ပြောမယ့် စကားတိုင်းကို သတိထားပါ

တခါတုန်းက အဖိုးအို တယောက်ရဲ့ အိမ်နားက အိမ်နီးချင်းဟာ သူခိုးတယောက် ဖြစ်တယ် ဆိုတဲ့ ကောလာဟာလတွေ ထွက်နေပါတယ်။ အဲဒါကြောင့် သူခိုးအဖြစ် သံသယ အဖြစ်ခံ ရတဲ့ အိမ်နီးချင်းဟာ အဖမ်း ခံရပါတယ်။

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူခိုးအဖြစ် အစွပ်စွဲ ခံရတဲ့ အိမ်နီးချင်းက အပြစ် မရှိကြောင်း သက်သေ ပြနိုင်ခဲ့ပြီး ပြန်လွှတ်မြောက် လာခဲ့ပါတယ်။

သူခိုးအဖြစ် စွပ်စွဲ ခံရတဲ့ အိမ်နီးချင်းက သူ အရှက်ရခဲ့တဲ့ အတွက် အဖိုးအိုကို တရားစွဲ လိုက်ပါတယ်။ တရားရုံးမှာ အဖိုးအိုက ပြောပါတယ်။ "ဒီတိုင်း အထင်လေး ပေးလိုက်တာက အခြားသူ တယောက်ယောက်ကို ဘာများ ထိခိုက်စေလို့လဲ"

တရားသူကြီးက အဖိုးအိုကို ပြောလိုက်ပါတယ်။ "ဟုတ်ပြီ၊ အဲဒါဆိုရင် သင်စွပ်စွဲခဲ့တဲ့ အိမ်နီးချင်းကို ပြောချင် သမျှ စကားတွေကို စာရွက်ပေါ်မှာ ချရေး လိုက်ပါ။

အိမ်ကို ပြန်တဲ့ လမ်းမှာ အဲဒီ စာရွက်တွေကို ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်ပါ။ ပြီးရင် လေထဲမှာ ဝဲပစ်လိုက်ပါ။ မနက်ဖြန်ကို အဖြေ ကြားနာဖို့ တရားရုံးကို ပြန်လာခဲ့ပါ" လို့ အမိန့်ပေး လိုက်ပါတယ်။

နောက်တနေ့မှာ တရားသူကြီးက အဖိုးအိုကို မေးပါတယ်။ "ကဲ အဖြေကို မကြားနာခင် မနေ့က သင်ကတ်ကြေးနဲ့ ညှပ်ထားတဲ့စာရွက်တွေကို အကုန်လုံး တစုတစည်းထဲ ရအောင် လိုက်ကောက်လာခဲ့"

အဖိုးအိုက ပြောလိုက်ပါတယ်။ "ဘယ်လိုလုပ် ရပါ့မလဲ၊ လေတိုက်တိုင်း စာရွက် အပိုင်းအစတွေက အကုန် လွင့်ကုန်တာ၊ ဘယ်နေရာမှာ လိုက်ရှာရမှန်းတောင် သိမှာ မဟုတ်ဘူး"

တရားသူကြီးက "ဟုတ်တယ် အဲဒီ အတိုင်းပဲ။ လူတယောက်ရဲ့ ရိုးသားမှုကိုလည်း သင့်ရဲ့ ဘာမှ မတွေးဘဲ သမရိုးကျ ပြောလိုက်တဲ့ စကားတွေက ဖျက်ဆီး ပစ်လိုက် နိုင်တယ်။ လေထဲ လွှင့်သွားတဲ့ စက္ကူစတွေ လိုပဲ၊ အကောင်အထည် မပြနိုင် ပေမယ့် သူ့ရဲ့ ကိုယ့်ကျင့် သိက္ခာကို ပြန်ပြီး ဆောက်တည်လို့ မရနိုင်ဘူး။

သူ့ဘဝမှာ သူ မလုပ်ဘဲနဲ့ အမည်းစက်ကြီး တခုလို လူတွေက မြင်ကြတော့မယ်၊ ဘယ်တော့မှ အကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့ဘူး" လို့ ပြောလိုက် ပါတယ်။ အဲဒီအခါကျမှ အဖိုးအိုက သူမှားသွားကြောင်း၊ တောင်းပန်ခဲ့ ပါတော့တယ်။

ကျွန်တော်တို့ရဲ့ လက်တွေ့ ဘဝမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ်တကယ် မသိတဲ့ အခြားသူ့ရဲ့ ကိစ္စတွေကို မစွပ်စွဲ ပါနဲ့၊ ကိုယ်ကတော့ ဘာရယ်မဟုတ် ထင်တာလေးကို ပြောလိုက် ပေမယ့် အခြားသူ တယောက် မှာတော့ ဘဝတခုလုံးနဲ့ ချီတဲ့ ကိစ္စမျိုးဖြစ်သွားနိုင်တယ် လို့ သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။

Crd

Zawgyi

ေျပာမယ့္ စကားတိုင္းကို သတိထားပါ

တခါတုန္းက အဖိုးအို တေယာက္ရဲ႕ အိမ္နားက အိမ္နီးခ်င္းဟာ သူခိုးတေယာက္ ျဖစ္တယ္ ဆိုတဲ့ ေကာလာဟာလေတြ ထြက္ေနပါတယ္။ အဲဒါေၾကာင့္ သူခိုးအျဖစ္ သံသယ အျဖစ္ခံ ရတဲ့ အိမ္နီးခ်င္းဟာ အဖမ္း ခံရပါတယ္။

ရက္အနည္းငယ္ ၾကာၿပီးတဲ့ေနာက္မွာ သူခိုးအျဖစ္ အစြပ္စြဲ ခံရတဲ့ အိမ္နီးခ်င္းက အျပစ္ မရွိေၾကာင္း သက္ေသ ျပႏိုင္ခဲ့ၿပီး ျပန္လႊတ္ေျမာက္ လာခဲ့ပါတယ္။

သူခိုးအျဖစ္ စြပ္စြဲ ခံရတဲ့ အိမ္နီးခ်င္းက သူ အရွက္ရခဲ့တဲ့ အတြက္ အဖိုးအိုကို တရားစြဲ လိုက္ပါတယ္။ တရား႐ုံးမွာ အဖိုးအိုက ေျပာပါတယ္။ "ဒီတိုင္း အထင္ေလး ေပးလိုက္တာက အျခားသူ တေယာက္ေယာက္ကို ဘာမ်ား ထိခိုက္ေစလို႔လဲ"

တရားသူႀကီးက အဖိုးအိုကို ေျပာလိုက္ပါတယ္။ "ဟုတ္ၿပီ၊ အဲဒါဆိုရင္ သင္စြပ္စြဲခဲ့တဲ့ အိမ္နီးခ်င္းကို ေျပာခ်င္ သမွ် စကားေတြကို စာ႐ြက္ေပၚမွာ ခ်ေရး လိုက္ပါ။

အိမ္ကို ျပန္တဲ့ လမ္းမွာ အဲဒီ စာ႐ြက္ေတြကို ကတ္ေၾကးနဲ႔ ညႇပ္ပစ္လိုက္ပါ။ ၿပီးရင္ ေလထဲမွာ ဝဲပစ္လိုက္ပါ။ မနက္ျဖန္ကို အေျဖ ၾကားနာဖို႔ တရား႐ုံးကို ျပန္လာခဲ့ပါ" လို႔ အမိန႔္ေပး လိုက္ပါတယ္။

ေနာက္တေန႔မွာ တရားသူႀကီးက အဖိုးအိုကို ေမးပါတယ္။ "ကဲ အေျဖကို မၾကားနာခင္ မေန႔က သင္ကတ္ေၾကးနဲ႔ ညႇပ္ထားတဲ့စာ႐ြက္ေတြကို အကုန္လုံး တစုတစည္းထဲ ရေအာင္ လိုက္ေကာက္လာခဲ့"

အဖိုးအိုက ေျပာလိုက္ပါတယ္။ "ဘယ္လိုလုပ္ ရပါ့မလဲ၊ ေလတိုက္တိုင္း စာ႐ြက္ အပိုင္းအစေတြက အကုန္ လြင့္ကုန္တာ၊ ဘယ္ေနရာမွာ လိုက္ရွာရမွန္းေတာင္ သိမွာ မဟုတ္ဘူး"

တရားသူႀကီးက "ဟုတ္တယ္ အဲဒီ အတိုင္းပဲ။ လူတေယာက္ရဲ႕ ႐ိုးသားမႈကိုလည္း သင့္ရဲ႕ ဘာမွ မေတြးဘဲ သမ႐ိုးက် ေျပာလိုက္တဲ့ စကားေတြက ဖ်က္ဆီး ပစ္လိုက္ ႏိုင္တယ္။ ေလထဲ လႊင့္သြားတဲ့ စကၠဴစေတြ လိုပဲ၊ အေကာင္အထည္ မျပႏိုင္ ေပမယ့္ သူ႔ရဲ႕ ကိုယ့္က်င့္ သိကၡာကို ျပန္ၿပီး ေဆာက္တည္လို႔ မရႏိုင္ဘူး။

သူ႔ဘဝမွာ သူ မလုပ္ဘဲနဲ႔ အမည္းစက္ႀကီး တခုလို လူေတြက ျမင္ၾကေတာ့မယ္၊ ဘယ္ေတာ့မွ အေကာင္းအတိုင္း ျပန္မျဖစ္ႏိုင္ေတာ့ဘူး" လို႔ ေျပာလိုက္ ပါတယ္။ အဲဒီအခါက်မွ အဖိုးအိုက သူမွားသြားေၾကာင္း၊ ေတာင္းပန္ခဲ့ ပါေတာ့တယ္။

ကြၽန္ေတာ္တို႔ရဲ႕ လက္ေတြ႕ ဘဝမွာလည္း ထိုနည္းလည္းေကာင္းပါပဲ။ ကိုယ္တကယ္ မသိတဲ့ အျခားသူ႔ရဲ႕ ကိစၥေတြကို မစြပ္စြဲ ပါနဲ႔၊ ကိုယ္ကေတာ့ ဘာရယ္မဟုတ္ ထင္တာေလးကို ေျပာလိုက္ ေပမယ့္ အျခားသူ တေယာက္ မွာေတာ့ ဘဝတခုလုံးနဲ႔ ခ်ီတဲ့ ကိစၥမ်ိဳးျဖစ္သြားႏိုင္တယ္ လို႔ သင္ခန္းစာ ေပးထားတာ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments