ရာဝင် အိုးကြီး

တခါတုန်းက ရွာလေးတရွာမှာ ပွဲလုပ်ဖို့ ရှိနေပါသတဲ့။ ကျေးရွာတွေမှာ လုပ်တဲ့ပွဲလေး ဆိုတော့လည်း ထုံးစံ အတိုင်း စည်ကားအောင် လုပ်ရမှာက သူကြီးရဲ့ တာဝန်ပဲ မဟုတ်လား။ ဒီတော့ သူကြီးက မောင်းကို ထု၊ လူစုပြီးတော့ ပြောပါသတဲ့။

"လာမဲ့ စနေနေ့ ညနေမှာ ကျုပ်တို့ရွာမှာ ပွဲတော် လုပ်မှာကို လူတိုင်းလည်း သိပြီး ဖြစ်တယ်။ ပွဲတော်မှာ လာတဲ့ လူတွေကို ဧည့်ခံဖို့ အတွက် အစားအသောက်ကို ရွာက လူတွေကပဲ စုပေါင်း ကျွေးမွေးရအောင်။

ဒီတော့ ကျုပ်အိမ်ရှေ့မှာ ရာဝင်အိုးကြီး တလုံး ထားထားမယ်။ စနေနေ့ မနက်ကျရင် ရွာသားတွေက တအိမ်ကို နွားနို့ ၂ ပိဿာစီ လာထည့်ကြပါ။ ပွဲတော်ကို လာတဲ့ လူတွေကို နွားနို့နဲ့ ဧည့်ခံမယ်" လို့ ကြေငြာပါသတဲ့။

ရွာသားတယောက်က အိမ်ပြန်ရောက်တော့ စဉ်းစားမိသတဲ့။ "ပွဲတော်မှာ နွားနို့တိုက်ဖို့ ဆိုတော့ အိမ်တိုင်း ကတော့ ပို့ရမှာပဲ။ ငါလည်း ပို့တော့ပို့ချင်တယ်။ ဒါပေမဲ့ ငါ့မှာက သားသမီး ကလည်းများ၊ မိန်းမကလည်း မမာနဲ့ဆိုတော့ စီးပွားရေးက အဆင်ပြေလှတယ် မဟုတ်ဘူး။

နွားနို့ ၂ ပိဿာရဲ့ တန်ဖိုး ဆိုတာ ကလည်း နည်းတာ မဟုတ်လေတော့ ငါ အပိုမသုံးနိုင်ဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲ" ဆိုပြီး စဉ်းစားပါသတဲ့။ စဉ်းစားနေရင်း နဲ့မှ သူအကြံတခုကို ရလိုက်တဲ့ အတွက် အရမ်း ဝမ်းသာသွားပြီး အဲဒီလို လုပ်ဖို့ပဲ ဆုံးဖြတ်လိုက် ပါသတဲ့။

သူ့အကြံ ကတော့ သူကြီးအမိန့်နဲ့ ရွာပွဲတော် အတွက် အလှူဆိုတော့ လူတိုင်းကတော့ နွားနို့ လာထည့် ကြမှာပဲ။ ငါကတော့ ဆင်းရဲတဲ့ လူလည်း ဖြစ်ပြန်၊ စီးပွားရေးလည်း အဆင်မပြေပြန် ဆိုတော့ နွားနို့အစား ရေ ၂ ပိဿာပဲ သွားထည့် လိုက်မယ်။ လူတိုင်း နွားနို့ ထည့်ထားတဲ့ အိုးထဲကို ငါရေ ၂ ပိသာလောက် ရောရုံနဲ့တော့ ဘာမှ မဖြစ်သွား လောက်ပါဘူး ဆိုပြီး တွေးမိတော့ သူ အတော် စိတ်ချမ်းသာ သွားတယ်။

နွားနို့ထည့်ရမယ့် စနေနေ့ မနက်ကျတော့ သူလည်း ရေ ၂ ပိသာကို နွားနို့ ပုံးထဲထည့်ပြီး သူကြီးအိမ်ရှေ့က အိုးထဲကို သွားထည့်ခဲ့ ပါတယ်။ အိုးကြီးကလည်း ရာဝင် စဉ့်အိုးကြီး ဖြစ်နေ လေတော့ အထဲမှာ မှောင်မှောင် မဲမဲ ဘာမှ မမြင်ရလေတော့ သူ့အတွက် အတော်လေး အဆင်ပြေသွားတာပေါ့။

အဲဒီလိုနဲ့ ညနေ ရောက်လာလို့ ဧည့်သည်တွေကို ဧည့်ခံရတော့မယ့် အချိန် ရောက်တော့ သူကြီးက ဧည့်သည်တွေကို ရွာသားတွေ စုပေါင်း ဧည့်ခံမှု အဖြစ် နွားနို့နဲ့ ဧည့်ခံမယ့် အကြောင်း ကြေငြာပြီး နွားနို့ အိုးကို ဖွင့်ပြီး ခွက်နဲ့ ခပ်လိုက်သတဲ့။ ပြီးတော့မှ ဧည့်သည်တွေကို ခွက်ပေးမယ် အလုပ်မှာ သူကြီးရဲ့ မျက်နှာဟာ ပျက်သွားပြီး ခွက်ကို အိုးထဲ ပြန်ထည့်ပြီး ပြန်ခပ်ပြန် သတဲ့။

သူကြီးတယောက် အိုးထဲကို ခွက်နဲ့ ခပ်လိုက် ကြည့်လိုက် ပြန်ခပ်လိုက် လုပ်နေရင်းကနေ တဖြည်းဖြည်း မျက်နှာကြီး နီလာပြီး "ဟေ့၊ ဒီအိုးထဲကို နွားနို့ ၂ ပိသာစီ ထည့်ရမယ် မှာထားရက်နဲ့ ရေတွေထည့်တာ ဘယ်သူတွေလဲကွ" လို့ အော်လိုက်ပါတယ်။

ဒီတော့ ရွာသားတွေလည်း အပြေး လာကြည့်ကြတော့ အိုးကြီး တခုလုံးမှာ နွားနို့နဲ့ တူတာဆိုလို့ တစက်မှ မရှိပဲ တအိုးလုံးဟာ ရေတွေကြီး ဖြစ်နေတာကို တွေ့ရ ပါသတဲ့။

ငါတယောက်ထဲ မထည့်လိုက်တာနဲ့၊ မလုပ်လိုက်တာနဲ့ ဒီကိစ္စကြီးဟာ ဘာမှ ဖြစ်မသွားနိုင်ပါဘူး လို့ မတွေးလိုက်ပါနဲ့။ ငါ တယောက်ထဲ၊ ငါ တယောက်ထဲတွေ များလာတဲ့အခါ တအိုးလုံး ရေတွေချည်း ဖြစ်နေပါလိမ့်မယ်။

Crd

Zawgyi

ရာဝင္အိုးႀကီး

တခါတုန္းက ႐ြာေလးတ႐ြာမွာ ပြဲလုပ္ဖို႔ ရွိေနပါသတဲ့။ ေက်း႐ြာေတြမွာ လုပ္တဲ့ပြဲေလး ဆိုေတာ့လည္း ထုံးစံ အတိုင္း စည္ကားေအာင္ လုပ္ရမွာက သူႀကီးရဲ႕ တာဝန္ပဲ မဟုတ္လား။ ဒီေတာ့ သူႀကီးက ေမာင္းကို ထု၊ လူစုၿပီးေတာ့ ေျပာပါသတဲ့။

"လာမဲ့ စေနေန႔ ညေနမွာ က်ဳပ္တို႔႐ြာမွာ ပြဲေတာ္ လုပ္မွာကို လူတိုင္းလည္း သိၿပီး ျဖစ္တယ္။ ပြဲေတာ္မွာ လာတဲ့ လူေတြကို ဧည့္ခံဖို႔ အတြက္ အစားအေသာက္ကို ႐ြာက လူေတြကပဲ စုေပါင္း ေကြၽးေမြးရေအာင္။

ဒီေတာ့ က်ဳပ္အိမ္ေရွ႕မွာ ရာဝင္အိုးႀကီး တလုံး ထားထားမယ္။ စေနေန႔ မနက္က်ရင္ ႐ြာသားေတြက တအိမ္ကို ႏြားႏို႔ ၂ ပိႆာစီ လာထည့္ၾကပါ။ ပြဲေတာ္ကို လာတဲ့ လူေတြကို ႏြားႏို႔နဲ႔ ဧည့္ခံမယ္" လို႔ ေၾကျငာပါသတဲ့။

႐ြာသားတေယာက္က အိမ္ျပန္ေရာက္ေတာ့ စဥ္းစားမိသတဲ့။ "ပြဲေတာ္မွာ ႏြားႏို႔တိုက္ဖို႔ ဆိုေတာ့ အိမ္တိုင္း ကေတာ့ ပို႔ရမွာပဲ။ ငါလည္း ပို႔ေတာ့ပို႔ခ်င္တယ္။ ဒါေပမဲ့ ငါ့မွာက သားသမီး ကလည္းမ်ား၊ မိန္းမကလည္း မမာနဲ႔ဆိုေတာ့ စီးပြားေရးက အဆင္ေျပလွတယ္ မဟုတ္ဘူး။

ႏြားႏို႔ ၂ ပိႆာရဲ႕ တန္ဖိုး ဆိုတာ ကလည္း နည္းတာ မဟုတ္ေလေတာ့ ငါ အပိုမသုံးႏိုင္ဘူး။ ဘယ္လိုလုပ္ရင္ ေကာင္းမလဲ" ဆိုၿပီး စဥ္းစားပါသတဲ့။ စဥ္းစားေနရင္း နဲ႔မွ သူအႀကံတခုကို ရလိုက္တဲ့ အတြက္ အရမ္း ဝမ္းသာသြားၿပီး အဲဒီလို လုပ္ဖို႔ပဲ ဆုံးျဖတ္လိုက္ ပါသတဲ့။

သူ႔အႀကံ ကေတာ့ သူႀကီးအမိန႔္နဲ႔ ႐ြာပြဲေတာ္ အတြက္ အလႉဆိုေတာ့ လူတိုင္းကေတာ့ ႏြားႏို႔ လာထည့္ ၾကမွာပဲ။ ငါကေတာ့ ဆင္းရဲတဲ့ လူလည္း ျဖစ္ျပန္၊ စီးပြားေရးလည္း အဆင္မေျပျပန္ ဆိုေတာ့ ႏြားႏို႔အစား ေရ ၂ ပိႆာပဲ သြားထည့္ လိုက္မယ္။ လူတိုင္း ႏြားႏို႔ ထည့္ထားတဲ့ အိုးထဲကို ငါေရ ၂ ပိသာေလာက္ ေရာ႐ုံနဲ႔ေတာ့ ဘာမွ မျဖစ္သြား ေလာက္ပါဘူး ဆိုၿပီး ေတြးမိေတာ့ သူ အေတာ္ စိတ္ခ်မ္းသာ သြားတယ္။

ႏြားႏို႔ထည့္ရမယ့္ စေနေန႔ မနက္က်ေတာ့ သူလည္း ေရ ၂ ပိသာကို ႏြားႏို႔ ပုံးထဲထည့္ၿပီး သူႀကီးအိမ္ေရွ႕က အိုးထဲကို သြားထည့္ခဲ့ ပါတယ္။ အိုးႀကီးကလည္း ရာဝင္ စဥ့္အိုးႀကီး ျဖစ္ေန ေလေတာ့ အထဲမွာ ေမွာင္ေမွာင္ မဲမဲ ဘာမွ မျမင္ရေလေတာ့ သူ႔အတြက္ အေတာ္ေလး အဆင္ေျပသြားတာေပါ့။

အဲဒီလိုနဲ႔ ညေန ေရာက္လာလို႔ ဧည့္သည္ေတြကို ဧည့္ခံရေတာ့မယ့္ အခ်ိန္ ေရာက္ေတာ့ သူႀကီးက ဧည့္သည္ေတြကို ႐ြာသားေတြ စုေပါင္း ဧည့္ခံမႈ အျဖစ္ ႏြားႏို႔နဲ႔ ဧည့္ခံမယ့္ အေၾကာင္း ေၾကျငာၿပီး ႏြားႏို႔ အိုးကို ဖြင့္ၿပီး ခြက္နဲ႔ ခပ္လိုက္သတဲ့။ ၿပီးေတာ့မွ ဧည့္သည္ေတြကို ခြက္ေပးမယ္ အလုပ္မွာ သူႀကီးရဲ႕ မ်က္ႏွာဟာ ပ်က္သြားၿပီး ခြက္ကို အိုးထဲ ျပန္ထည့္ၿပီး ျပန္ခပ္ျပန္ သတဲ့။

သူႀကီးတေယာက္ အိုးထဲကို ခြက္နဲ႔ ခပ္လိုက္ ၾကည့္လိုက္ ျပန္ခပ္လိုက္ လုပ္ေနရင္းကေန တျဖည္းျဖည္း မ်က္ႏွာႀကီး နီလာၿပီး "ေဟ့၊ ဒီအိုးထဲကို ႏြားႏို႔ ၂ ပိသာစီ ထည့္ရမယ္ မွာထားရက္နဲ႔ ေရေတြထည့္တာ ဘယ္သူေတြလဲကြ" လို႔ ေအာ္လိုက္ပါတယ္။ ဒီေတာ့ ႐ြာသားေတြလည္း အေျပး လာၾကည့္ၾကေတာ့ အိုးႀကီး တခုလုံးမွာ ႏြားႏို႔နဲ႔ တူတာဆိုလို႔ တစက္မွ မရွိပဲ တအိုးလုံးဟာ ေရေတြႀကီး ျဖစ္ေနတာကို ေတြ႕ရ ပါသတဲ့။

ငါတေယာက္ထဲ မထည့္လိုက္တာနဲ႔၊ မလုပ္လိုက္တာနဲ႔ ဒီကိစၥႀကီးဟာ ဘာမွ ျဖစ္မသြားႏိုင္ပါဘူး လို႔ မေတြးလိုက္ပါနဲ႔။ ငါ တေယာက္ထဲ၊ ငါ တေယာက္ထဲေတြ မ်ားလာတဲ့အခါ တအိုးလုံး ေရေတြခ်ည္း ျဖစ္ေနပါလိမ့္မယ္။

Crd

Post a Comment

0 Comments