ရှောင်ပေးလိုက်ပါ

တခါတုန်းက နွားထီး တကောင်ဟာ ခြင်္သေ့၏ ဘေးရန်မှ ပြေးရှောင်ရင်း ဂူတခု အနီးသို့ ရောက်ရှိ လာလေ၏။

အသက်ဘေးမှ လွတ်စိမ့် သောငှာ သူသည် ထိုဂူထဲသို့ ဝင်ရောက် ပုန်းအောင်ရန် စဉ်းစားမိ လေသည်။

သို့ရာတွင် ဂူဝ၌ ဒေါသ ကြီးစွာ ဖြစ်နေသော ဆိတ်တကောင်က ကာဆီးလျက် ရပ်နေ သည်ကို တွေ့ရ၏။

နွားထီးသည် ထိုဆိတ်နှင့် စကား အချေ အတင် ပြောဆို၍ ဂူတွင်းသို့ ဝင်ရန် ကြံဆောင် ခြင်းဖြင့် အချိန် ကုန်ကာ အကျိုး ယုတ်မည်ကို တွက်ဆမိသည်။

ထို့ကြောင့် ထိုနေရာမှ အမြန်ဆုံး ထွက်ခွာ သွားရန် ဆုံးဖြတ် လိုက်လေ၏။

ထိုသို့ ထွက်ခွာ သွားခါနီးတွင် ဆိတ်အား လှမ်း၍

"အသင်ဆိတ်၊ ယခုကျွန်ုပ် ဖယ်ခွာ သွားခြင်းမှာ သင့်ကို ကြောက်ရွံ့၍ ဟု မမှတ်လင့်။

အကယ်၍သာ ခြင်္သေ့သည် ကျွန်ုပ် နောက်မှ ထပ်ကြပ် မကွာ လိုက်ပါ မလာခဲ့သော် ကျွန်ုပ်သည် ဤနေရာ၌ နေ၍ နွားထီးနှင့် ဆိတ် တို့၏ ကွာခြားပုံကို ပြဖြစ်အောင် ပြမည်သာ ဖြစ်သည်" ဟု ပြောဆို လိုက်လေသည်။

အခြေအနေ အချိန် အခါအရ တချို့ ကိစ္စတွေက ရှောင်ဖယ် ပေးသင့်ရင် ပေးရမှာ ဖြစ်ပါတယ်။

Crd

Zawgyi

ေရွာင္ေပးလိုက္ပါ

တခါတုန္းက ႏြားထီး တေကာင္ဟာ ျခေသၤ့၏ ေဘးရန္မွ ေျပးေရွာင္ရင္း ဂူတခု အနီးသို႔ ေရာက္ရွိ လာေလ၏။

အသက္ေဘးမွ လြတ္စိမ့္ ေသာငွာ သူသည္ ထိုဂူထဲသို႔ ဝင္ေရာက္ ပုန္းေအာင္ရန္ စဥ္းစားမိ ေလသည္။

သို႔ရာတြင္ ဂူဝ၌ ေဒါသ ႀကီးစြာ ျဖစ္ေနေသာ ဆိတ္တေကာင္က ကာဆီးလ်က္ ရပ္ေန သည္ကို ေတြ႕ရ၏။

ႏြားထီးသည္ ထိုဆိတ္ႏွင့္ စကား အေခ် အတင္ ေျပာဆို၍ ဂူတြင္းသို႔ ဝင္ရန္ ႀကံေဆာင္ ျခင္းျဖင့္ အခ်ိန္ ကုန္ကာ အက်ိဳး ယုတ္မည္ကို တြက္ဆမိသည္။

ထို႔ေၾကာင့္ ထိုေနရာမွ အျမန္ဆုံး ထြက္ခြာ သြားရန္ ဆုံးျဖတ္ လိုက္ေလ၏။

ထိုသို႔ ထြက္ခြာ သြားခါနီးတြင္ ဆိတ္အား လွမ္း၍

"အသင္ဆိတ္၊ ယခုကြၽႏ္ုပ္ ဖယ္ခြာ သြားျခင္းမွာ သင့္ကို ေၾကာက္႐ြံ႕၍ ဟု မမွတ္လင့္။

အကယ္၍သာ ျခေသၤ့သည္ ကြၽႏ္ုပ္ ေနာက္မွ ထပ္ၾကပ္ မကြာ လိုက္ပါ မလာခဲ့ေသာ္ ကြၽႏ္ုပ္သည္ ဤေနရာ၌ ေန၍ ႏြားထီးႏွင့္ ဆိတ္ တို႔၏ ကြာျခားပုံကို ျပျဖစ္ေအာင္ ျပမည္သာ ျဖစ္သည္" ဟု ေျပာဆို လိုက္ေလသည္။

အေျခအေန အခ်ိန္ အခါအရ တခ်ိဳ႕ ကိစၥေတြက ေရွာင္ဖယ္ ေပးသင့္ရင္ ေပးရမွာ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments