ခေါင်းစည်းကြိုးကို လက်ကောက်ဝတ်ကို အမြဲပတ်ထားရင် ဒီလိုဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်

မိန်းကလေးအချို့က လက်ကောက်ဝတ်မှာ ခေါင်းစည်းကြိုးလေးတွေကို ပတ်ထားတတ်ကြပါတယ်။ အဲဒီလိုပတ်ထားတာက ဆံပင်စည်းချင်တဲ့အချိန်မှာ အဆင်ပြေပါတယ်။ ဒါပေမယ့် ခေါင်းစည်းကြိုးကို လက်ကောက်ဝတ်မှာ ပတ်ထားရင် ဘယ်လိုဆိုးကျိုးတွေ ရလာမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သွေးလည်ပတ်မှုကို ထိခိုက်စေခြင်း

ရာဘာခေါင်းစည်းကြိုးကို လက်ကောက်ဝတ်မှာ ပတ်ထားတာက သွေးကြောတွေကို ညှစ်ထားသလိုပါပဲ။ အဲဒါကြောင့် ခန္ဓာကိုယ်ထဲက သွေးလည်ပတ်နေတာ အနှောင့်အယှက် ဖြစ်သွားပါတယ်။ နောက်ဆက်တွဲအနေနဲ့ လက်မျက်ရိုးအမြဲလိုလို နာနေတတ်ပြီး လက်ချောင်းလေးတွေလည်း ထုံကျင်နေတတ်ပါတယ်။

၂။ လက်မှာ အဖုအထုံးဖြစ်လာခြင်း

အမေရိကန်နိုင်ငံက Audree Koppဆိုတဲ့ အမျိုးသမီးတစ်ယောက်ံဟာ လက်ကောက်ဝတ်မှာ ခေါင်းစည်းကြိုးကို အမြဲဝတ်ထားပါတယ်။ အမြဲလိုလို ဝတ်ထားတဲ့အခါ လက်မှာ အဖုအထုံးတွေ ဖြစ်လာပြီး တဖြည်းဖြည်း ကြီးလာပါတယ်။

ဆရာဝန်က ပဋိဇီဝဆေးတွေပေးလည်း မသက်သာပါဘူး။ နောက်ပိုင်းမှာတော့ ခွဲစိတ်လိုက်ရပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ခေါင်းစည်းကြိုးကို အမြဲပတ်ထားတဲ့အခါ လက်မှာ ပွန်းရာတွေဖြစ်ပြီး ပိုးမွှားတွေ အလွယ်တကူ ဝင်နိုင်ပါတယ်။

၃။ သင့်ရဲ့သွင်ပြင်ကို ရုပ်ဆိုးသွားစေခြင်း

လက်ကောက်ဝတ်မှာ ခေါင်းစည်းကြိုးကို အမြဲပတ်ထားတာက သင့်ရဲ့ စမတ်မဖြစ်စေပါဘူး။ တခြားလှပနေတဲ့ အရာကိုတောင် ဖျက်လိုက်သလို ဖြစ်မှာပါ။ လက်ကောက်ဝတ်မှာ ခေါင်းစည်းကြိုးအစား လက်ပတ်လှလှလေး ပတ်ထားရင်တောင် ပိုပြီး ကြည့်ကောင်းနေဦးမှာပါ။

ခေါင်းစည်းကြိုးတွေကို ပြန့်ကျဲမနေအောင်သိမ်းနည်း

ခေါင်းစည်းကြိုးကို ရှာရမခက်အောင် လက်ကောက်ဝတ်မှာ ပတ်မထားသင့်ပါဘူးနော်။ ကလစ်ကွင်းလေးကို သုံးပြီး ခေါင်းစည်းကြိုးကို သိမ်းလို့ရပါတယ်။ ကလစ်ကွင်းလေးတွေက နေရာလည်းမယူတာကြောင့် အိတ်ထဲမှာ ထည့်ထားလည်း အဆင်ပြေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments