ဘဏ်မှာ အပ်ထားတဲ့ငွေတွေ ထုတ်မရလို့ ဘဏ်ကို ဓါးပြတိုက်လိုက်တဲ့ အမျိုးသား

ကိုယ့်ပိုက်ဆံကိုယ် ဘဏ်မှာ လိုတဲ့အချိန် ထုတ်မရတာဟာ အရမ်းကို အခက်အခဲ ဖြစ်စေပါတယ်။ လက်ဘနွန်နိုင်ငံမှာလည်း ဒီဒုက္ခကို ခံစားနေရပါတယ်။ အဲဒါကြောင့် သူ့ပိုက်ဆံကို ဘဏ်မှာထုတ်လို့ မရတာကြောင့် ဘဏ်ကို ဓါးပြတိုက် လိုက်ပါတယ်။

စတော့ဈေးကွက် ထိုးစိုက်ကျရတဲ့ ကြားထဲ ဘဏ်က စုငွေတွေကို ထုတ်မရတာကြောင့် လက်ဘနွန်နိုင်ငံသားတွေက ဒေါသထွက်နေကြပါတယ်။ ဘဏ်ကို ဓါးပြတိုက်လိုက်တဲ့သူ နာမည်က Abdallah Assaii လို့ခေါ်ပြီး အသက်က ၃၇ နှစ် အရွယ်ရှိပါပြီ။ သူက ကော်ဖီဆိုင်ပိုင်ရှင် တစ်ယောက်ပါ။

လက်ဘနွန်နိုင်ငံ၊ Beqaa တောင်ကြားမှာရှိတဲ့ Jeb Jannine မြို့က BBAC ဘဏ်မှာ ဝန်ထမ်း ၇ ယောက်ကို ဓါးစားခံ လုပ်ထားတယ်ဆိုပြီး Assii ကို စွပ်စွဲထားကြပါတယ်။ သူ့အကောင်ထဲကနေ ဒေါ်လာ ၅၀၀၀၀ ထုတ်မပေးရင် ဘဏ်ဝန်ထမ်းတွေကို ဓါတ်ဆီထဲမှာ နှစ်သတ်ပြီး မီးရှို့ပစ်မယ်လို့ Assii က ခြိမ်းခြောက်ခဲ့ပါတယ်။

Assii က အဖမ်းခံရပြီးနောက်မှာ အစာအငတ်ခဲပြီးတော့ ဆန္ဒပြနေခဲ့ပါတယ်။

" Assii က လက်ဘနွန်နိုင်ငံမှာ ဘယ်သူမှ မလုပ်နိုင်တဲ့အရာကို လုပ်နိုင်ခဲ့တယ်။ သူက ပိုက်ဆံခိုးတာမှ မဟုတ်တာ..။ သူ့ပိုက်ဆံ သူယူတာ.." လို့ Assii ရဲ့ ဇာတိမြို့က လူတစ်ယောက်က ပြောပါတယ်။

" Assii ကို ပြန်လွှတ်ဖို့ အစိုးရကို ကျွန်တော်တို့ တောင်းဆိုကြမယ်။ သူ့လုပ်ရပ်က မှန်နေတယ်။ သူ့ဘက်ကနေ ကျွန်တော်တို့အားလုံး ရပ်တည်သွားမယ်" လို့ Jeb Jannine မြို့က Assii ကို ထောက်ခံသူတွေက သောကြာနေ့ ဝတ်ပြုချိန်အပြီးမှာ ပြောဆိုလိုက်ပါတယ်။

လက်ဘနွန်နိုင်ငံမှာ နေထိုင်သူလူဦးရေ ၆ သန်းက အဆိုးဆုံး ငွေကြေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ငွေကြေးတန်ဖိုးက ၉၀% အထိ ကျဆင်းသွားပါတယ်။

" လူတွေက သူတို့ရဲ့ငွေကို သူတို့ပြန်ယူတာ ကျွန်တော်ဆို့ မဆန့်ကျင်ပါဘူး။ ဒါပေမယ့် ငွေထုတ်မရတာက ဘဏ်ခွဲက ဝန်ထမ်းရဲ့ အမှားမှ မဟုတ်တာ..။ ငွေတွေကို ပုံမှန်အတိုင်း ထုတ်ချင်ရင် ဘဏ်ရုံးချုပ် ဒါမှမဟုတ် နိုင်ငံရေးသမားတွေဆီကို သွားပြောသင့်တယ်။ ဒီလိုငွေကြေး ကြပ်တည်းတာရဲ့ နောက်ကွယ်မှာ သူတို့ရှိနေတယ်"လို့ ဓါးစာခံဖြစ်သွားခဲ့ရတဲ့ ဘဏ်ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

နိုင်ငံရဲ့ခေါင်းဆောင်တွေက စီးပွားရေး ကြပ်တည်းလာတယ်လို့ အပြစ်တင်ဖို့ပဲ သိကြောင်း ဘက်ဘနွန်နိုင်ငံသားတွေက ပြောဆိုနေကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments