာင္း ခိုမင္းနားမွာ ေနတဲ့ က်ီးငွက္အတြက္ စားေတာ္ခ်က္က ေတာင္းတလုံး ခ်ိတ္ဆြဲ ေပးသတဲ့။ ေတာင္းထဲမွာ ေနတဲ့ က်ီးဟာ မီးဖိုေခ်ာင္မွာ ခ်ိတ္ဆြဲထားတဲ့ အမဲ၊ သား၊ ငါးေတြကို ျမင္ၿပီး ညဖက္ မွာေတာင္ အိပ္မေပ်ာ္ဘူးတဲ့။ အစားအစာေတြကို ေငးလို႔ေပါ့။

နံနက္မိုးလင္းေတာ့ ခိုက ျပင္ပမွာ အစာရွာ ထြက္ဖို႔ ေျပာေတာ့ က်ီးက မလိုက္ဘူးတဲ့။ မီးဖိုနားက ေတာင္းထဲမွာပဲ က်န္ရစ္ခဲ့ သတဲ့။ ဘုရားေလာင္းခိုက "အသင္က်ီး၊ လူေတြရဲ႕ ခ်က္ျပဳတ္ေနတဲ့ အစာကို မက္ေမာ မေနပါနဲ႔။ က်ဳပ္တို႔ စားသုံးဖို႔ မေမွ်ာ္လင့္ပါနဲ႔။ ျပင္ပ မွာသာ က်ဳပ္တို႔ အစာရွာ သြားၾကရေအာင္ပါ" လို႔ အတူလိုက္ရန္ ေခၚေပမယ့္ က်ီးကေတာ့ အေၾကာင္း အမ်ိဳးမ်ိဳး ျပၿပီး မီးဖိုေဆာင္မ်ားမွာ က်န္ခဲ့တယ္။

ဘုရားေလာင္းခိုသာ အစာရွာဖို႔ ျပင္ပကို ထြက္သြား သတဲ့ကြယ္။ စားေတာ္ခ်က္က မီးဖိုထဲမွာ ျပင္ဆင္စရာေတြ ျပင္ဆင္ၿပီး မီးဖို ျပင္ပကိုထြက္ၿပီး ေခြၽးတိတ္ေအာင္ နားေနသတဲ့။ မီးဖိုထဲက ဟင္းအိုးကေတာ့ အနံ႔ေမႊးေတြ ထြက္ၿပီး အေငြ႕ ပ်ံေနေတာ့ တာေပါ့။

က်ီးကန္းဟာ အနံ႔ရလို႔ မီးဖိုထဲကို ဝင္လာၿပီး အနံ႔ကို ဝမ္းသာအားရ သူ႔သဘာဝ အရ အသံေပး လိုက္သတဲ့။ စားေတာ္ခ်က္က မီးဖိုထဲကို ျပန္ဝင္လာေတာ့ ဟင္းခ်က္တဲ့ အနားအထိ ေရာက္လာတဲ့ က်ီးကန္းကို ျပတင္း တံခါးပိတ္ၿပီး မိေအာင္ ဖမ္းလိုက္ေတာ့ တာေပါ့။

က်ီးကို ရတဲ့ စားေတာ္ခ်က္ဟာ အေမႊးအေတာင္ေတြကို ႏုတ္ၿပီး ခ်င္းစိမ္း၊ ဆား၊ နႏြင္း စသည္တို႔ နယ္ၿပီး ကိုယ္လုံးကို ပြတ္သပ္ ထားလိုက္တယ္။ ၿပီးေတာ့ ေတာင္းထဲကို ပစ္ထည့္ ထားတဲ့အခါ အရသာကို မက္ေမာတဲ့ က်ီးဟာ မၾကာမီမွာ ေသဆုံးသြားသတဲ့။

ညေနေစာင္းေတာ့ ဘုရားေလာင္းခိုဟာ မီးဖိုေဆာင္ကို ျပန္ေရာက္လာသတဲ့။ နႏြင္းေတြ လူးလို႔ အသက္မဲ့ ေနတဲ့ က်ီးကို ျမင္လိုက္ရတာေပါ့။ "သင္သည္ ငါ့စကားကို မနာယူဘဲ ေလာဘေဇာ ကပ္ၿပီး ရသာ တဏွာေၾကာင့္ ေသပြဲဝင္ခဲ့ရၿပီ" ဟု ဘုရားေလာင္းခိုဟာ ပ်က္စီး ေသဆုံးသြားတဲ့ က်ီးကို ဆင္ျခင္မိၿပီး ဒီအရပ္မွာ ေနထိုင္ရန္ မသင့္လို႔ ဆုံးျဖတ္ကာ အႏၲရာယ္ကင္းရာ အေဝးသို႔ ပ်ံသန္း ေျပာင္းေ႐ႊ႕ သြားသတဲ့ကြယ္။

ရသတဏွာကို မခ်ဳပ္တည္း မသိမ္းဆည္းႏိုင္ရင္ ေဘးသင့္ႏိုင္ေၾကာင္း၊ မိမိနဲ႔ သင့္ေလ်ာ္ရာ အရပ္မွာသာ ေနထိုင္သင့္ေၾကာင္းတို႔ကို ဒီဇာတ္ေတာ္ႀကီးက ေျပာျပေနပါတယ္။ ကေပါတဇာတ္

phoomyatchal ဆရာ ၾကည္ေဇာ္၏ အာဇာနည္တို႔စြမ္းရည္ ပုံျပင္စာအုပ္မွ ေရးသားေဖာ္ျပျခင္း ျဖစ္သည္။

Post a Comment

0 Comments