Silica gel ထုပ်ပေးတွေရဲ့ အသုံးဝင်ပုံ (၇) မျိုး

ဆေးတွေဝယ်တဲ့အခါ၊ ဖိနပ်တွေ ဝယ်တဲ့အခါ၊ တချို့ပစ္စည်းလေးတွေ ဝယ်ရင် ဘူးထဲမှာ silica gel ထုပ်လေးတွေ ပါတတ်ပါတယ်။ အဲဒီ အထုပ်လေးတွေကို အသုံးမဝင်ဘူးလို့ ထင်ကြတာကြောင့် လွှင့်ပစ်တတ်ကြပါတယ်။ တကယ်တော့ အဲဒီ silica gel ထုပ်လေးတွေက အများကြီး အသုံးဝင်ပါတယ်နော်။

၁။ ဖုန်းတွေထဲ ရေဝင်သွားတဲ့အခါ ခြောက်သွေ့စေခြင်း

Silica gel လေးတွေက အစိုဓါတ်ကို စုပ်ယူပေးနိုင်ပါတယ်။ ဇစ်အိတ်ထဲမှာ silica gel တွေကို ထည့်ထားပါ။ ဖုန်း၊ airpod စတဲ့ပစ္စည်းတွေ ရေဝင်သွားရင် အဲဒီဇစ်အိတ်ထဲကို ၇၂ နာရီကြာအောင် ဖုန်းကို ထည့်ထားလိုက်ပါ။

၂။ မြူလေကာအတွက် အသုံးပြုနိုင်ခြင်း

ကားမှာ ပြဿနာတစ်ခုခုကြောင့် windshields အလုပ် မလုပ်တော့ရင် silica gel ၃ ထုပ်လောက်ကို ထားထားလိုက်ပါ။

၃။ အစားအစာတွေ မှိုတက်တာကို ကာကွယ်ပေးခြင်း

အစေ့တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေရဲ့အစားအစာတွေက အောက်သိုးသိုးအနံ့ မထွက်လာဖို့ အရေးကြီးပါတယ်။ အဲဒီလို အစားအစာတွေ ကြားထဲကို silica gel ထုပ်လေးတွေ ထည့်ထားရင် မှိုတက်တာကို ကာကွယ်ပေးပြီး လတ်ဆတ်နေစေမှာပါ။

၄။ ပစ္စည်းတွေ မှိုတက်တာကို ကာကွယ်ပေးခြင်း

အိပ်ရာခင်းတွေ၊ တဘက်တွေ သိမ်းတဲ့အခါ အောက်သိုးသိုးအနံ့ မထွက်အောင်လို့ silica gel ထုပ်လေးတွေကို ထည့်ပြီးသိမ်းပါ။ Gym အိတ်တွေ၊ အံဆွဲတွေ၊ ဖိနပ်တွေ မှိုမတက်အောင်လည်း silica gel ကို သုံးလို့ရပါတယ်။ Silica gel က အစိုဓါတ်ကို စုပ်ယူပေးတာကြောင့် ဘက်တီးရီးယားတွေ မပွားလွယ်တော့ပါဘူး။

၅။ သံချေးမတက်အောင် ကာကွယ်ပေးခြင်း

အစိုဓါတ်တွေ များလာရင် သံချေးတွေလည်း တက်လာမှာပါ။ မုတ်ဆိတ်ရိတ်တဲ့ဓါး၊ ဝက်အူလှည့်၊ တူ တွေကို သိမ်းရင် သံချေးမတက်အောင် silica gel ထုပ်လေးတွေ ထည့်ထားလို့ ရပါတယ်။

၆။ ပန်းခြောက်လုပ်ဖို့အတွက် အသုံးပြုနိုင်ခြင်း

ပန်းအခြောက်လုပ်မယ်ရင် ပန်းတွေကို ဘူးတစ်ခုထဲထည့်ပြီးမှာ silica gel လေးတွေနဲ့ ဖုံးလိုက်ပါ။ ပြီးရင် ဘူးအဖုံးကို သေချာပိတ်ပြီး ၆ ရက်လောက် ထားပါ။ ၆ ရက်လောက် ကြာပြီးရင် ပန်းခြောက်လှလှလေးတွေ ရလာတာကို တွေ့ရမှာပါ။

၇။ မီးဖိုထဲက အနံ့ဆိုးတွေကို ဖယ်ရှားပေးခြင်း

Silica gel က မကောင်းတဲ့ အနံ့တွေကိုလည်း ဖယ်ပေးနိုင်ပါသေးတယ်။ ပန်းကန်ဆေးစင်မှာ အနံ့ဆိုးတွေ ထွက်နေရင် ပန်းကန်ဆေးစင်အောက်မှာ silica gel ထုပ်လေးတွေ ထားလိုက်ပါ။ အထုပ်လေးတွေကို ခဏခဏ လဲပေးဖို့တော့ လိုပါတယ်။

-Silica gel လေးတွေက အဆိပ်အတောက် မဖြစ်စေပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ထဲ ရောက်သွားရင် မပြိုကွဲတာကြောင့် စားလို့မရပါဘူး။ စားမိရင် ဆို့နင်နိုင်တာကြောင့် ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဝေးရာမှာ ထားသင့်ပါတယ်။

- Silica gelလေးတွေက ဖုန်းမှာပါတဲ့ နားကြပ်ပေါက်ထဲကို ဝင်သွားနိုင်ပါတယ်။ အဲဒါကြောင့် silica gel ကို မဖောက်ဘဲ အထုပ်လိုက်ပဲ သုံးသင့်ပါတယ်။

- Silica gel ကို အပူပေးလိုက်ရင် သူ့ရဲ့အာနိသင်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments