ငှက်မကြီးက ပေးတဲ့ သင်ခန်းစာ

တခါတုန်းက ဘီလုံးငှက်မ တကောင်ဟာ သူ့ရဲ့ သားသမီးတွေနဲ့ ပြောင်းခင်းထဲမှာ အသိုက်ဖွဲ့ နေခဲ့တယ်။ ဒီလိုနဲ့ သူ့ရဲ့ သားသမီးတွေဟာ မပျံသန်းနိုင် သေးတဲ့ အရွယ်မှာပဲ ပြောင်းခင်းဟာ ရင့်မှည့်လာပြီး ရိတ်သိမ်းဖို့ အချိန် ရောက်လာခဲ့တယ်။

အဲဒါနဲ့ ဘီလုံးငှက်မဟာ အစာရှာ မထွက်မီ သားသမီးတွေကို ခုလို မှာကြားခဲ့တယ်။ "ဒီပြောင်းခင်း ကနေ တို့တတွေ ပြောင်းရလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့ ပြောင်းရမှာလဲ ဆိုတာတော့ မသိသေးဘူး။ ဒါကြောင့် ဒီအနားကို လာပြီး ပြောဆိုနေ ကြတဲ့ လယ်သမားတွေရဲ့ စကားကို မှတ်သားထားပါ" လို့ မှာခဲ့တယ်။

ညနေ စောင်းလို့ ဘီလုံးငှက်မကြီး အစာရှာပြီး ပြန်လာတဲ့ အချိန်မှာ ငှက်ကလေးတွေက ပြောလိုက်တယ်။ "အမေ၊ လယ်သမားကြီးက သူ့ရဲ့သားကို ခိုင်းတယ်။ ပြောင်းတွေ ရင့်မှည့်လို့ ရိတ်သိမ်းချိန် တန်ပြီ။ မိတ်ဆွေတွေကို မနက်ဖြန် လာကူရိတ်ဖို့ အကူအညီ သွားတောင်းတဲ့။ အမေရယ် သားတို့။ သမီးတို့ကို ပြောင်းပေးပါ" လို့ ငှက်ကလေးတွေက တောင်းပန်တယ်။

အမေဖြစ်သူက "အင်း ကိစ္စ မရှိသေးပါဘူး သားတို့ သမီးတို့ရယ်၊ လယ်သမားတွေဟာ မိတ်ဆွေ အိမ်နီးနားချင်း တွေကို အားကိုးရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်သေးဘူး" လို့ ဖျောင်းဖျလိုက် လေသတဲ့။ အဲဒါနဲ့ သူတို့တတွေဟာ အေးဆေးစွာ အိပ်ကြတယ်။

နောက်တနေ့မှာလည်း ဘီလုံးငှက်မဟာ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကား မှတ်သား ထားကြဖို့ မှာပြီး အစာရှာ ထွက်သွားသတဲ့။ ညနေကျတဲ့အခါ သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။

"အမေရေ လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် မေပြောသလို ဘယ်သူမှ မလာဘူး။ အဲဒါနဲ့ လယ်သမားကြီးက သူ့ရဲ့ သားကို ခိုင်းပြန်တယ်။ ဆွေမျိုးတွေကို မနက်ဖြန် လာကူရိတ်သိမ်း ပေးဖို့ အကူအညီ သွားတောင်းလို့ မှာတယ်။ သားတို့ သမီးတို့ကို ပြောင်းပေးပါ" လို့ တောင်းပန်ကြ ပြန်တယ်။

ဒီတခါ အမေက "ကိစ္စ မရှိသေးပါဘူး သားတို့ သမီးတို့၊ လယ်သမားဟာ ဆွေမျိုးတွေကို အားကိုးတာပဲ။ ဒါဆိုရင် ဘာမှအလုပ် ဖြစ်မှာ မဟုတ်သေးဘူး" လို့ နှစ်သိမ့်ပြန် သတဲ့။ အဲဒီလိုနဲ့ သူတို့တတွေဟာ အသိုက်မှာ အေးဆေးစွာ အိပ်ကြတယ်။

နောက်တနေ့မှာ ဘီလုံးငှက်မဟာ အစာရှာ မသွားမီ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကားကို သေသေချာချာ မှတ်သားထားဖို့ မှာတယ်။ ညနေဖက် သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။

"အမေရေ လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး" "အေး သူတို့ဟာ ဆွေမျိုး အားကိုးတာကိုး" "ဟုတ်တယ်အမေ ဘယ်သူမှ မလာတော့ လယ်သမားကြီးက သူ့ရဲ့သားကို ပြောတယ်။ မနက်ဖြန် တို့နှစ်ယောက်ပဲ ပြောင်းခင်းကို ရိတ်ကြမယ်" တဲ့။

"ဟုတ်လား၊ ဒါဆို သားတို့ သမီးတို့ ပြောင်းဖို့ အချိန် ရောက်လာပြီ" လို့ ပြောကာ အသိုက် ပြောင်းသွားလေ သတဲ့။

တကယ့်အရေး ကြုံတဲ့ အခါ အိမ်နီးချင်းနဲ့ ဆွေမျိုး အသိုင်းအဝိုင်း တွေကို အားကိုးလို့ မရကြောင်းနဲ့ ကိုယ့်ကိုယ်ကိုသာ အားကိုးဖို့ ဒီပုံပြင်လေးက သင်ခန်းစာ ပေးနေတာပဲ ဖြစ်ပါတယ်။ Crd

Zawgyi

ငွက္မႀကီးက ေပးတဲ့ သင္ခန္းစာ

တခါတုန္းက ဘီလုံးငွက္မ တေကာင္ဟာ သူ႔ရဲ႕ သားသမီးေတြနဲ႔ ေျပာင္းခင္းထဲမွာ အသိုက္ဖြဲ႕ ေနခဲ့တယ္။ ဒီလိုနဲ႔ သူ႔ရဲ႕ သားသမီးေတြဟာ မပ်ံသန္းႏိုင္ ေသးတဲ့ အ႐ြယ္မွာပဲ ေျပာင္းခင္းဟာ ရင့္မွည့္လာၿပီး ရိတ္သိမ္းဖို႔ အခ်ိန္ ေရာက္လာခဲ့တယ္။

အဲဒါနဲ႔ ဘီလုံးငွက္မဟာ အစာရွာ မထြက္မီ သားသမီးေတြကို ခုလို မွာၾကားခဲ့တယ္။ "ဒီေျပာင္းခင္း ကေန တို႔တေတြ ေျပာင္းရလိမ့္မယ္။ ဒါေပမယ့္ ဘယ္ေတာ့ ေျပာင္းရမွာလဲ ဆိုတာေတာ့ မသိေသးဘူး။ ဒါေၾကာင့္ ဒီအနားကို လာၿပီး ေျပာဆိုေန ၾကတဲ့ လယ္သမားေတြရဲ႕ စကားကို မွတ္သားထားပါ" လို႔ မွာခဲ့တယ္။

ညေန ေစာင္းလို႔ ဘီလုံးငွက္မႀကီး အစာရွာၿပီး ျပန္လာတဲ့ အခ်ိန္မွာ ငွက္ကေလးေတြက ေျပာလိုက္တယ္။ "အေမ၊ လယ္သမားႀကီးက သူ႔ရဲ႕သားကို ခိုင္းတယ္။ ေျပာင္းေတြ ရင့္မွည့္လို႔ ရိတ္သိမ္းခ်ိန္ တန္ၿပီ။ မိတ္ေဆြေတြကို မနက္ျဖန္ လာကူရိတ္ဖို႔ အကူအညီ သြားေတာင္းတဲ့။ အေမရယ္ သားတို႔။ သမီးတို႔ကို ေျပာင္းေပးပါ" လို႔ ငွက္ကေလးေတြက ေတာင္းပန္တယ္။

အေမျဖစ္သူက "အင္း ကိစၥ မရွိေသးပါဘူး သားတို႔ သမီးတို႔ရယ္၊ လယ္သမားေတြဟာ မိတ္ေဆြ အိမ္နီးနားခ်င္း ေတြကို အားကိုးရင္ ဘာမွ အလုပ္ျဖစ္မွာ မဟုတ္ေသးဘူး" လို႔ ေဖ်ာင္းဖ်လိုက္ ေလသတဲ့။ အဲဒါနဲ႔ သူတို႔တေတြဟာ ေအးေဆးစြာ အိပ္ၾကတယ္။

ေနာက္တေန႔မွာလည္း ဘီလုံးငွက္မဟာ သားသမီးေတြကို ထုံးစံအတိုင္း လယ္သမား သားအဖရဲ႕ စကား မွတ္သား ထားၾကဖို႔ မွာၿပီး အစာရွာ ထြက္သြားသတဲ့။ ညေနက်တဲ့အခါ သူ႔အေမ ဘီလုံးငွက္မႀကီး ျပန္ေရာက္ေတာ့ ငွက္ကေလးေတြက ေျပာျပတယ္။

"အေမေရ လယ္သမားႀကီးနဲ႔ သူ႔ရဲ႕သားဟာ ေစာင့္ေနေပမယ့္ ေမေျပာသလို ဘယ္သူမွ မလာဘူး။ အဲဒါနဲ႔ လယ္သမားႀကီးက သူ႔ရဲ႕ သားကို ခိုင္းျပန္တယ္။ ေဆြမ်ိဳးေတြကို မနက္ျဖန္ လာကူရိတ္သိမ္း ေပးဖို႔ အကူအညီ သြားေတာင္းလို႔ မွာတယ္။ သားတို႔ သမီးတို႔ကို ေျပာင္းေပးပါ" လို႔ ေတာင္းပန္ၾက ျပန္တယ္။

ဒီတခါ အေမက "ကိစၥ မရွိေသးပါဘူး သားတို႔ သမီးတို႔၊ လယ္သမားဟာ ေဆြမ်ိဳးေတြကို အားကိုးတာပဲ။ ဒါဆိုရင္ ဘာမွအလုပ္ ျဖစ္မွာ မဟုတ္ေသးဘူး" လို႔ ႏွစ္သိမ့္ျပန္ သတဲ့။ အဲဒီလိုနဲ႔ သူတို႔တေတြဟာ အသိုက္မွာ ေအးေဆးစြာ အိပ္ၾကတယ္။

ေနာက္တေန႔မွာ ဘီလုံးငွက္မဟာ အစာရွာ မသြားမီ သားသမီးေတြကို ထုံးစံအတိုင္း လယ္သမား သားအဖရဲ႕ စကားကို ေသေသခ်ာခ်ာ မွတ္သားထားဖို႔ မွာတယ္။ ညေနဖက္ သူ႔အေမ ဘီလုံးငွက္မႀကီး ျပန္ေရာက္ေတာ့ ငွက္ကေလးေတြက ေျပာျပတယ္။

"အေမေရ လယ္သမားႀကီးနဲ႔ သူ႔ရဲ႕သားဟာ ေစာင့္ေနေပမယ့္ ဘယ္သူမွ မလာဘူး" "ေအး သူတို႔ဟာ ေဆြမ်ိဳး အားကိုးတာကိုး" "ဟုတ္တယ္အေမ ဘယ္သူမွ မလာေတာ့ လယ္သမားႀကီးက သူ႔ရဲ႕သားကို ေျပာတယ္။ မနက္ျဖန္ တို႔ႏွစ္ေယာက္ပဲ ေျပာင္းခင္းကို ရိတ္ၾကမယ္" တဲ့။

"ဟုတ္လား၊ ဒါဆို သားတို႔ သမီးတို႔ ေျပာင္းဖို႔ အခ်ိန္ ေရာက္လာၿပီ" လို႔ ေျပာကာ အသိုက္ ေျပာင္းသြားေလ သတဲ့။

တကယ့္အေရး ႀကဳံတဲ့ အခါ အိမ္နီးခ်င္းနဲ႔ ေဆြမ်ိဳး အသိုင္းအဝိုင္း ေတြကို အားကိုးလို႔ မရေၾကာင္းနဲ႔ ကိုယ့္ကိုယ္ကိုသာ အားကိုးဖို႔ ဒီပုံျပင္ေလးက သင္ခန္းစာ ေပးေနတာပဲ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments