ယုတ်မာသောသူ

တခါတုန်းက ကောင်မလေး တယောက်ဟာ သူ့အဘိုးအိမ် သွားဖို့ဆိုပြီး လယ်ကန်သင်းရိုး လမ်းအတိုင်း လျှောက်လာနေတုန်း ရှောကနဲ အသံကြားတော့ ငုံ့ကြည့်လိုက်တယ်။ ခြေထောက်နားမှာ မြွေတကောင်။ မြွေက ခလောက်ဆွဲမြွေ အမျိုးအစား။

အဲ့ဒီအချိန်မှာ ကောင်မလေးက ဘာမှ မလုပ်ရသေးခင် မြွေက ကောင်မလေးကို ပြောပါတယ်။ သူသေရတော့မယ် ထင်တယ်တဲ့။ သူအရမ်းလည်း ချမ်းနေတယ်တဲ့။ ဒီနေရာမှာ အရမ်း အေးတာပဲတဲ့။ အခုထိ ဘာမှလည်း မစားရ သေးဘူးတဲ့။ ဖြစ်နိုင်ရင် သူ့ကို ကောင်မလေးရဲ့ အင်္ကျီထဲထည့်ပြီး ကောင်မလေးနဲ့ အတူ ခေါ်သွားပါလားတဲ့ လုပ်ရော။

ကောင်မလေးက ပြန်ပြောတယ်။ "မဖြစ်ဘူး မဖြစ်ဘူး၊ နင်ဘာမြွေလဲ ဆိုတာ ငါသိတယ်။ နင်က ခလောက်ဆွဲမြွေ။ ငါ နင့်ကို ခေါ်သွားရင် နင် ငါ့ကို ကိုက်မှာ။ နင်က အဆိပ် ပြင်းတယ်"

မြွေက ကောင်မလေး ပြောတာကို လက်မခံဘူး။ "မကိုက်ဘူး မကိုက်ဘူး စိတ်ချ။ နင်သာ ငါ့ကို ကူညီရင် ငါဟာ နင့်သူငယ်ချင်းကောင်းပဲ။ နင့်ကိုငါ ကောင်းကောင်းမွန်မွန် တကယ် ဆက်ဆံမှာ"

မြွေက အဲဒီလို ပြောလာတော့ ကောင်မလေး တွေသွားတယ်။ ပြီးတော့ မြွေကို ကြည့်တယ်။ မြွေက လှလိုက်တာ သူ့အကွက်လေးတွေက ပန်းချီကား တချပ်လိုပဲ၊ ငါမြင်ဖူးသမျှ မြွေတွေထဲမှာ သူအလှဆုံးပဲ။

ကောင်မလေး ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ "ကောင်းပြီ၊ နင့်ကို ငါယုံတယ် နင့်ကို ငါကယ်မယ်။ ဘယ်လို သက်ရှိသတ္တဝါ မဆို ကြင်နာမှုနဲ့ ထိုက်တန်တယ် ဆိုတာ ငါ လက်ခံ ယုံကြည်ထားတယ်"

ပြောပြောဆိုဆိုနဲ့ ကောင်မလေးက မြွေကို ညင်ညင်သာသာနဲ့ ယူပြီး အင်္ကျီအောက်ထဲ ထည့်လို့ သူ့အဘိုးအိမ်ကို ဆက် ထွက်လာခဲ့တယ်။ လျှောက်လာရင်း လျှောက်လာရင်းနဲ့ ကောင်မလေး ပြင်းထန်တဲ့ နာကျင်မှု တခုကို ခံစားလိုက်ရတယ်။ မြွေက သူ့ကို ကိုက်လိုက်ပါပြီ။

ကောင်မလေး ငိုတယ် နောင်တ ရတယ်။ "နင် ငါ့ကို ဘယ်လို လုပ်လိုက်တာလဲဟင်။ နင်ပြောတော့ ငါ့ကို မကိုက်ဘူးဆို၊ ငါ နင့်ကို ယုံခဲ့တယ်လေ"

မြွေက "နင် ငါ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ကတည်းက ငါ ဘယ်လို အမျိုးအစားလဲ ဆိုတာ နင်သိပြီးသားပဲ။ မတတ်နိုင်ဘူးလေ နင့်ထိုက်နဲ့ နင့်ကံပေါ့" လို့ ပြောပြီး အမြီးလေးကို ခလောက်လို့ တွန့်တွန့် တွန့်တွန့်နဲ့ ထွက်သွား ပါတော့တယ်။

ပုံပြင်လေး ကတော့ ဒီမှာပဲ ပြီးဆုံးပါပြီ။ ပုံပြင်ထဲက မြွေလိုမျိုး လူအတော်များများကို ပတ်ဝန်းကျင်မှာ ကြုံဖူးကြမယ် ထင်ပါတယ်။ တချို့လူတွေက သွားသနားလို့ မရပါဘူး။ တချို့လူတွေက လျှာနှစ်ခွနဲ့ ခုနက မြွေလိုပါပဲ။ တချို့ လူတွေကတော့ ခွေးမြီးကောက် ကျည်တောက်စွပ်တွေပါ။

တချို့လူတွေက ခုတမျိုး တော်ကြာ တမျိုးပါပဲ။ တချို့လူတွေက အယုံသွင်းပြီးမှ ယုတ်မာတတ် ပါသေးတယ်။ တချို့လူတွေက မူယာမာယာ သိပ်များပါတယ်။ တချို့လူတွေက ကူလီကူမာ သိပ်ကျွမ်းပါတယ်။

ဒီတော့ လူတိုင်းက သနားကမားရုပ်နဲ့ မျက်ရည်ခံ ထိုးတိုင်း သနားစရာ မကောင်းဘူး ဆိုတာကိုလည်း ခေါင်းထဲ ထည့်ထား ရပါမယ်။ အပေါ်ယံ ရွှေမှုံကြဲထားတဲ့ မျက်နှာစာတွေ နဲ့လည်း သူတို့ရဲ့ အတွင်းစိတ် သန္တာန်တွေကို ခဏတာ အားဖြင့် ပြည်ဖုံးကားချ ထားလို့ ရတယ်ဆိုတာကိုလည်း စွဲမှတ်ထားရပါမယ်။

တချို့တချို့သော သူတွေဟာ ဘယ်လို သနားကြင်နာမှုမျိုး၊ စေတနာ ထားမှုမျိုး၊ ယုံကြည်ကိုးစားမှုမျိုး နဲ့မှ မထိုက်တန်ဘူး ဆိုတာကို လည်း နားလည်ထားဖို့ လိုအပ်ပါတယ်။

phoo myat chal

Zawgyi

ယုတ္မာေသာသူ

တခါတုန္းက ေကာင္မေလး တေယာက္ဟာ သူ႔အဘိုးအိမ္ သြားဖို႔ဆိုၿပီး လယ္ကန္သင္း႐ိုး လမ္းအတိုင္း ေလွ်ာက္လာေနတုန္း ေရွာကနဲ အသံၾကားေတာ့ ငုံ႔ၾကည့္လိုက္တယ္။ ေျခေထာက္နားမွာ ေႁမြတေကာင္။ ေႁမြက ခေလာက္ဆြဲေႁမြ အမ်ိဳးအစား။

အဲ့ဒီအခ်ိန္မွာ ေကာင္မေလးက ဘာမွ မလုပ္ရေသးခင္ ေႁမြက ေကာင္မေလးကို ေျပာပါတယ္။ သူေသရေတာ့မယ္ ထင္တယ္တဲ့။ သူအရမ္းလည္း ခ်မ္းေနတယ္တဲ့။ ဒီေနရာမွာ အရမ္း ေအးတာပဲတဲ့။ အခုထိ ဘာမွလည္း မစားရ ေသးဘူးတဲ့။ ျဖစ္ႏိုင္ရင္ သူ႔ကို ေကာင္မေလးရဲ႕ အက်ႌထဲထည့္ၿပီး ေကာင္မေလးနဲ႔ အတူ ေခၚသြားပါလားတဲ့ လုပ္ေရာ။

ေကာင္မေလးက ျပန္ေျပာတယ္။ "မျဖစ္ဘူး မျဖစ္ဘူး၊ နင္ဘာေႁမြလဲ ဆိုတာ ငါသိတယ္။ နင္က ခေလာက္ဆြဲေႁမြ။ ငါ နင့္ကို ေခၚသြားရင္ နင္ ငါ့ကို ကိုက္မွာ။ နင္က အဆိပ္ ျပင္းတယ္"

ေႁမြက ေကာင္မေလး ေျပာတာကို လက္မခံဘူး။ "မကိုက္ဘူး မကိုက္ဘူး စိတ္ခ်။ နင္သာ ငါ့ကို ကူညီရင္ ငါဟာ နင့္သူငယ္ခ်င္းေကာင္းပဲ။ နင့္ကိုငါ ေကာင္းေကာင္းမြန္မြန္ တကယ္ ဆက္ဆံမွာ"

ေႁမြက အဲဒီလို ေျပာလာေတာ့ ေကာင္မေလး ေတြသြားတယ္။ ၿပီးေတာ့ ေႁမြကို ၾကည့္တယ္။ ေႁမြက လွလိုက္တာ သူ႔အကြက္ေလးေတြက ပန္းခ်ီကား တခ်ပ္လိုပဲ၊ ငါျမင္ဖူးသမွ် ေႁမြေတြထဲမွာ သူအလွဆုံးပဲ။

ေကာင္မေလး ခ်က္ခ်င္းပဲ ဆုံးျဖတ္လိုက္တယ္။ "ေကာင္းၿပီ၊ နင့္ကို ငါယုံတယ္ နင့္ကို ငါကယ္မယ္။ ဘယ္လို သက္ရွိသတၱဝါ မဆို ၾကင္နာမႈနဲ႔ ထိုက္တန္တယ္ ဆိုတာ ငါ လက္ခံ ယုံၾကည္ထားတယ္"

ေျပာေျပာဆိုဆိုနဲ႔ ေကာင္မေလးက ေႁမြကို ညင္ညင္သာသာနဲ႔ ယူၿပီး အက်ႌေအာက္ထဲ ထည့္လို႔ သူ႔အဘိုးအိမ္ကို ဆက္ ထြက္လာခဲ့တယ္။ ေလွ်ာက္လာရင္း ေလွ်ာက္လာရင္းနဲ႔ ေကာင္မေလး ျပင္းထန္တဲ့ နာက်င္မႈ တခုကို ခံစားလိုက္ရတယ္။ ေႁမြက သူ႔ကို ကိုက္လိုက္ပါၿပီ။

ေကာင္မေလး ငိုတယ္ ေနာင္တ ရတယ္။ "နင္ ငါ့ကို ဘယ္လို လုပ္လိုက္တာလဲဟင္။ နင္ေျပာေတာ့ ငါ့ကို မကိုက္ဘူးဆို၊ ငါ နင့္ကို ယုံခဲ့တယ္ေလ"

ေႁမြက "နင္ ငါ့ကို ေခၚသြားဖို႔ ဆုံးျဖတ္ကတည္းက ငါ ဘယ္လို အမ်ိဳးအစားလဲ ဆိုတာ နင္သိၿပီးသားပဲ။ မတတ္ႏိုင္ဘူးေလ နင့္ထိုက္နဲ႔ နင့္ကံေပါ့" လို႔ ေျပာၿပီး အၿမီးေလးကို ခေလာက္လို႔ တြန္႔တြန္႔ တြန္႔တြန္႔နဲ႔ ထြက္သြား ပါေတာ့တယ္။

ပုံျပင္ေလး ကေတာ့ ဒီမွာပဲ ၿပီးဆုံးပါၿပီ။ ပုံျပင္ထဲက ေႁမြလိုမ်ိဳး လူအေတာ္မ်ားမ်ားကို ပတ္ဝန္းက်င္မွာ ႀကဳံဖူးၾကမယ္ ထင္ပါတယ္။ တခ်ိဳ႕လူေတြက သြားသနားလို႔ မရပါဘူး။ တခ်ိဳ႕လူေတြက လွ်ာႏွစ္ခြနဲ႔ ခုနက ေႁမြလိုပါပဲ။ တခ်ိဳ႕ လူေတြကေတာ့ ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္ေတြပါ။ တခ်ိဳ႕လူေတြက ခုတမ်ိဳး ေတာ္ၾကာ တမ်ိဳးပါပဲ။ တခ်ိဳ႕လူေတြက အယုံသြင္းၿပီးမွ ယုတ္မာတတ္ ပါေသးတယ္။ တခ်ိဳ႕လူေတြက မူယာမာယာ သိပ္မ်ားပါတယ္။ တခ်ိဳ႕လူေတြက ကူလီကူမာ သိပ္ကြၽမ္းပါတယ္။

ဒီေတာ့ လူတိုင္းက သနားကမား႐ုပ္နဲ႔ မ်က္ရည္ခံ ထိုးတိုင္း သနားစရာ မေကာင္းဘူး ဆိုတာကိုလည္း ေခါင္းထဲ ထည့္ထား ရပါမယ္။ အေပၚယံ ေ႐ႊမႈံႀကဲထားတဲ့ မ်က္ႏွာစာေတြ နဲ႔လည္း သူတို႔ရဲ႕ အတြင္းစိတ္ သႏၲာန္ေတြကို ခဏတာ အားျဖင့္ ျပည္ဖုံးကားခ် ထားလို႔ ရတယ္ဆိုတာကိုလည္း စြဲမွတ္ထားရပါမယ္။ တခ်ိဳ႕တခ်ိဳ႕ေသာ သူေတြဟာ ဘယ္လို သနားၾကင္နာမႈမ်ိဳး၊ ေစတနာ ထားမႈမ်ိဳး၊ ယုံၾကည္ကိုးစားမႈမ်ိဳး နဲ႔မွ မထိုက္တန္ဘူး ဆိုတာကို လည္း နားလည္ထားဖို႔ လိုအပ္ပါတယ္။

phoo myat chal

Post a Comment

0 Comments