ကြောင်လေးတွေ ကျန်းမာဖို့ အစာကို စနစ်တကျကျွေးနည်း

ကြောင်လေးတွေ အမြဲနေကောင်းနေဖို့ အစားအသောက်ပေါ်မှာလည်း မူတည်ပါတယ်။ ကြောင်လေးတွေမှာလည်း အဝလွန်လာရင် နှလုံးရောဂါ၊ ကူးစက်ရောဂါနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေကို ကျန်းမာအောင် စနစ်တကျ အစာဘယ်လိုကျွေးမလဲ ဆိုတဲ့အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

- ကြောင်လေးတွေရဲ့ အသက်၊ အရွယ်အစား၊ ကျန်းမာရေး အခြေအနေတွေပေါ်မူတည်ပြီး အစားအစာကို ကျွေးပေးဖို့ လိုပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေကို တိရစ္ဆာန်ဆရာဝန်ဆီခေါ်သွားတာက သူတို့ရဲ့ကိုယ်အလေးချိန်နဲ့ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီတွေအကြောင်း သိနိုင်မှာပါ။ အိမ်မှာမွေးတဲ့ အရွယ်ရောက်ပြီး ကြောင်လေးတွေ နေကောင်းကျန်းမာဖို့ ပျမ်းမျှအားဖြင့် ၁၀ ပေါင် (၄.၅ကီလိုဂရမ်) ခန့်ရှိသင့်ပါတယ်။

အထက်က ဇယားအတိုင်း ကြောင်လေးတွေရဲ့ကိုယ်အလေးချိန်ပေါ်မူတည်ပြီး အစာကျွေးလို့ ရပါတယ်။ ဇယားမှာ ဖော်ပြထားတာကတော့ အစာခြောက်ပမာဏကို ရည်ညွှန်းထားပုံပါပဲ။

- ပုံမှန်အလေးချိန်ရှိတဲ့ ကြောင်ဆိုရင် တစ်နေ့ကို ၂၄၀ ကယ်လိုရီခန့် ကျွေးသင့်တယ်လို့ တိရစ္ဆာန်ဆရာဝန်တွေက အကြံပြုကြပါတယ်။ အစာအစိုတွေမှာ ရေပါဝင်တာကြောင့် အစာအခြောက်ထက် ကယ်လိုရီပါဝင်မှု နည်းပါတယ်။ ကြောင်လေးတွေကို အစာချင့်ချိန်ပြီး ကျွေးတာက သူတို့အတွက် အဝလွန်တာနဲ့ တခြားရောဂါတွေကနေ ကာကွယ်ပေးပါတယ်။

- သင်က အချိန်မအားသူဆိုရင် ကြောင်လေးတွေကို တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ် အစာကျွေးသင့်ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၁၂ နာရီခန့်ခြားလို့ ရပါတယ်။ ကြောင်လေးတွေစားတဲ့ ကယ်လိုရီကို မုန့်တွေထဲကနေလည်း တွက်ယူသင့်ပါတယ်။

ဒါမှမဟုတ် တစ်ခါကျွေးရင် နည်းနည်းနဲ့ တစ်နေ့ကို ၆ ကြိမ်လောက် ခွဲကျွေးလည်း ရပါတယ်။ ကြောင်ပေါက်စလေးတွေကို အစာခြောက်၊ အစာစိုကျွေးမယ်ဆိုရင် အသက်တစ်နှစ် ပြည့်ပြီးတဲ့အချိန်၊ သို့မဟုတ် အသက်တစ်နှစ်ခွဲ လောက်ကစပြီး ကျွေးလို့ရပါပြီ။

ကြောင်ပေါက်စလေးတွေဆိုရင် သူတို့အလေးချိန်က သူတို့အသက်နဲ့အတူတူပါပဲ။ ကြောင်လေးက ၂ လသားလောက် ဆိုရင် အလေးချိန်က ၂ ပေါင်ရှိပါတယ်။ အသက် ၃ လဆိုရင် သူ့ရဲ့အလေးချိန်က ၃ ပေါင်ခန့် ရှိပါတယ်။ ၆ လကျော်သွားရင်တော့ သူတို့ရဲ့အလေးချိန်က ပြောင်းသွားပါပြီ။

ကြောင်လေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

- ချောကလက်၊ ကြက်သွန်နီ၊ အစေ့အဆန်၊ ခရမ်းချဉ်သီး၊ မှို၊ နွားနို့နဲ့ နို့ထွက်အစားအစာတွေက ကြောင်လေးတွေရဲ့ အစာချေစနစ်အတွက် ထိခိုက်စေပါတယ်။

-ကြောင်လေးတွေရဲ့အစာခွက်၊ ရေခွက်တွေကို သူတို့အညစ်အကြေးစွန့်တဲ့ခွက်နဲ့ နီးနီးကပ်ကပ် မထားသင့်ပါဘူး။ ကြောင်အစာခွက်မှာ ဘက်တီးရီးယားတွေ မပေါက်ပွားအောင် နေ့စဉ်သန့်ရှင်းရေး လုပ်ပေးဖို့လည်း လိုပါတယ်။

- ကြောင်လေးတွေအတွက် သန့်ရှင်းတဲ့ရေဖြစ်ဖို့ ရေခွက်ကိုလည်း ထားပေးသင့်ပါတယ်။

- ကြောင်လေးတွေက ကြောင်အစာရဲ့ အရသာနဲ့ အနံ့ကို မကြိုက်ရင်လည်း အစားနည်းသွားတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments