သင့်ကလေး မလိမ်ညာတတ်အောင် ပြုပြင်ပေးသင့်တဲ့ အချက် (၉) ချက်

တစ်သက်လုံး လိမ်ညာမပြောဖူးတဲ့သူ ဆိုတာ မရှိသလောက်ပါပဲ။ ကလေးတွေ လိမ်တတ်သွားရတဲ့ အဓိကအကြောင်းရင်းက လူကြီးမိဘတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး မလိမ်တတ်အောင် မိဘတွေကစ ဘယ်လိုပြုပြင်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။

၉။ ကလေးတွေက အမှန်အတိုင်းပြောရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကို သိပါတယ်။

အမှန်အတိုင်းပြောရင် ပြစ်ဒဏ်ပေးတတ်တာကို သိတာကြောင့် ကလေးတွေဟာ မကြာခဏ ဆိုသလိုပဲ လိမ်တတ်ကြပါတယ်။ သင့်ကလေး မကြောက်ရအောင် ပြစ်ဒဏ်ကို လျော့ချပေးပြီးတော့ သူတို့ကို အမှန်အတိုင်းပြောဖို့ အားပေးကြည့်ပါ။

၈။ စိတ်ဆိုးတာ မခံချင်ဘူး။

သင့်ရဲ့ကလေးတွေက သင့်ကိုချစ်ပြီး သင်စိတ်ဆိုးသွားမှာကို ကြောက်ကြပါတယ်။ သူတို့ရဲ့ အမှန်တရားအပေါ် သင့်တုံ့ပြန်မှုက အလိုမကျဘူး၊ ဒေါသထွက်နေမယ်ဆိုရင်တော့ သင့်ကို အမှန်တိုင်းပြောတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ပြောတာကို နားထောင်ပြီး စိတ်မဆိုးသင့်ရင် မဆိုးပါနဲ့။

၇။ မလိမ်တတ်ပေမယ့် စိတ်ကူးယဉ်တတ်ကြတယ်။

ကလေးတွေဟာ အရမ်းကို စိတ်ကူးယဉ်တတ်ကြပြီး အာရုံစိုက်ခံချင်ကြတာကြောင့် တစ်စုံတစ်ယောက်နဲ့ တွေ့တာပဲဖြစ်ဖြစ်၊ ညီအစ်ကိုမောင်နှမတွေကိုပဲဖြစ်ဖြစ် စကားပြောရင် လိုတာထက်ပိုပြီး ပြောတတ်ကြပါတယ်။ ဥပမာ တိမ်ပေါ်ရောက်ဖူးတာတို့၊ နဂါးကြီးစီးပြီး ကျောင်းသွားတာတို့ စတဲ့ မဖြစ်နိုင်တဲ့ စကားတွေကိုပြောပြီး အာရုံစိုက်စိတ်ဝင်စားအောင် လုပ်တတ်ကြပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း လိမ်တတ်လာပြီး မဟုတ်တာကို အဟုတ်လုပ်ပြီး ပြောတတ်လာကြရင်း လိမ်သွားတတ်ကြပါတယ်။

၆။ ကလေးတွေက မမှတ်မိလို့ လိမ်ပြောကြပါတယ်။

တချို့ကလေးတွေဟာ လိမ်ပြောပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရယူတတ်ကြပါတယ်။ ဘယ်လို ကလေးတွေမျိုးကို စိုးရိမ်သင့်လဲ ဆိုတော့ မကောင်းတာ တစ်ခုခုလုပ်ပြီးတိုင်း မေ့သွားတတ်တဲ့ ကလေးတွေကို အထူးဂရုစိုက် ပေးသင့်ပါတယ်။ ကြာလာရင် မကောင်းတဲ့နေရာမှာ စိတ်ပျော်မွေ့သွားပြီးတော့ လိမ်တာနဲ့ အသားကျသွားနိုင်ပါတယ်။ ကလေးရဲ့ လုပ်ရပ်တွေအပေါ်မှာ ရှင်းပြတဲ့အချိန် စိတ်ရှည်သည်းခံဖို့ ကြိုးစားပါ။

၅။ လိမ်တာကို ယဉ်ကျေးတယ်လို့ ထင်ကြတယ်။

တစ်ခါတရံမှာ ကလေးတွေက လိမ်ညာတာမှန်တယ်လို့ ထင်ကြပါတယ်။ လက်ဆောင်ရလို့ ပျော်ပေမယ့် အတွင်းထဲမှာတော့ သူတို့လိုချင်တာ မဟုတ်ရင် လိမ်ညာပြီးတော့ ကြိုက်တယ်လို့ ပြောတတ်ကြပါတယ်။ သင့်ကလေးရဲ့ အခြေအနေနဲ့ စိတ်ခံစားမှုတွေဟာ သင့်ပေါ်မှာပဲ မူတည်နေပါတယ်။

၄။ သင် ကြားချင်တဲ့ စကားတွေကိုပဲ အမြဲပြောခိုင်းနေတယ်။

လူကြီးတွေဟာ ကလေးတွေဆီကနေ တစ်ခုတည်းသော အဖြေကိုသာ ကြားချင်တာကြောင့် မေးခွန်းတွေ မေးတတ်ကြပါတယ်။ ဥပမာ "အရသာရှိလား" မေးတိုင်း အရသာရှိပါတယ်လို့ ပြန်ဖြေခိုင်းတာမျိုးပေါ့။ သူတို့ပန်းကန်ထဲက အရာကို မစားချင်တဲ့အခါ သိသာပါတယ်။ ဒီလို အခြေအနေမျိုးမှာ သင့်ကလေးကို မလိမ်ညာစေချင်ဘူးဆိုရင် ပြဿနာကို ချက်ချင်း ဖြေရှင်းလိုက်တာက ပိုကောင်းပါတယ်။ "အရသာရှိလား"မေးမယ့်အစား "အခု ဘာစားချင်လဲ" မေးတာက သူတို့ကို ဖြစ်စေချင်တဲ့ ဆန္ဒကို အမှန်အတိုင်း ပြောခိုင်းသလိုပါပဲ။

၃။ ကလေးတွေက အထင်မှားခံရမှာကို ကြောက်ကြတယ်။

ကလေးတွေက ဒဏ္ဍာရီပုံပြင်ထဲက လူဆိုးတွေသာ ဒီလိုပြုမူကြတယ်လို့ ယူဆထားတတ်ကြတာကြောင့် တချို့အရာတွေကို အမှန်အတိုင်းပြောဖို့ ကြောက်ကြပါတယ်။ ဒါကြောင့် သူတို့ အမှန်အတိုင်းပြောရင် အဲဒီလူဆိုးတွေ ဖြစ်သွားမယ်လို့ တွေးမိတတ်ကြပါတယ်။

လူကောင်းတွေလည်း အခါအားလျော်စွာ လွဲမှားတတ်ကြောင်း သူတို့ကို ရှင်းပြပါ။ လူဆိုး နှင့် လူကောင်း ကွာခြားတဲ့အချက်က သူတို့ရဲ့ လုပ်ရပ်အတွက် တာဝန်ကျေပွန်ခြင်းဖြစ်ကြောင်း ပြောပြပါ။

၂။ ပတ်ဝန်းကျင်ကို အတုယူတယ်။

ကလေးက သူ့မိဘတွေရဲ့ အရာရာတိုင်းကို အတုယူတတ်ပါတယ်။ လိမ်လည်လှည့်ဖြားတတ်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ကလေးဟာ အမှန်တရားကို မပြောတတ်တော့ပါဘူး။ ဖြေရှင်းဖို့နည်းကတော့ ခက်မလိုလိုနဲ့ လွယ်ပါတယ်၊ သင်ကိုယ်တိုင်ကပဲ ပိုရိုးသားဖို့ပဲလိုပါတယ်။

၁။ အပြစ်မတင်ပါနဲ့။

သင့်ကလေးတွေကို အသိဉာဏ်မဲ့တဲ့ သတ္တဝါတွေလို သဘောထားပြီး သူတို့လုပ်မိတဲ့ အရာတွေအတွက် အော်ဟစ်ပြီး အပြစ်တင်ရင် ကောင်းတာရော မှန်တာကိုပါ သင်ယူချင်မှာ မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောသင့်ရင်လည်း ပြောဖို့လိုပါတယ်။ သင့်ရဲ့ကလေးတွေကို သင့်အသက်အရွယ်နဲ့ တန်းတူထားပြီး ပြောဆိုဆက်ဆံပါ၊ အမှားအယွင်းတွေကို ရှင်းပြီး အရာအားလုံးကို အပြစ်မတင်ဘဲ ဆက်ဆံပါ။ ဒီနည်းနဲ့ ကလေးတွေဟာ အပြစ်ကင်းကင်းနဲ့ ကြီးပြင်းလိုစိတ်ရှိကြပြီး အမှန်တရားကိုပြောခြင်းရဲ့ အရေးပါမှုကို ပိုနားလည်လာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments