သင့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး ဒေါသမထွက်အောင် ဘယ်လိုလုပ်မလဲ

လူတွေဟာ တစ်ခါတစ်လေမှာ ဘာမှမဟုတ်တဲ့ အရာလေးတွေနဲ့ ဒေါသထွက်ပြီး စိတ်ပျက်တတ်ပါတယ်။ ဒီခံစားချက်တွေဟာ မလွှဲမရှောင်သာတဲ့ အခြေအနေနဲ့ အခက်အခဲတွေကြားမှာ ဖြစ်လာတတ်ပါတယ်။ ဒေါသထွက်ခြင်းဟာ အမြဲတမ်းတော့ မသင့်လျော်ပါဘူး။ သင်လုပ်နိုင်တာ အကောင်းဆုံးက ပြဿနာကို ဖြေရှင်းဖို့ အာရုံစိုက်မနေဘဲ သင့်ခံစားချက်တွေကို ထိန်းချုပ်ဖို့ပါပဲ။

စိတ်အပန်းဖြေတဲ့ နည်းလမ်းတွေကို လေ့ကျင့်ပါ။

အသက်ပြင်းပြင်းရှူပြီး အပန်းဖြေတဲ့ နည်းလမ်းတွေက သင့်ဒေါသကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပါတယ်။

၁။ သင်ရဲ့ အဆုတ်ထဲကနေ လေကို ပြင်းပြင်းရှူပါ။ သင့်ရဲ့ အူထဲကနေ ထွက်သက်တွေ ထွက်လာတယ်လို့ မြင်ယောင်ကြည့်ပါ။ ရင်ဘတ်ကနေ အသက်ရှုလိုက်တာက သင့်ကို သက်သာရာရစေမှာ မဟုတ်ပါဘူး။

၂။ စိတ်ကိုထိန်း၊ စိတ်ကိုထိန်းဆိုတဲ့ စိတ်သက်သာရာရစေတဲ့ စကားလုံးတွေကို ကိုယ့်ကိုယ်ကိုပြောနေပါ။ အသက်ကိုလည်း ပြင်းပြင်းရှူဖို့ သတိရပါ။

၃။ သင့်ကို စိတ်ပြေလက်ပျောက် ဖြစ်စေမယ့် အရာတစ်ခုကို မြင်ယောင်ကြည့်ပါ။ သင့်အတိတ်က တစ်ခုခုကို ပြန်တွေးပါ ဒါမှမဟုတ် တစ်ခုခုကို ပုံဖော်နေပါ။

၄။ ယောဂလိုမျိုး လွယ်ကူ၊ နှေးကွေးတဲ့ လေ့ကျင့်ခန်းတွေဟာ သင့်ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ပိုပြီး သက်တောင့်သက်သာရှိသလို ခံစားရပါလိမ့်မယ်။ မကြာခဏ ဒေါသထွက်နေတယ် ဆိုရင် ဒီနည်းလမ်းတွေကို နေ့စဉ်လေ့ကျင့်ပါ။ သင့်ကိုယ်သင် ဒေါသထွက်နေတာကို သတိထားမိတယ်ဆိုရင် ဒီနည်းလမ်းတွေကို အသုံးပြုပါ။

ယုတ္တိရှိရှိတွေးပြီး အခြေအနေကို ပြန်လည်တည်ဆောက်ပါ။

ဒေါသထွက်နေတဲ့သူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကို ကျိန်ဆဲကြပြီး ရောင်စုံအသုံးအနှုန်းတွေနဲ့ ခိုင်းနှိုင်းလေ့ ရှိပါတယ်။ ဒီအချိန်မှာ တွေးခေါ်ပုံဟာ ကြီးမားလာပြီး အလွန်အမင်း ရှုပ်ထွေးလာပါတယ်။ ဒီအတွေးတွေကို ဆင်ခြင်တုံတရားနဲ့ အစားထိုးကြည့်ပါ။

ဥပမာအား “ဒါက ကြောက်စရာကောင်းတယ်၊ အရာအားလုံး ပျက်စီးသွားပြီ” လို့ ကိုယ့်ကိုယ်ကို ပြောမယ့်အစား “ငါစိတ်ဆိုးနေတာ သိသာတယ် ဒါပေမယ့် ဒါက ကမ္ဘာကြီးရဲ့ အဆုံးမဟုတ်ဘူး၊ ဒေါသက အခြေအနေကို မပြင်နိုင်ဘူး၊ ငါ့ကိုကူညီမှာ မဟုတ်ဘူး။"လို့တွေးပါ။

သင်ကိုယ်တိုင် ဒါမှမဟုတ် အခြားသူအကြောင်း ပြောတဲ့အခါ "ဘယ်တော့မှ" နှင့် "အမြဲ" လိုမျိုး စကားလုံးများကို သတိထားပါ။ သင်က ပြဿနာကို ဖြေရှင်းဖို့ အခြားနည်းလမ်းကို မရှာဘဲ သင့်ဒေါသကို "ဒါမင်းကြောင့် ဖြစ်ရတာ၊ မင်းက အမြဲမေ့နေတာ" ဆိုပြီး အသုံးအနှုန်းတွေနဲ့ တခြားသူပေါ် ဒေါသပုံချသလို ဖြစ်နေပါတယ်။ ဒီအသုံးအနှုန်းတွေဟာ သင့်ကို ဖြေရှင်းချက်ရှာရဖို့ ကူညီပေးမယ့်သူတွေနဲ့လည်း ဝေးသွားစေပါတယ်။

ဒေါသက ဘာမှ မပြုပြင်​ပေးနိုင်သလို စိတ်သက်သာရာရစေမှာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သင်ပဲ ခံစားရပါလိမ့်မယ်။ ဒေါသဟာ ဆင်ခြင်တုံတရား မရှိတဲ့အဖြစ်ကို လျင်မြန်စွာ ကူးပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒေါသထွက်လာပြီဆိုရင် စိတ်ကို အေးအေးထားသင့်ပါတယ်။

ကမ္ဘာကြီးက သင့်ကို ဆန့်ကျင်တာ မဟုတ်ဘူး။ သင်ကသာ သီးခြားအချိန်တစ်ခုမှာ အခက်အခဲတွေ ကြုံနေရတယ်ဆိုတာ သတိရပါ။ သင်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတာကို တွေးပါ။ ဒေါသတွေ လွှမ်းသွားတယ်လို့ ခံစားမိတိုင်း ဒီလိုလုပ်ပါ၊ အဲဒါက သင့်ကို နည်းနည်း စိတ်ငြိမ်အောင် ကူညီပေးပါလိမ့်မယ်။

လူတွေ ဒေါသထွက်လာတဲ့အခါ တရားမျှတမှု၊ ကျေးဇူးသိတတ်မှု၊ ဒါမှမဟုတ် သဘောတူညီချက်တွေကို တောင်းဆိုလာတတ် ကြပါတယ်။ မျှော်လင့်ချက်တွေကို ဆန္ဒတွေအဖြစ် ပြောင်းသွားတတ်ကြပါတယ်။ သင်လိုချင်တာကို မရတဲ့အခါ စိတ်ပျက်ဖို့ ဒါမှမဟုတ် စိတ်ထိခိုက်ပေမယ့် ဒေါသမထွက်တာက ပုံမှန်ပါပဲ။

တစ်ခါတစ်ရံမှာ လူတွေဟာ ဒေါသကို နာကျင်ခံစားရခြင်းကနေ ရှောင်ရှားဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုပေမယ့်လည်း နာကျင်မှု ပျောက်ပျက်မသွားပါဘူး။

လှုပ်ရှားလိုက်ပါ။

ဒေါသဟာ သင့်ကို စွမ်းအင်တွေ အလျင်အမြန်နဲ့ ရရှိစေပါတယ်။ ဒီဒေါသတွေကို အသုံးချဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ကိုယ်လက်လှုပ်ရှား ပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာပဲဖြစ်ဖြစ် Gym ဆော့တာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာက သင့်စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါလိမ့်မယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်တာကလည်း သင့်ကိုဒေါသတွေ ပြေလျော့စေနိုင်ပါတယ်။ အေရိုးဗစ်လှုပ်ရှားမှုဟာ ကျွန်တော်တို့တွေရဲ့ ဆန္ဒနှင့် မကိုက်ညီတဲ့ အခြေအနေတွေကို ခံနိုင်ရည်ရှိဖိူ့ လွယ်ကူစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက သင့်စိတ်ကို ကြည်လင်စေပါတယ်။ အကြာကြီးပြေးတာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက်မှာ သင့်ကို အနှောက်အယှက် ဖြစ်စေတဲ့အရာနဲ့ ပတ်သက်ပြီး ပိုရှင်းရှင်းလင်းလင်း မြင်လာနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments