မေးစေ့နှစ်ထပ်နဲ့ မျက်နှာအဆီတွေကို အလွယ်ကူဆုံးဖယ်ရှားနိုင်မယ့် နည်းလမ်း (၁၃) ခု

ကိုယ်အလေးချိန် တက်လာပြီဆိုတာနဲ့ မျက်နှာနဲ့ လည်ပင်းမှာလည်း အဆီတွေ ဖြစ်လာပါတယ်။ မေးစေ့နှစ်ထပ်ဖြစ်တာက အသက်ကြီးတဲ့ပုံစံကို ရောက်စေပါတယ်။ အဲဒါကြောင့် မေးစေ့နှစ်ထပ်ကို အလွယ်ကူဆုံးနည်းတွေနဲ့ ဘယ်လိုဖယ်ရှားနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ထိုင်နည်းပုံစံ

ထိုင်ပြီးအလုပ်လုပ်ရသူဆိုရင် ထိုင်ပုံထိုင်နည်း မမှန်ရင် ခါးနဲ့ ကျောရိုးကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် မျက်နှာမှာလည်း မေးစေ့နှစ်ထပ်ပါ ထွက်လာစေပါတယ်။ အဲဒါကြောင့် အလုပ်လုပ်တဲ့အခါ ခါးကို မတ်မတ်ထားပါ။ ကွန်ပျူတာ screen ကို မျက်နှာနဲ့ တစ်တန်းတည်း သို့မဟုတ် မျက်နှာထက် အနည်းငယ်မြင့်တဲ့ နေရာမှာထားရင် ခေါင်းမငုံ့ဖြစ်တော့တဲ့အတွက် မေးနှစ်ထပ်လည်း မဖြစ်လာတော့ပါဘူး။

၂။ အိပ်နည်းပုံစံ

အိပ်ရေးမဝရင် ကိုယ်အလေးချိန် ပိုတက်လာပါတယ်။ ပြီးတော့ မေးနှစ်ထပ်ကို ထပ်မဖြစ်ချင်ရင် ဘေးစောင်းအိပ်တာထက် ပက်လက်အိပ်တာက ပိုအဆင်ပြေစေပါတယ်။ ဘေးစောင်းအိပ်တာက မျက်နှာမှာ အရေးအကြောင်းတွေ ပိုဖြစ်လာမှာပါ။

၃။ ပီကေဝါးခြင်း

ပီကေဝါးတာက မျက်နှာကြွက်သားတွေအတွက် လေ့ကျင့်ခန်း လုပ်သလိုပါပဲ။ ဒါပေမယ့် သကြားမပါတဲ့ ပီကေဖြစ်ဖို့တော့ လိုပါတယ်။

၄။ Face mask

ကြက်ဥ၊ နွားနို့၊ ပျားရည်၊ အလှဆီ၊ လက်ဖက်စိမ်းတို့ ပေါင်းစပ်ပြီး face mask လုပ်ပေးနိုင်ပါတယ်။ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ maskတွေက မျက်နှာက အဆိပ်အတောက်တွေ၊ အဆီတွေကို လျော့ပါးသွားစေမှာပါ။

၅။ လေချွန်ခြင်း

လေချွန်တာကလည်း မျက်နှာနဲ့ လည်ပင်းကြွက်သားတွေအတွက် လေ့ကျင့်ခန်းပါပဲ။ အဲဒါကြောင့် ခါးကို မတ်မတ်ထားပြီး ၁၀ စက္ကန့်လောက် ကြာအောင် လေချွန်ကြည့်ပါ။

၆။ အသီးအရွက်များကို ပိုစားခြင်း

ညီမျှတဲ့ အစာအာဟာရက ကိုယ်အလေးချိန်ကို ကျစေပါတယ်။ အဲဒါကြောင့် ရေဓါတ်များတဲ့ သခွားသီး၊ ဖရဲသီး၊ အဆိပ်အတောက်တွေ ဖယ်ပေးတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ရွှေဖရုံသီးတို့ကို ပိုပြီး စားသုံးပါ။

၇။ ရေများများ သောက်ပါ။

ရေများများသောက်ရင် ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ပြီးသား ဖြစ်စေပါတယ်။ ကိုယ်အလေးချိန်ကျဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး ရေနှစ်လီတာ သောက်သင့်ပါတယ်။

၈။ ဆားနှင့် သကြားကို လျှော့စားခြင်း

ဆားကို စားသုံးတာများရင် မျက်နှာက ပိုဖောင်းလာပါတယ်။ သကြားအချိုတွေကို စားတာများရင် ခဏခဏ ဗိုက်ဆာလာပါတယ်။ အဲဒါကြောင့် ဆားနဲ့သကြား ပါဝင်မှုများတဲ့ မုန့်တွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေကိုပဲ ရွေးချယ်စားသုံးပါ။

၉။ လှုပ်လှုပ်ရှားရှားနေခြင်း

ရေကူးတာ၊ ပြေးတာ၊ လမ်းကို မြန်မြန်လျှောက်တာ၊ စက်ဘီးစီးတာတွေက ထိရောက်တဲ့ cardio လေ့ကျင့်ခန်းတွေ ဖြစ်တာကြောင့် ကိုယ်အလေးချိန်ကို မြန်မြန်ကျစေပါတယ်။ ဒီလေ့ကျင့်ခန်းတွေက တစ်ကိုယ်လုံး အဆီတွေသာမက မျက်နှာအဆီတွေကိုပါ ကျစေတာပါ။

၁၀။ Alcohol သောက်သုံးမှုကို လျှော့ချခြင်း

Alcohol ပါဝင်တဲ့ သောက်စရာတွေက ကိုယ်အလေးချိန် တက်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ အရက်တွေ၊ ဘီယာတွေမှာ ကယ်လိုရီပါဝင်မှုများပြီး အာဟာရ ပါဝင်မှုကတော့ နည်းပါတယ်။ သောက်ပါများရင် မျက်နှာနဲ့ ဗိုက်က သိသိသာသာ ဖောင်းလာတာကို တွေ့ရမှာပါ။

၁၁။ Sunscreen လိမ်းခြင်း

အသက်ကြီးလာတာကြောင့်လည်း မေးစေ့နှစ်ထပ်ဖြစ်တာ၊ မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာတာမျိုး ရှိပါတယ်။ အဲဒါကြောင့် SPF 30 သို့မဟုတ် SPF 30 ထက် ပိုပါဝင်တဲ့ sunscreen ကို ပုံမှန်လိမ်းပေးသင့်ပါတယ်။

၁၂။ ပူဖောင်းမှုတ်ခြင်း

ပူဖောင်းမှုတ်တာကလည်း မျက်နှာကြွက်သားတွေအတွက် လေ့ကျင့်ခန်းပါပဲ။ မေးစေ့နှစ်ထပ်ဖြစ်နေရင်၊ ပါးမှာ အဆီတွေများနေရင် ပူဖောင်းမှုတ်တဲ့နည်းကို စမ်းသပ်ကြည့်ပါ။

၁၃။ ပို၌ပြုံးပါ။

ပြုံးတာက မျက်နှာကို ပိုလှလာစေရုံမက မျက်နှာကြွက်သားတွေ တင်းရင်းလာစေမှာပါ။ တစ်ခါပြုံးရင် ၁၀ စက္ကန့်ကြာ ပြုံးပါ။ တစ်နေ့ကို ၁၀ ကြိမ်ခန့် ပြုံးပေးရင် မေးစေ့နှစ်ထပ်နဲ့ မျက်နှာအဆီတွေ သိသိသာသာ လျော့ကျသွားမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments