စရိုက်မကောင်းသူ

တခါတုန်းက လူတယောက်သည် မြည်းတကောင် ဝယ်ရန် ဈေးသို့ ရောက်ရှိ လာ၏။ သူသည် မြည်းများ ရောင်းချရာ နေရာသို့ ရောက်သော အခါ များစွာသော မြည်းတို့ ထဲမှ အကောင်းဆုံးဟု ထင်ရသော မြည်းတကောင်ကို ရွေးချယ် လိုက်၏။

ထို့နောက် သူသည် မြည်းရောင်းသူအား "အဆွေ၊ ဤမြည်းကို ကောင်း မကောင်း သိရန် ကျွန်ုပ်၏ အိမ်သို့ ခေါ်ဆောင် သွားကာ စမ်းသပ် လိုပါသည်။

အကယ်၍ ကောင်းမွန်သော မြည်း ဖြစ်နေပါက ကျွန်ုပ် ဝယ်ယူ ပါမည်။ သို့သော် မြည်းဆိုး ဖြစ်ပါမူ ကျွန်ုပ် ဝယ်ယူခြင်း မပြုနိုင်၊ ပြန်လည် ပေးပို့ပါမည်" ဟူ၍ ပြောဆို ခွင့်တောင်း၏။

မြည်းရောင်းသူ ကလည်း သဘောတူကာ ခွင့်ပြုလိုက် လေသည်။ မြည်းဝယ်သူသည် မြည်းကို အိမ်သို့ ခေါ်ဆောင် သွားပြီးလျှင် တခြားသော သူ၏ မြည်းတို့နှင့် အတူ ရော၍ ထားလိုက်၏။

ထိုအခါ မြည်းအသစ်သည် အနီးရှိ မြည်းတို့ကို သေချာစွာ အကဲခတ်သည်။ ထိုနောက် ထိုအထဲမှ အပျင်းဆုံးနှင့် လောဘ အကြီးဆုံး ဖြစ်သည့် မြည်းကြီး တကောင်ထံ ချည်းကပ် မိတ်ဖွဲ့ကာ အတူ ယှဉ်တွဲ နေထိုင်လေသည်။

ထိုအဖြစ်အပျက်ကို မြည်းဝယ်သူက မြင်သည်နှင့် တပြိုင်နက် မြည်းကို ချက်ချင်းပင် ဆွဲခေါ်ကာ ရောင်းသူထံ ပြန်အပ်နှံ လေ၏။ ရောင်းသူသည် ထိုသူ၏ အပြု အမူကို နားမလည် နိုင်အောင် ဖြစ်သွား လေသည်။

ထို့ကြောင့် သူက "အဆွေ၊ အဘယ်ကြောင့် ဤမြည်းကို မနှစ်သက် ပါသနည်း။ စမ်းသပ်၍ ကြည့်ပြီး ပါပြီလော" ဟူ၍ မေးမြန်းသည်။ ထိုအခါ ဝယ်သူက

"အဆွေ၊ ဤမြည်းကို ကျွန်ုပ် အထွေးအထူး စမ်းသပ်ရန် မလိုတော့ပါ။ သူ၏ အပေါင်းအဖော်ကို ကြည့်ခြင်း အားဖြင့် သူ၏ သဘော စရိုက်ကိုလည် ကျွန်ုပ် သိခဲ့ရ ပါပြီ။

သူသည် ကျွန်ုပ်၏ အိမ်မှ အပျင်းဆုံးနှင့် လောဘ အကြီးဆုံး ဖြစ်သော မြည်းဆိုး နှင့်သာ အပေါင်းအသင်း ပြုပါသည်။

ထို့ကြောင့် သူ၏ သဘောစရိုက် မှာလည်း ထိုအတိုင်း ရှိမည်မှာ ယုံမှားဖွယ်ရာ မရှိတော့ပါ" ဟု ပြန်လည် ပြောဆို လိုက်လေ၏။

Crd

Zawgyi

စ႐ိုက္မေကာင္းသူ

တခါတုန္းက လူတေယာက္သည္ ျမည္းတေကာင္ ဝယ္ရန္ ေဈးသို႔ ေရာက္ရွိ လာ၏။ သူသည္ ျမည္းမ်ား ေရာင္းခ်ရာ ေနရာသို႔ ေရာက္ေသာ အခါ မ်ားစြာေသာ ျမည္းတို႔ ထဲမွ အေကာင္းဆုံးဟု ထင္ရေသာ ျမည္းတေကာင္ကို ေ႐ြးခ်ယ္ လိုက္၏။

ထို႔ေနာက္ သူသည္ ျမည္းေရာင္းသူအား "အေဆြ၊ ဤျမည္းကို ေကာင္း မေကာင္း သိရန္ ကြၽႏ္ုပ္၏ အိမ္သို႔ ေခၚေဆာင္ သြားကာ စမ္းသပ္ လိုပါသည္။

အကယ္၍ ေကာင္းမြန္ေသာ ျမည္း ျဖစ္ေနပါက ကြၽႏ္ုပ္ ဝယ္ယူ ပါမည္။ သို႔ေသာ္ ျမည္းဆိုး ျဖစ္ပါမူ ကြၽႏ္ုပ္ ဝယ္ယူျခင္း မျပဳႏိုင္၊ ျပန္လည္ ေပးပို႔ပါမည္" ဟူ၍ ေျပာဆို ခြင့္ေတာင္း၏။

ျမည္းေရာင္းသူ ကလည္း သေဘာတူကာ ခြင့္ျပဳလိုက္ ေလသည္။ ျမည္းဝယ္သူသည္ ျမည္းကို အိမ္သို႔ ေခၚေဆာင္ သြားၿပီးလွ်င္ တျခားေသာ သူ၏ ျမည္းတို႔ႏွင့္ အတူ ေရာ၍ ထားလိုက္၏။

ထိုအခါ ျမည္းအသစ္သည္ အနီးရွိ ျမည္းတို႔ကို ေသခ်ာစြာ အကဲခတ္သည္။ ထိုေနာက္ ထိုအထဲမွ အပ်င္းဆုံးႏွင့္ ေလာဘ အႀကီးဆုံး ျဖစ္သည့္ ျမည္းႀကီး တေကာင္ထံ ခ်ည္းကပ္ မိတ္ဖြဲ႕ကာ အတူ ယွဥ္တြဲ ေနထိုင္ေလသည္။

ထိုအျဖစ္အပ်က္ကို ျမည္းဝယ္သူက ျမင္သည္ႏွင့္ တၿပိဳင္နက္ ျမည္းကို ခ်က္ခ်င္းပင္ ဆြဲေခၚကာ ေရာင္းသူထံ ျပန္အပ္ႏွံ ေလ၏။ ေရာင္းသူသည္ ထိုသူ၏ အျပဳ အမူကို နားမလည္ ႏိုင္ေအာင္ ျဖစ္သြား ေလသည္။

ထို႔ေၾကာင့္ သူက "အေဆြ၊ အဘယ္ေၾကာင့္ ဤျမည္းကို မႏွစ္သက္ ပါသနည္း။ စမ္းသပ္၍ ၾကည့္ၿပီး ပါၿပီေလာ" ဟူ၍ ေမးျမန္းသည္။ ထိုအခါ ဝယ္သူက

"အေဆြ၊ ဤျမည္းကို ကြၽႏ္ုပ္ အေထြးအထူး စမ္းသပ္ရန္ မလိုေတာ့ပါ။ သူ၏ အေပါင္းအေဖာ္ကို ၾကည့္ျခင္း အားျဖင့္ သူ၏ သေဘာ စ႐ိုက္ကိုလည္ ကြၽႏ္ုပ္ သိခဲ့ရ ပါၿပီ။

သူသည္ ကြၽႏ္ုပ္၏ အိမ္မွ အပ်င္းဆုံးႏွင့္ ေလာဘ အႀကီးဆုံး ျဖစ္ေသာ ျမည္းဆိုး ႏွင့္သာ အေပါင္းအသင္း ျပဳပါသည္။

ထို႔ေၾကာင့္ သူ၏ သေဘာစ႐ိုက္ မွာလည္း ထိုအတိုင္း ရွိမည္မွာ ယုံမွားဖြယ္ရာ မရွိေတာ့ပါ" ဟု ျပန္လည္ ေျပာဆို လိုက္ေလ၏။

Crd

Post a Comment

0 Comments