ပညာရှိကြီး၏ သူခိုးဖမ်းနည်း

တခါတုန်းက အလွန် ချမ်းသာတဲ့ သူဌေးကြီး တဦး အိမ်ကို သူခိုး ဝင်ခိုးတာ တန်ဖိုး ရှိတာ တွေပဲ‌ ရွေးပြီး ပါသွားတယ်။

သူဌေးကြီး ကလည်း သူခိုးဟာ မိမိရဲ့ ဝန်ထမ်းများ ထဲမှ တဦးသာ ဖြစ်ရမည်လို့ သံသယ ရှိခဲ့တယ်။

ဒါကြောင့်သူက ပညာရှိ တဦး ထံကို သွားပြီး အဖြစ်အပျက်ကို ပြောပြခဲ့တယ်။

ပညာရှိကြီး ကလည်း သူဌေးကြီး အိမ်ကို ရထားလုံးနဲ့ လိုက်လာ ခဲ့ပြီး သူဌေးကြီးရဲ့ ဝန်ထမ်း အားလုံးကို စုစည်းပြီး တယောက်ချင်းစီကို ပစ္စည်း ခိုးမခိုး မေးမြန်းခဲ့တယ်။ လူတိုင်းက ငြင်းကြတယ်။

ပညာရှိကြီးက တခဏမျှ စဉ်းစားပြီးနောက် အထူး ပြုလုပ်ထားပြီး အရှည် တူညီတဲ့ သစ်သားတုတ်‌တွေကို ရထားလုံး ပေါ်က ထုတ်ယူ ပေးခဲ့ပြီး သူဌေးကြီးရဲ့ ဝန်ထမ်းတွေကို ပြောလိုက်တာက

"ဒီတုတ်တွေက သာမန်တုတ်တွေ မဟုတ်ဘူး၊ နတ်မင်းကြီး ပေးထားတဲ့ တုတ်တွေပဲ။ မနက်ဖြန် နံနက်မှာ သူခိုး အစစ်ရဲ့ တုတ်က ၂ လက်မ ပိုရှည် လာလိမ့်မယ်" လို့ ပြောခဲ့ပြီး ဝန်ထမ်း‌တွေကို အိမ်ပြန် လွှတ်လိုက်တယ်။

နောက်တနေ့ နံနက်မှာ ဝန်ထမ်း‌တွေကို ပညာရှိကြီးက ပြန်ခေါ် လိုက်ပြီး သူတို့ တုတ်ချောင်းတွေကို ပြန်ပေးဖို့ ပြောတယ်။

အဲ့ဒီအချိန် တုတ်ချောင်း တချောင်းမှ ပိုရှည်နေတာ မရှိပဲ ဝန်ထမ်း တဦးရဲ့ တုတ်ချောင်း ကတော့ ၂ လက်မ တိုနေခဲ့တယ်။

တိုနေတဲ့ တုတ်ပိုင်ရှင် ဝန်ထမ်းကို ပညာရှိကြီးက ညွှန်ပြပြီး သူဟာ သူခိုးပဲ လို့ ပြောလိုက်တယ်။ နောက်ပိုင်းမှာ သူဌေးကြီးက ပညာရှိကြီးကို "သူခိုးကို ဘယ်လို ဖမ်းမိတာလဲ" ဟု မေးခဲ့တယ်။

ပညာရှိကြီးက "သူ့ရဲ့ တုတ်တွေက မနက်မှာ ၂ လက်မ လောက် ပိုရှည်လာ မှာကို စိုးရိမ်တဲ့ အတွက် သူခိုးဟာ ညမှာ ကတည်းက ၂ လက်မ လောက် ဖြတ်ထားခဲ့တာ" လို့ ပြောလိုက် ပါတော့တယ်။

Crd

Zawgyi

ပညာရွိႀကီး၏ သူခိုးဖမ္းနည္း

တခါတုန္းက အလြန္ ခ်မ္းသာတဲ့ သူေဌးႀကီး တဦး အိမ္ကို သူခိုး ဝင္ခိုးတာ တန္ဖိုး ရွိတာ ေတြပဲ‌ ေ႐ြးၿပီး ပါသြားတယ္။

သူေဌးႀကီး ကလည္း သူခိုးဟာ မိမိရဲ႕ ဝန္ထမ္းမ်ား ထဲမွ တဦးသာ ျဖစ္ရမည္လို႔ သံသယ ရွိခဲ့တယ္။

ဒါေၾကာင့္သူက ပညာရွိ တဦး ထံကို သြားၿပီး အျဖစ္အပ်က္ကို ေျပာျပခဲ့တယ္။

ပညာရွိႀကီး ကလည္း သူေဌးႀကီး အိမ္ကိုရထားလုံးနဲ႔ လိုက္လာ ခဲ့ၿပီး သူေဌးႀကီးရဲ႕ ဝန္ထမ္း အားလုံးကို စုစည္းၿပီး တေယာက္ခ်င္းစီကို ပစၥည္း ခိုးမခိုး ေမးျမန္းခဲ့တယ္။ လူတိုင္းက ျငင္းၾကတယ္။

ပညာရွိႀကီးက တခဏမွ် စဥ္းစားၿပီးေနာက္ အထူး ျပဳလုပ္ထားၿပီး အရွည္ တူညီတဲ့ သစ္သားတုတ္‌ေတြကို ရထားလုံး ေပၚက ထုတ္ယူ ေပးခဲ့ၿပီး သူေဌးႀကီးရဲ႕ ဝန္ထမ္းေတြကို ေျပာလိုက္တာက

"ဒီတုတ္ေတြက သာမန္တုတ္ေတြ မဟုတ္ဘူး၊ နတ္မင္းႀကီး ေပးထားတဲ့ တုတ္ေတြပဲ။ မနက္ျဖန္ နံနက္မွာ သူခိုး အစစ္ရဲ႕ တုတ္က ၂ လက္မ ပိုရွည္ လာလိမ့္မယ္" လို႔ ေျပာခဲ့ၿပီး ဝန္ထမ္း‌ေတြကို အိမ္ျပန္ လႊတ္လိုက္တယ္။

ေနာက္တေန႔ နံနက္မွာ ဝန္ထမ္း‌ေတြကို ပညာရွိႀကီးက ျပန္ေခၚ လိုက္ၿပီး သူတို႔ တုတ္ေခ်ာင္းေတြကို ျပန္ေပးဖို႔ ေျပာတယ္။

အဲ့ဒီအခ်ိန္ တုတ္ေခ်ာင္း တေခ်ာင္းမွ ပိုရွည္ေနတာ မရွိပဲ ဝန္ထမ္း တဦးရဲ႕ တုတ္ေခ်ာင္း ကေတာ့ ၂ လက္မ တိုေနခဲ့တယ္။

တိုေနတဲ့ တုတ္ပိုင္ရွင္ ဝန္ထမ္းကို ပညာရွိႀကီးက ၫႊန္ျပၿပီး သူဟာ သူခိုးပဲ လို႔ ေျပာလိုက္တယ္။ ေနာက္ပိုင္းမွာ သူေဌးႀကီးက ပညာရွိႀကီးကို "သူခိုးကို ဘယ္လို ဖမ္းမိတာလဲ" ဟု ေမးခဲ့တယ္။

ပညာရွိႀကီးက "သူ႔ရဲ႕ တုတ္ေတြက မနက္မွာ ၂ လက္မ ေလာက္ ပိုရွည္လာ မွာကို စိုးရိမ္တဲ့ အတြက္ သူခိုးဟာ ညမွာ ကတည္းက ၂ လက္မ ေလာက္ ျဖတ္ထားခဲ့တာ" လို႔ ေျပာလိုက္ ပါေတာ့တယ္။

Crd

Post a Comment

0 Comments