ဆရာငြိမ်း၏ ၃.၂.၂၀၂၂ မှ ၉.၂.၂၀၂၂ အထိ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီတွေ မရတာမျိုး တွေ့ရတယ်။ ဒီကာလက ကိုယ့်ဒူးကိုယ်ချွန်ဆောင် ရွက်ရမဲ့ကာလ ဖြစ်ပါတယ်။ သူတစ်ပါးတွေရဲ့ အခက်အခဲတွေကို မိမိကသာ ကူညီပေးနေ ရတတ်ပါတယ်။ အိမ်ကိစ္စ၊ အမွေကိစ္စတွေ ပြဿနာရှိသူဆို ဒီကာလအတွင်း ကြီးကျယ်တဲ့ ရန်ပွဲတွေ ဖြစ်တတ်ပါတယ်။ သတိထားရမှာက ရပ်ဝေး ကနေ တန်ဖိုးကြီးပစ္စည်းတွေ မှာတာ၊ဝယ်ယူတာမျိုးတွေ ဒီကာလမှာတော့ အထူးရှောင်နေချင်ပါတယ်။

လမ်းမှာအစစ် အဆေးရှိလို့ ထိခိုက်မိတာ၊ အနာအဆာပါတာမျိုးတွေ အလွန်ဖြစ်တတ်ပါတယ်။ ငွေကြေးအလွှဲအပြောင်းတွေ သတိ ရှိပါတယ်။ ဂဏန်းတစ်လုံး ပိုသွားပြီး မှားလွှဲမိတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအတွက် စိတ်ပူစရာမလို ပေမဲ့ အရင်ကတည်းက ခေါင်းမူး၊ ဇက်ကြောတက်တာမျိုး ဖြစ်နေသူတွေ သတိထားပါ။ အောက်သွေးအရမ်းတိုးနေ တာမျိုးဖြစ်တတ်ပါတယ်။

ကာလအတန်ကြာ ဝေးကွာနေသော မိတ်ဆွေရင်းချာတို့နှင့် ပြန်လည်ဆုံစည်း ရနိုင်ပါ သည်။ စဉ်းစားချင့်ချိန်ပြီးမှ အရာရာကိုလုပ်သင့်တဲ့ အချိန်ပါပဲ။ ဘာကိစ္စကိုမဆို ခေါင်းအေးအေးထားပြီး ဆုံး ဖြတ် ချက်ချပါ။ ပညာရေးတွင် မိမိကြိုးစားသလောက် ရည်မှန်းချက်များ အထူးအောင်မြင်မည်။ စစ်မှန်သည့် နှလုံး သားရေးရာကိစ္စများ ကြုံတွေ့ရပြီး၊ ပျော်ရွှင်ကြည်နူးဖွယ် အချစ်ရေးခရီးလမ်းကို လျှောက်လှမ်းခွင့်များ ရရှိမည်။

အကျိုးပေးဂဏန်း ၂/ ၆/ ၅

အထူးဟော ခေါင်းအေးအေးထား ဆောင်ရွက်ပါ

ယတြာ ကန်စွန်းပလိန်းတစ်ပွဲ ဘုရားကပ်ပါ

တနင်္လာ

အနည်းငယ် လိမ္မာပါးနပ်ဖို့ လိုတဲ့ကာလပဲ ဖြစ်ပါတယ်။ မလိုသူတွေ ရှိနေတတ်ပါတယ်။ မိမိလက်ရှိအနေ အထားကနေ တဆင့်တက်ပြီး အဆင်ပြေမှာကို မနာလိုသူတွေရှိနေနိုင်ပါတယ်။ ဒါအပြင်တကယ့်ကို မိမိကို ကိုယ်ဖိရင် ဖိကူညီမဲ့သူတွေလဲ ရှိနေပါတယ်။ သတိထားဖို့က အမိအဘကျန်းမာရေးညံ့ပြီး အိမ်ရာထဲ လဲနေတာဆို ဒီကာလမှာ မိဘတွေကို ပိုမိုဂရုစိုက် လိုက်စေချင်ပါတယ်။

ငွေကံကောင်းပေမဲ့ မိမိကိုယ်တိုင်က ကိုယ်တိုင်ပင်ပန်းတဲ့ ငွေကိုသာ မက်မောနေလိမ့်မယ်။ အချောင်ရတာ၊ အောက်ဆိုက်ရတာမျိုးတွေကို လိုချင်စိတ် ကုန်နေတတ်ပါတယ်။ ခွေးရှိတဲ့ အိမ်တွေကိုသွားလည်ရင် သတိထားပါ။ တိရိစ္ဆာန်တွေ ကိုက်ခဲတာမျိုး ခံရတတ်ပါတယ်။ မြွေကင်းပေါတဲ့ နေရာကို သွားမယ်ဆိုလဲ ညရေးညတာ သတိနဲ့သွားပါ။ ရွှေထွက်တာမျိုး၊ ပျောက်ရှတာမျိုး ဖြစ်တတ်ပါတယ်။

ကံကောင်းတာက အတွေးမှန်အမြင်မှန်နိုင်တာမို့ မိမိလုပ်နေတာကို မှားလား၊ မှန်လား နဖူးပေါ်လက်တင်ပြီးစဉ်းစားခန်း ဖွင့်သင့်တဲ့ကာလ ပါပဲ။ နှလုံးသားချင်း ပေါင်းစပ်နိုင်မည့် စစ်မှန်သော ဖူးစာရှင်နှင့် ဆုံစည်းရကိန်းများ ရှိနေမည်။ ဖြတ်ခနဲရုတ်တရက် ပေါ်လာတတ်တဲ့ အကြံအစည်က မိမိအတွက် ကောင်းတဲ့အကြံ ဖြစ်နေပါလိမ့်မယ်။ အသစ် ထီထွင်ခြင်း၊ စွန့်ဦး တီထွင်လုပ် ကိုင်ခြင်းများ ဒီကာလမှာ အဆင် ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၃/ ၆/ ၇

အထူးဟော အမှန်၊ အမှား ကောင်းစွာခွဲခြားနိုင်ပါလိမ့်မယ်။

ယတြာ သရက်ယို ဘုရားကပ်လှူပေးပါ

အင်္ဂါ

ကုသိုလ်ကံတွေ ပေးနေချိန်ပါပဲ။ အလုပ်တွေ ကောင်းလာတတ်ပါတယ်။ ညံ့နေတာတွေ တဖြည်းဖြည်းပြေ လျော့ခွင့်တွေ ရလာတတ်ပါတယ်။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတာတွေ လျော့နည်းသွားဖို့ ရှိပါတယ်။ မိမိအတွက် ကောင်းသောအကူအညီတွေ ရလာနိုင်ပေမဲ့ သူများကူညီတာထက် မိမိကံကိုက ရေကန်အသင့်၊ကြာအတင့်ဆိုတာမျိုး ဖြစ်နေပါလိမ့်မယ်။ ခရီးတွေသွားဖို့ ကြန့်ကြာနေတာမျိုးတွေ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ အချိန်စောင့်နေရ တာမျိုးတွေရှိရင် ဒီအပတ်ထဲ ခရီးကိစ္စတွေ ပြေလည်သွားပါလိမ့်မယ်။

ငွေကြေးထိန်းသိမ်းဖို့ မီးခံသေတ္တာဝယ်တာမျိုး တွေ၊ စည်းရိုးကာတာမျိုးတွေ၊ စီစီတီဗီ တပ်ဆင်တာမျိုးတွေ ဆောင်ရွက်ခြင်းများ ချောချောမွေ့မွေ့ အဆင်ပြေပါလိမ့် လိမ့်မယ်။ မကုန်သင့်တာကို မကုန်အောင် ထိန်းသိမ်းသွားနိုင်မဲ့ကာလလဲ ဖြစ်ပါတယ်။ အမျိုးသားများ ဇနီးမယားဘက် ကကောင်းသော အကူအညီတွေ ရလွယ်တာကို တွေ့ရပါတယ်။ အိမ်ထောင်ရေး ကံကောင်းတတ်ပါသည်။

မိမိရရှိထား သော အခွင့်အရေးများ သူတစ်ပါးမှ လုယူခြင်းခံရ တတ်ပါသည်။ ဆရာသမား၊ ကြီးကဲသူများနှင့် စိတ်သဘောထား ကွဲလွဲ ခြင်း၊ စိတ်ညစ်ရခြင်းများ ကြုံတွေ့ရတတ် ပါသည်။ မိမိထက် နိမ့်သူများနှင့်လက်တွဲ၍ အလုပ်လုပ်ရ တတ်ပါသည်။ အရောင်းအဝယ်ကိစ္စများမှ အကျိုးအမြတ် နည်းရတတ်ပါ သည်။ မိမိ၏ အရောင်းအဝယ်ဖြစ်ရုံသာ ဖြစ် တတ်ပါသည်။ လိုချင်ဇော၊ ရချင်ဇောဖြင့် ဆုံးဖြတ် မိပါက အမှားအယွင်းပင် ဖြစ်တတ်ပါသည်။

အကျိုးပေးဂဏန်း ၁/ ၈ /ဝ

အထူးဟော လုပ်ငန်းခွင် အခွင့်အလမ်းကောင်းတွေ ရမယ်

ယတြာ ထီးဖြူလေးတစ်လက် ဘုရားကပ်လှူပါ

ဗုဒ္ဓဟူး/ ရာဟု

ဒီအပတ်ထဲ အသိ၊ သတိကို အမြဲတမ်း ကပ်ထားဖို့ လိုပါတယ်။ သတိမရှိတာနဲ့ အမှားတွေကို မိမိကိုယ်တိုင် မဆင်ခြင်ဘဲ လုပ်မိသွားတတ်လို့ပါပဲ။ ဗုဒ္ဓဟူးသားတွေက ကံညံ့နေတာမျိုးတွေ ကြုံရတတ်ပြီး ရာဟုသားသမီးတွေက တော့ အညံ့အဆိုးသိပ်မတွေ့ရတာကို မြင်ရပါတယ်။ အများနဲ့ ပတ်သက်သောကိစ္စများ၊ လူအများနဲ့ ချိတ်ဆက်လုပ်ရ သောကိစ္စများ ထင်သလောက် အဆင်မပြေတာကို တွေ့ရပါတယ်။

သားသမီးငယ်တွေ ရှိသူဆို သားသမီးကျန်းမာရေး အားနည်းတာမို့ မိမိတို့ပင်ပန်းရတတ်ပါတယ်။ တတ်နိုင်သမျှ လူကြီးတွေ၊ မိဘတွေရဲ့စကားကို လိုက်နာတာက ဒီကာလမှာ အစစအရာရာ အဆင်ပြေပါလိမ့်မယ်။ ကျန်းမာရေးကောင်းနေပေမဲ့ အစားတွေကို မဆင်မခြင် မစားမိပါစေနဲ့။ အစားအသောက် မှားရာကနေ ဝမ်းဗိုက်၊ အစာအိမ် ဒုက္ခရောက်နေတတ်ပါတယ်။

ပျိုရွယ်သူများ ချစ်သူ၏ စိတ်အပြောင်းအလဲများအပေါ် နားလည်ရ ခက်ခဲလေသည်။ စိတ်ရှုတ်စရာကိစ္စများ တစ်ခုပြီးတစ်ခု ဝင်ရောက် လာနိုင်ပါသည်။ အိမ်ထောင်ရေး အနည်းငယ်ညံ့နေပါမည်။ အိမ်ထောင်ရှင်များ လူမှုရေးပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းနေရတတ်ပါသည်။ အထူးသတိပြု၍ နေထိုင်၊ လုပ်ကိုင်၊ ဆောင်ရွက်ပါ။ ဖခင်ဆီကလဲ ငွေအား လူအား တွေရလာ တတ်ပါတယ်။ အလုပ်သစ်လျှောက်ခြင်း၊ အင်တာဗျူးဖြေခြင်းများ ရလဒ်ကောင်းတွေရ လာနိုင်မဲ့ကာလပါပဲ ။

အကျိုးပေးဂဏန်း ၁/ ၂/ ၅

အထူးဟော ကံအင်အား နည်းပါးလိမ့်မယ်။

ယတြာ အုန်းသီးစိပ်လေးတွေ ဘုရားကပ်ပါ။

ကြာသပတေး

ကျန်းမာရေးကတော့ ဒီအပတ်မှာ သတိထားဖို့ လိုပါတယ်။ ကျန်းမာရေး တရှောင်ရှောင် ဖြစ်လွယ်တဲ့ကာလပဲ ဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့ မကုပါနဲ့။ ဆေးထိုး၊ ဆေးသောက်တာ ဆောင်ရွက်စေချင်ပါတယ်။ ဘာသာရေးကိစ္စ၊ အလှူ အတန်းကိစ္စတွေ ရက်ရွှေ့ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ငွေကံကောင်းနေပေမဲ့ ရင်းနှီးမြုပ်နှံမှုတွေ မှားယွင်းမှုဖြစ် တတ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး အတွေးအခေါ်တွေ အစွန်းရောက်သွားတတ်ပါတယ်။

ငွေကြေးအပေး အကမ်းများပြီး နောက်မှနှမြောနေတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ပါးသူ၏ အနှောက်အယှက် များကြောင့် ဥပဒေနှင့် ရင်ဆိုင်ရတတ်ပါသည်။ လူမျိုးကွဲ၊ ဘာသာကွဲများနှင့် လုပ်ငန်းများ စပ်တူရှယ်ယာပြုလုပ်လျှင် အောင်မြင်မှုများ ရရှိနိုင်ပါသည်။ ပြည်တွင်း၊ ပြည်ပ ခရီးတို၊ ခရီးရှည်များ မကြာခဏသွားရ၊ လာရတတ်ပါသည်။ အိမ်၊ ခြံ၊ မြေ လက်မှတ်ရေးထိုးခြင်း၊ စာချုပ်၊ စာတမ်းများ ချုပ်ဆိုရာတွင် သတိဖြင့် ဆောင်ရွက်နေရမည်။

ပရဟိတ လုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက် ပေးရခြင်းများ ရှိနေမည်။ တစ်ဦးထက်ပိုသော အချစ်ရေးမျိုးကို ခံစားရပေလိမ့်မည်။ အပေါင်းအသင်းများက ဝိုင်းဝန်းအောင်သွယ်ခြင်းများကြောင့် မမျှော်လင့်ပဲ အိမ်ထောင်ကျ သွားတတ်ပါသည်။ မိဘသဘောမတူခြင်းများနှင့် ရင်ဆိုင်ရတတ်ပါသည်။ အိမ်ထောင်ရေးတွင် မိသားစုပြဿနာများ ဖြေရှင်းပေးရတတ်ပါသည်။ အရေးကြီးတဲ့ ကိစ္စများ မိမိကိုယ်တိုင်လုပ်ပါ။ အနည်းငယ်တော့ အလုပ်တွေများရ တတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/ ၆/ ၉

အထူးဟော ကျန်းမာ‌ရေး ဂရုစိုက်ကြပါ။

ယတြာ အရှေ့အရပ်ကို မျက်နှမူပြီး ၇ ရက်သားသမီး မေတ္တာပို့ပါ

သောကြာ

ဒီကာလများအတွင်း မမျှော်လင့်ပဲ စီးပွားရေးများ တိုးတတ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိ လာမည်။ ယာဉ် နှင့် စက်ပစ္စည်းများ ရောင်းချခြင်း၊ ရတနာပစ္စည်းများ ရောင်းဝယ်ခြင်း၊ စတိုးဆိုင်ဖွင့်ခြင်းများ ၊ စားသောက်ဆိုင်နှင့် စတိုးဆိုင်ဖွင့်ခြင်းများ အထူးကောင်းမွန်ပါသည်။ မိမိအထက် အကြီးအကဲများနှင့် ဆက်ဆံရာတွင် အထူးဂရုစိုက်ပြီး ဆက်ဆံရတတ်သည်။ လုပ်ငန်းခွင်အတွက် စိတ်ကူးစိတ်သန်း အသစ်များ ပေါ်ထွန်းလာမည်။ ရပ်ဝေးခရီးမှ မိမိထံသို့ ကောင်းသော သတင်းစကားကောင်းများ ကြားသိနေရတတ်ပါသည်။

ငွေကြေးများ မမျှော်လင့်ပဲ ဝင်လာ ခြင်း၊ ထီပေါက်ခြင်းများ ရှိလာမည်။ မိမိအနေနဲ့ စူးစမ်းရှာဖွေလေ အကျိုးရှိလေပါပဲ။ ရသင့်တဲ့ လုပ်အားခထက် ဘောနပ်ဆိုတာ မျိုးလဲ ရရှိနိုင်တဲ့ အခွင့်အရေးမျိုးတွေ ရှိပါတယ်။ မတော်တဆ ထိခိုက်မှုများ ရှိတတ်ပါသည်။ ထို ကြောင့် စက်ပစ္စည်းများ ကိုင် တွယ် ရာတွင် အထူးဂရုစိုက်ပေးပါ။

မြောက်အရပ်သို့ ရေကြောင်း၊ လေကြောင်း ခရီး သွားလာခြင်းကို အထူး ရှောင်ကြဉ်ပေးပါ။ အမြဲတမ်း နှုတ်ချိုသာစွာပြောတတ်သူများ ကံပိုကောင်းနိုင်ပါတယ်။ ငွေကြေးစတင် စုဆောင်းခြင်းများ ဒီကာလမှာ‌ ဆောင်ရွက်ပါ။ အချစ်ရေးတွင် သဘောထားကွဲလွဲမှုများ မကြာခဏ ဖြစ် လာရတတ် ပါသည်။ တစ်ပါးသူ၏ အနှောက်အယှက်ကြောင့် အကြံအစည်များ ပျက်စီးသွားမည်။ အိမ်ထောင်ရှင် များအိမ်ထောင်ရေး သာယာမှုများ ရှိမည်။

အကျိုးပေးဂဏန်း ၃/ ၄/ ၇

အထူးဟော ကံမြင့်မား နေပါလိမ့်မယ်။

ယတြာ အုန်းဆီတစ်ဗူး မိတ်ဆွေတစ်ယောက်ကို လက်ဆောင်ပေးပါ

စနေ

ဒီကာလများအတွင်း သင်သည် အပြိုင်အဆိုင်၊ အနှောက်အယှက်ကြားမှ အောင်မြင်တိုးတတ်လာ နိုင်ပါ သည်။ အိမ်၊ ခြံ၊ မြေနှင့် ပတ်သက်သော လုပ်ငန်းများမှ အကျိုးအမြတ်ကောင်းများ ရရှိပိုင်ဆိုင်ခွင့်များ ရရှိလာမည်။ လုပ်ငန်းသစ်များ၊ စီးပွားသစ်များ တိုးချဲ့ခြင်းများ ဆောင်ရွက် အဆင်ပြေနိင်ပါသည်။ မိတ်သစ်ဆွေသစ်များ တိုးပွား နိုင်ပါသည်။ အမွေအနှစ်ကိစ္စများ ငြင်းခုန်ရတတ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်းတို့သည် အထူးအကျိုးပေးနေမည်။ ပညာရေးတွင် အောင် မြင်မှုများ ရရှိနိင်ပါသည်။ လုပ်ငန်းခွင် စာမေးပွဲများ ဖြေဆိုရာတွင်လည်း အောင်မြင်မှုများ ရရှိမည်။ သို့သော် အပျော် အပါး လိုက်စားခြင်းများ ရှောင်သင့်ပါသည်။ စက်ကား၊ ယန္တရားနဲ့ပတ်သက်သော အလုပ်များ အဆင်မပြေတာတွေများနိုင်ပါ တယ်။

ငွေကြေးကိုတော့ လက်မလွယ်မိဖို့ လိုအပ်ပါတယ်။ အသုံးထက်အဖြုန်း များနေတတ်ပါတယ်။ ကျန်းမာရေးတွင် အပူနာခြင်း၊ ခါးနာခြင်း၊ နှလုံးအားနည်းခြင်း၊ အိပ်မပျော် ခြင်းများ၊ အကြောအဆစ်ဝေဒနာများ ခံစားရတတ်ပါသည်။ အိမ်ထောင်ရေးတွင် တစ်ခါတစ်ရံ စိတ်သဘောထား ကွဲ လွဲနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ အချစ်ရေး၊ မေတ္တာ ရေးတွင် နှလုံးသားမှ ပေါက်ဖွားလာသော အချစ် ပန်း ပွင့်သည်၊၊ အရွယ်လွန်နေသူတွေတောင် ငယ်မူငယ်သွေး ပြန်လာစေနိုင်သည်။

အကျိုးပေးဂဏန်း ၁/ ၄/ ၅

အထူးဟော အချစ်ရေး စန်းအားကောင်းမယ်

ယတြာ နီးစပ်ရာကလေးတွေကို ကိတ်မုန့်ဝယ်ကျွေးပါ

၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Post a Comment

0 Comments