ဘောလုံးလေးတွေက ပေးတဲ့သင်ခန်းစာ

လူတစုက သူတို့ရဲ့ ဘဝတွေ ပျော်ရွှင်ဖို့ အတွက် ပျော်ရွှင်မှုကို ဘယ်လို ရှာရမလဲ ဆိုတာ ဆွေးနွေးဖို့ စုရုံးလိုက် ကြပါတယ်။ သူတို့ကို ဆွေးနွေးပေးတဲ့ ဆရာက ဘဝအတွက် သင်ခန်းစာတွေနဲ့ အခြား စွမ်းရည်တွေကို သင်ပေးပါတယ်။

ရုတ်တရက် ဆရာက ဆွေးနွေးနေတာကို ရပ်တန့် လိုက်ပြီး လူတယောက်ကို ဘောလုံး တလုံးစီ ပေးပါတယ်။ လူတိုင်းကို ပြောပါတယ်။

ဆော့ပင်နဲ့ ဘောလုံးပေါ်မှာ နာမည်တခုကို ရေးပြီးနောက် ဘောလုံ;အားလုံးကို တစုတစည်းထဲ အခြားအခန်း တခုကို လာပို့ပေးဖို့ မှာလိုက်ပါတယ်။

ပြီးတဲ့နောက် မှာတော့ အဲဒီ ဘောလုံးတွေထဲ ကနေ ငါးမိနစ် အတွင်း ကိုယ့်နာမည် ကိုယ်ရှာဖို့ အမိန့်ပေးလိုက် ပါတယ်။ လူတိုင်းက ထိုငါးမိနစ် အတွင်းမှာ ကိုယ့်နာမည် ရေးထားတဲ့ ဘောလုံးကို အသည်းအသန် ရှာရပါတယ်။

တွန်းလိုက်၊ တိုက်လိုက်၊ လဲပြို ကျလိုက်နဲ့ အသည်းအသန် ရှာပေမယ့် အချိန်က အရမ်းကို နည်းလွန်းနေတဲ့ အတွက် ကိုယ့်နာမည် ပါတဲ့ ဘောလုံးကို ရှာမရပါဘူး။ ငါးမိနစ် ပြည့်တဲ့ အခါ မှတော့ ဆရာက ပြောပါတယ်။

"ကျွန်တော်တို့ အားလုံးဟာ ကိုယ့်နာမည်ကိုယ် ရှာသလိုပါပဲ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ဘယ်ဆီမှာမှန်း မသိဘဲ လိုက်ရှာနေ ကြပါတယ်။ တကယ်တော့ အခြားသူများကို ကူညီပြီး သူတို့ နာမည်ပါတဲ့ ဘောလုံးကို ရှာပေးလိုက်မယ် ဆိုရင် သင့်နာမည် ပါတဲ့ဘောလုံးကို သင် ရှာမတွေ့ ပေမယ့် သင်ကျေနပ် နေပါလိမ့်မယ်။

ခုနက ဘောလုံး ရှာခိုင်းတဲ့ အချိန်မှာ သင့်လက်ထဲ ရောက်လာတဲ့ ဘောလုံးက သင့်နာမည်ပါတဲ့ ဘောလုံး မဟုတ်ပေမယ့် ထိုနာမည် ပိုင်ရှင်ကို ပေးလိုက်ရင် အခြားသူ တယောက် ပျော်သွားသလို၊ သင်လည်း ကျေနပ်နေမိ မှာပါပဲ။ အဲဒါကသာ လူ့ဘဝမှာ ရှင်သန်ရခြင်းရဲ့ အနှစ်သာရ ပျော်ရွှင်ခြင်း ဖြစ်ပါတယ်။

ဒီစာပိုဒ်ထဲက လိုပါပဲ။ ကျွန်တော်တို့ နေ့စဉ် ဘဝမှာလည်း ပျော်ရွှင်ဖို့ ဆိုတာကို အသည်းအသန် လိုက်ရှာ နေတတ် ကြပါတယ်။ တကယ်တော့ ပျော်ရွှင်မှု ဆိုတာက ကျွန်တော်တို့ရဲ့ အတွင်းစိတ်ထဲ မှာသာ ရှိနေတတ် ပါတယ်။

အခြားသူများကို ပျော်ရွှင်ကျေနပ် စေချင်တဲ့ စိတ်နဲ့ ပြုမူလိုက်ခြင်းက ကိုယ့်ရဲ့ စိတ်တွင်းမှာ ကိုယ်တိုင် ပျော်ရွှင် ကျေနပ် သွားပြီးမှ အခြားသူထံ ကူးစက်သွားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ပျော်ရွှင်မှုကို အခြားသောအရာတွေထဲမှ မရှာဘဲ ကိုယ့်စိတ်တွင်းအေးချမ်းမှု၊ ကျေနပ်မှုကိုသာရှာတဲ့အနေနဲ့ အခြားသူများကို ကူညီပေးလိုက်ပါ။ တကယ် ပျော်ရွှင် ကျေနပ် လာပါလိမ့်မယ်။

Crd

Zawgyi

ေဘာလုံးေလးေတြက ေပးတဲ့သင္ခန္းစာ

လူတစုက သူတို႔ရဲ႕ ဘဝေတြ ေပ်ာ္႐ႊင္ဖို႔ အတြက္ ေပ်ာ္႐ႊင္မႈကို ဘယ္လို ရွာရမလဲ ဆိုတာ ေဆြးေႏြးဖို႔ စု႐ုံးလိုက္ ၾကပါတယ္။ သူတို႔ကို ေဆြးေႏြးေပးတဲ့ ဆရာက ဘဝအတြက္ သင္ခန္းစာေတြနဲ႔ အျခား စြမ္းရည္ေတြကို သင္ေပးပါတယ္။

႐ုတ္တရက္ ဆရာက ေဆြးေႏြးေနတာကို ရပ္တန႔္ လိုက္ၿပီး လူတေယာက္ကို ေဘာလုံး တလုံးစီ ေပးပါတယ္။ လူတိုင္းကို ေျပာပါတယ္။

ေဆာ့ပင္နဲ႔ ေဘာလုံးေပၚမွာ နာမည္တခုကို ေရးၿပီးေနာက္ ေဘာလုံ;အားလုံးကို တစုတစည္းထဲ အျခားအခန္း တခုကို လာပို႔ေပးဖို႔ မွာလိုက္ပါတယ္။

ၿပီးတဲ့ေနာက္ မွာေတာ့ အဲဒီ ေဘာလုံးေတြထဲ ကေန ငါးမိနစ္ အတြင္း ကိုယ့္နာမည္ ကိုယ္ရွာဖို႔ အမိန႔္ေပးလိုက္ ပါတယ္။ လူတိုင္းက ထိုငါးမိနစ္ အတြင္းမွာ ကိုယ့္နာမည္ ေရးထားတဲ့ ေဘာလုံးကို အသည္းအသန္ ရွာရပါတယ္။

တြန္းလိုက္၊ တိုက္လိုက္၊ လဲၿပိဳ က်လိုက္နဲ႔ အသည္းအသန္ ရွာေပမယ့္ အခ်ိန္က အရမ္းကို နည္းလြန္းေနတဲ့ အတြက္ ကိုယ့္နာမည္ ပါတဲ့ ေဘာလုံးကို ရွာမရပါဘူး။ ငါးမိနစ္ ျပည့္တဲ့ အခါ မွေတာ့ ဆရာက ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ အားလုံးဟာ ကိုယ့္နာမည္ကိုယ္ ရွာသလိုပါပဲ။ ကိုယ့္ရဲ႕ ေပ်ာ္႐ႊင္မႈကို ဘယ္ဆီမွာမွန္း မသိဘဲ လိုက္ရွာေန ၾကပါတယ္။ တကယ္ေတာ့ အျခားသူမ်ားကို ကူညီၿပီး သူတို႔ နာမည္ပါတဲ့ ေဘာလုံးကို ရွာေပးလိုက္မယ္ ဆိုရင္ သင့္နာမည္ ပါတဲ့ေဘာလုံးကို သင္ ရွာမေတြ႕ ေပမယ့္ သင္ေက်နပ္ ေနပါလိမ့္မယ္။

ခုနက ေဘာလုံး ရွာခိုင္းတဲ့ အခ်ိန္မွာ သင့္လက္ထဲ ေရာက္လာတဲ့ ေဘာလုံးက သင့္နာမည္ပါတဲ့ ေဘာလုံး မဟုတ္ေပမယ့္ ထိုနာမည္ ပိုင္ရွင္ကို ေပးလိုက္ရင္ အျခားသူ တေယာက္ ေပ်ာ္သြားသလို၊ သင္လည္း ေက်နပ္ေနမိ မွာပါပဲ။ အဲဒါကသာ လူ႔ဘဝမွာ ရွင္သန္ရျခင္းရဲ႕ အႏွစ္သာရ ေပ်ာ္႐ႊင္ျခင္း ျဖစ္ပါတယ္။

ဒီစာပိုဒ္ထဲက လိုပါပဲ။ ကြၽန္ေတာ္တို႔ ေန႔စဥ္ ဘဝမွာလည္း ေပ်ာ္႐ႊင္ဖို႔ ဆိုတာကို အသည္းအသန္ လိုက္ရွာ ေနတတ္ ၾကပါတယ္။ တကယ္ေတာ့ ေပ်ာ္႐ႊင္မႈ ဆိုတာက ကြၽန္ေတာ္တို႔ရဲ႕ အတြင္းစိတ္ထဲ မွာသာ ရွိေနတတ္ ပါတယ္။

အျခားသူမ်ားကို ေပ်ာ္႐ႊင္ေက်နပ္ ေစခ်င္တဲ့ စိတ္နဲ႔ ျပဳမူလိုက္ျခင္းက ကိုယ့္ရဲ႕ စိတ္တြင္းမွာ ကိုယ္တိုင္ ေပ်ာ္႐ႊင္ ေက်နပ္ သြားၿပီးမွ အျခားသူထံ ကူးစက္သြားတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ေပ်ာ္႐ႊင္မႈကို အျခားေသာအရာေတြထဲမွ မရွာဘဲ ကိုယ့္စိတ္တြင္းေအးခ်မ္းမႈ၊ ေက်နပ္မႈကိုသာရွာတဲ့အေနနဲ႔ အျခားသူမ်ားကို ကူညီေပးလိုက္ပါ။ တကယ္ ေပ်ာ္႐ႊင္ ေက်နပ္ လာပါလိမ့္မယ္။

Crd

Post a Comment

0 Comments