မတန်လို့ လွှတ်ထားတာပါ

တခါတုန်းက သူတောင်းစားမတဦး ကိုယ်ဝန် ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ခြင်းတက်တယ်။ ဒါကြောင့် သူ့ယောက်ျား သူ တောင်းစားကို ပူစာတယ်။ "မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့ နှမတော် ချဉ်ခြင်းတက်တယ်။ ဘုရင့် ပွဲတော်အုပ်မှ မစားရရင် နှမတော် သေရပါလိမ့်မယ်။ မောင်တော် ရအောင် ယူပေးပါ"

ထိုအခါ သူတောင်းစားက "ဪ နှမတော်ရယ်၊ သူတောင်းစားနဲ့ ဘုရင့်ပွဲတော်အုပ်၊ မတန်မရာ တခြားဟာ ဆိုတော်သေး။ ဘုရင့် ပွဲတော်အုပ်ကို ဘယ်လိုလုပ် ရနိုင်မှာလဲ" လို့ ပြန်ပြောတယ်။ "မောင်တော် နှမတော်ကို ချစ်ရင် ယူပေးရမယ်။ မဟုတ်လို့ ကတော့ နှမတော် ဒေါသကို သိတယ်နော်"

အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်။ နန်းတော်ထဲ ဝင်ခိုးလို့ မလွယ်ဘူး၊ မိရင် ငါသေမှာ။ အဲ့ဒီတော့ ရဟန်းအသွင် ဆောင်ပြီး ဆွမ်းခံကြွရင် အဆင်ပြေမယ် လို့ တွေးပြီး ခေါင်းရိတ်၊ သင်္ကန်းပတ်၊ သပိတ်လွယ်ပြီး နန်းတော်ရှေ့ကို သွားတယ်။ သူတောင်းစား ဆိုတော့ ဟန်ဆောင် ကောင်းတယ်။

နန်းတော်ရှေ့မှာ ဣန္ဒြေ အပြည့်နဲ့ ရပ်နေတဲ့ သူတောင်းစားကို ဘုရင်က တွေ့ တော့ ပညာရှိဘုရင်ပဲ သိတာပေါ့။ ဘုရင်က တွေးတယ်။ "ငါ ဒီရဟန်း အတုကို မောင်းထုတ်လိုက်ရင် ဒီဘုရင် ရဟန်းကို မရိုမသေ လုပ်တယ် ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ ရှုတ်ချ ကြလိမ့်မယ်"

ဒီတော့ ဘုရင်က အမတ်ကို ပြောတယ်။ "ဒီရဟန်း ထူးခြားတယ် ခေါင်းကလည်း ခုမှ ရိတ်ထားသကဲ့သို့ စိမ်းလို့ ဣန္ဒြေ အပြည့်နဲ့။ ဒါနဲ့ အမတ်တယောက်ကို လွှတ်ပြီး ဘာအလိုရှိလဲ လျောက်လိုက်စမ်း" ဆိုပြီး ခိုင်းတယ်။ အမတ်က ရဟန်းတုကို မေးပြီး ဘုရင်ကို ပြန်လျှောက်တင်တယ်။ "ဘုရင့် ပွဲတော်အုပ်ကို အလှူခံချင် ပါတယ်တဲ့ ဘုရား"

ဘုရင်ကလည်း ယူပြီး ကပ်လိုက်စမ်း ပေါ့။ ပြီးတော့ ဘုရင်က အမတ်ကိုပြောတယ်။ "ဒီရဟန်း ထူးခြားတယ်။ အနောက် ကနေ မသိမသာ လိုက်ချောင်းစမ်း၊ ဘာလဲ သိရအောင်"

ဒါနဲ့ အမတ်က အနောက်ကနေ လိုက်တယ်။ မြို့ပြင်ဇရပ်နား အရောက်မှာ သူတောင်းစားက သင်္ကန်းကို ချွတ်လိုက်တော့ အောက်က လူဝတ်ကိုလည်း မြင်ရော အမတ်က ဒီလူဟာ သူတောင်းစားပဲ ဆိုတာ သိလိုက်တယ်။

အမတ်ကလည်း ပညာရှိအမတ် ဆိုတော့ စဉ်းစားတယ်။ ငါ ဘုရင်ကို အမှန်အတိုင်း ပြန်လျှောက်ရင် ဘုရင်က ဒီသူတောင်းစားကို သတ်လိမ့်မယ်။ ဒီသူတောင်းစား အဆင့်လောက်နဲ့ ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ မတန်ပါဘူး လို့ စဉ်းစားပြီး နန်းတော်ကို ပြန်တယ်။

နန်းတော် ပြန်ရောက်တော့ ဘုရင်က "ဟို ရဟန်း အခြေအနေ ဘာထူးလဲ အမတ်" လို့ မေးတော့ အမတ်က "မှန်လှပါ အရှင်ဘုရားရဲ့ ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ် တနေရာမှာ ကြည့်ရင်း ကြည့်ရင်းနဲ့ ရဟန်းအသွင် ပျောက်သွားပါတယ် ဘုရား" လို့ လျှောက်တင်တော့ ဘုရင်ကလည်း အရေးတယူ လုပ်ရမည့် ကိစ္စ မဟုတ်တော့ ပြုံးတော်မူလိုက် ပါတော့တယ်။

မတန်လို့ ဒီတိုင်း လွှတ်ထားတာကို မသိဘူး လို့တော့ မထင်ပါနဲ့။ တချို့ ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူ လုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက် ပြိုင်ပြီး ငြင်းမနေ ကြဘဲ ဥပေက္ခာ ပြုလိုက် ကြပါနော်။

Crd

Zawgyi

မတန္လုိ့ လြွတ္ထားတာပါ

တခါတုန္းက သူေတာင္းစားမ တဦး ကိုယ္ဝန္ ရေတာ့ ဘုရင့္ပြဲေတာ္အုပ္မွ စားခ်င္တယ္လို႔ ခ်ဥ္ျခင္းတက္တယ္။ ဒါေၾကာင့္ သူ႔ေယာက္်ား သူ ေတာင္းစားကို ပူစာတယ္။ "ေမာင္ေတာ္ ဘုရင့္ပြဲေတာ္အုပ္ စားခ်င္တယ္လို႔ ႏွမေတာ္ ခ်ဥ္ျခင္းတက္တယ္။ ဘုရင့္ ပြဲေတာ္အုပ္မွ မစားရရင္ ႏွမေတာ္ ေသရပါလိမ့္မယ္။ ေမာင္ေတာ္ ရေအာင္ ယူေပးပါ"

ထိုအခါ သူေတာင္းစားက "ဪ ႏွမေတာ္ရယ္၊ သူေတာင္းစားနဲ႔ ဘုရင့္ပြဲေတာ္အုပ္၊ မတန္မရာ တျခားဟာ ဆိုေတာ္ေသး။ ဘုရင့္ပြဲေတာ္အုပ္ကို ဘယ္လိုလုပ္ ရႏိုင္မွာလဲ" လို႔ ျပန္ေျပာတယ္။ "ေမာင္ေတာ္ ႏွမေတာ္ကို ခ်စ္ရင္ ယူေပးရမယ္။ မဟုတ္လို႔ ကေတာ့ ႏွမေတာ္ ေဒါသကို သိတယ္ေနာ္"

အဲ့ဒီေတာ့ သူေတာင္းစား စဥ္းစားတယ္။ နန္းေတာ္ထဲ ဝင္ခိုးလို႔ မလြယ္ဘူး၊ မိရင္ ငါေသမွာ။ အဲ့ဒီေတာ့ ရဟန္းအသြင္ ေဆာင္ၿပီး ဆြမ္းခံႂကြရင္ အဆင္ေျပမယ္ လို႔ ေတြးၿပီး ေခါင္းရိတ္၊ သကၤန္းပတ္၊ သပိတ္လြယ္ၿပီး နန္းေတာ္ေရွ႕ကို သြားတယ္။ သူေတာင္းစား ဆိုေတာ့ ဟန္ေဆာင္ ေကာင္းတယ္။

နန္းေတာ္ေရွ႕မွာ ဣေျႏၵ အျပည့္နဲ႔ ရပ္ေနတဲ့ သူေတာင္းစားကို ဘုရင္က ေတြ႕ ေတာ့ ပညာရွိဘုရင္ပဲ သိတာေပါ့။ ဘုရင္က ေတြးတယ္။ "ငါ ဒီရဟန္း အတုကို ေမာင္းထုတ္လိုက္ရင္ ဒီဘုရင္ ရဟန္းကို မ႐ိုမေသ လုပ္တယ္ ဆိုၿပီး အမ်ားျပည္သူေတြက ငါ့ကို ကဲ့ရဲ႕ ရႈတ္ခ် ၾကလိမ့္မယ္"

ဒီေတာ့ ဘုရင္က အမတ္ကို ေျပာတယ္။ "ဒီရဟန္း ထူးျခားတယ္ ေခါင္းကလည္း ခုမွ ရိတ္ထားသကဲ့သို႔ စိမ္းလို႔ ဣေျႏၵ အျပည့္နဲ႔။ ဒါနဲ႔ အမတ္တေယာက္ကို လႊတ္ၿပီး ဘာအလိုရွိလဲ ေလ်ာက္လိုက္စမ္း" ဆိုၿပီး ခိုင္းတယ္။ အမတ္က ရဟန္းတုကို ေမးၿပီး ဘုရင္ကို ျပန္ေလွ်ာက္တင္တယ္။ "ဘုရင့္ ပြဲေတာ္အုပ္ကို အလႉခံခ်င္ ပါတယ္တဲ့ ဘုရား"

ဘုရင္ကလည္း ယူၿပီး ကပ္လိုက္စမ္း ေပါ့။ ၿပီးေတာ့ ဘုရင္က အမတ္ကိုေျပာတယ္။ "ဒီရဟန္း ထူးျခားတယ္။ အေနာက္ ကေန မသိမသာ လိုက္ေခ်ာင္းစမ္း၊ ဘာလဲ သိရေအာင္"

ဒါနဲ႔ အမတ္က အေနာက္ကေန လိုက္တယ္။ ၿမိဳ႕ျပင္ဇရပ္နား အေရာက္မွာ သူေတာင္းစားက သကၤန္းကို ခြၽတ္လိုက္ေတာ့ ေအာက္က လူဝတ္ကိုလည္း ျမင္ေရာ အမတ္က ဒီလူဟာ သူေတာင္းစားပဲ ဆိုတာ သိလိုက္တယ္။

အမတ္ကလည္း ပညာရွိအမတ္ ဆိုေတာ့ စဥ္းစားတယ္။ ငါ ဘုရင္ကို အမွန္အတိုင္း ျပန္ေလွ်ာက္ရင္ ဘုရင္က ဒီသူေတာင္းစားကို သတ္လိမ့္မယ္။ ဒီသူေတာင္းစား အဆင့္ေလာက္နဲ႔ ငါ့ဘုရင္ အကုသိုလ္ ျဖစ္ရတာ မတန္ပါဘူး လို႔ စဥ္းစားၿပီး နန္းေတာ္ကို ျပန္တယ္။

နန္းေတာ္ ျပန္ေရာက္ေတာ့ ဘုရင္က "ဟို ရဟန္း အေျခအေန ဘာထူးလဲ အမတ္" လို႔ ေမးေတာ့ အမတ္က "မွန္လွပါ အရွင္ဘုရားရဲ႕ ဘုန္းေတာ္ေၾကာင့္ ၿမိဳ႕ျပင္ဇရပ္ တေနရာမွာ ၾကည့္ရင္း ၾကည့္ရင္းနဲ႔ ရဟန္းအသြင္ ေပ်ာက္သြားပါတယ္ ဘုရား" လို႔ ေလွ်ာက္တင္ေတာ့ ဘုရင္ကလည္း အေရးတယူ လုပ္ရမည့္ ကိစၥ မဟုတ္ေတာ့ ၿပဳံးေတာ္မူလိုက္ ပါေတာ့တယ္။

မတန္လို႔ ဒီတိုင္း လႊတ္ထားတာကို မသိဘူး လို႔ေတာ့ မထင္ပါနဲ႔။ တခ်ိဳ႕ ကိစၥေတြက ကိုယ္မွန္ေပမယ့္ အေရးတယူ လုပ္ဖို႔ မတန္တာေတြ အမ်ားႀကီးမို႔ တုဖက္ ၿပိဳင္ၿပီး ျငင္းမေန ၾကဘဲ ဥေပကၡာ ျပဳလိုက္ ၾကပါေနာ္။

Crd

Post a Comment

0 Comments