ခါးပိုက်နှိုက်တွေက ပိုပိုများလာပြီး သူတို့ရဲ့ လှည့်ကွက်တွေကလည်း ပိုမိုဆန်းသစ် လာပါတယ်။ အဲဒါကြောင့် ခါးပိုက်နှိုက်ခံရမယ့်ဘေးကနေ ကင်းဝေးအောင် ဘယ်လိုနည်းလမ်းတွေကို အသုံးချမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အပြင်ထုတ်ထားတဲ့ ATM စက်တွေမှာ ငွေမထုတ်သင့်ပါဘူး။

သင်က အပြင်ထုတ်ထားတဲ့ ATM စက်တွေမှာ ငွေထုတ်နေရင် သင့်ငွေတွေကို လုပြေးဖို့ ခါးပိုက်နှိုက်တွေက စောင့်နေနိုင်ပါတယ်။ အဲဒါကြောင့် ATM စက်မှာ ငွေထုတ်မယ်ဆိုရင် ဟိုတယ်၊ စားသောက်ဆိုင်တို့လို အဆောက်အဦးတစ်ခုထဲမှာ ထည့်ထားတဲ့ ATM စက်တွေမှာသာ ငွေထုတ်ပါ။

၂။ ကိုယ့်ရဲ့ပစ္စည်းတွေကို လူများတဲ့ နေရာတွေမှာ ထုတ်မစစ်သင့်ပါဘူး။

လူများတဲ့နေရာမှာ ပစ္စည်းတွေကို အမှတိတမဲ့နဲ့ စစ်လိုက်ရင် ခါးပိုက်နှိုက်ရဲ့မျက်လုံးက သင့်ဆီချက်ချင်း ရောက်လာမှာပါ။ ဒါ့အပြင် သင်က ပစ္စည်းစစ်နေတုန်း ခါးပိုက်နှိုက်က သူ့ပစ္စည်းတွေ ခိုးသွားပါတယ်ဆိုပြီး ဉာဏ်များနိုင်ပါသေးတယ်။

၃။ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်မှာ ခပ်မြန်မြန်သွားတတ်သူတွေကို သတိထားပါ။

အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေကို သုံးရင် ပစ္စည်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ်မှာထားပါ။ ခါးပိုက်နှိုက်က အရမ်းကို ခြေမြန်လက်မြန်တာကြောင့် အလစ်ငိုက်တဲ့အချိန်မှာ ပစ္စည်းကို ယူသွားနိုင်ပါတယ်။

၄။ လျှို့ဝှက်အိတ်ကပ်ပါတဲ့ အဝတ်အစားတွေကို ဝတ်ပါ။

လျှို့ဝှက်အိတ်ကပ်ထဲမှာ အရေးကြီးတဲ့အရာတွေကို ထည့်ထားနိုင်တာကြောင့် သင့်အတွက် အရမ်းအကျိုးရှိပါတယ်။ ဒါမှမဟုတ် လျှို့ဝှက်အိတ်ကပ်ကိုလည်း အဝတ်အစားမှာ ထည့်ပြီး ချုပ်လို့ရပါတယ်။

၅။ နှိပ်စေ့တစ်မျိုးတည်းပါတဲ့ အိတ်ကို မသုံးသင့်ပါဘူး။

အလစ်သုတ်ပြေးသမားတွေရန်ကနေ ကင်းစေဖို့ စလွယ်သိုင်းလွယ်လို့ရမယ့် အိတ်တွေကို ပိုရွေးချယ်သင့်ပါတယ်။ နှိပ်စေ့အပြင် ဇစ်ပါတဲ့ အိတ်မျိုးကို သုံးသင့်ပါတယ်။ ဒါပေမယ့် တချို့ ခါးပိုက်နှိုက်တွေက ဇစ်ကိုလည်း ဖြုတ်နိုင်တာကြောင့် သော့ပါတဲ့ဇစ်က ပိုအဆင်ပြေပါတယ်။

၆။ ခါးပိုက်နှိုက်တွေကို သတိထားဖို့အတွက် ရေးထားတဲ့ ဆိုင်းဘုတ်တွေကို အရမ်းဂရုမစိုက်ပါနဲ့။

ခါးပိုက်နှိုက်တွေကို သတိထားပါဆိုတဲ့ ဆိုင်းဘုတ်ကို မြင်လိုက်တာနဲ့ သင်က အိတ်ကို ချက်ချင်းစစ်မိသွားမှာပါ။ အဲဒီလို စစ်လိုက်တာက ခါးပိုက်နှိုက်ကို အချက်ပြလိုက်သလိုပါပဲ။

၇။ အုပ်စုလိုက် လာသူတွေကို သတိထားပါ။

ခါးပိုက်နှိုက်တွေက တစ်ခါတရံ အုပ်စုလိုက် အလုပ်လုပ် ကြပါတယ်။ သင်သွားမယ့်နေရာကို သူတို့အုပ်စုလိုက်ကြီး လိုက်လာရင် သိထားသင့်ပါတယ်။

၈။ စကားများနေတဲ့သူတွေကို ရပ်မကြည့်ပါနဲ့။

ရန်ဖြစ်နေတဲ့သူတွေကို သင်က ကူညီဖို့ ရပ်ကြည့်လိုက်တဲ့အချိန်မှာ ခါးပိုက်နှိုက်တွေက နောက်ကနေ သင့်ဆီက ပစ္စည်းခိုးဖို့ လုပ်နေကြပါပြီ။ နောက်တစ်နည်းကတော့ ရန်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ခါးပိုက်နှိုက်တွေက ရန်ဖြစ်နေတဲ့လူတွေထဲ သင့်ကို တွန်းပို့လိုက်မှာပါ။ ပြီးတော့ သင့်ပစ္စည်းတွေကို အကုန်ထုတ်ခါကြည့်ကြမှာပါ။

၉။ လမ်းမကြီးနဲ့ကပ်ပြီး လမ်းလျှောက်တာကို ရှောင်ပါ။

ခါးပိုက်နှိုက်တွေက ဆိုင်ကယ်နဲ့ ရောက်လာပြီး သင့်ပိုက်ဆံအိတ်ကို လုပြေးနိုင်ပါတယ်။ အဲဒါကြောင့် လမ်းမကြီးနဲ့ ခပ်ဝေးဝေးကနေ လမ်းလျှောက်တာ ဒါမှမဟုတ် လမ်းပြောင်းပြန် လမ်းလျှောက်တာမျိုးကို ရွေးသင့်ပါတယ်။

၁၀။ ဆန်းဝစ်ချ်နည်းလမ်းကို သတိထားပါ။

ဆန်းဝှစ်ချ်နည်းလမ်း ဆိုတာကတော့ ဓါတ်လှေကား၊ စက်လှေကားတွေမှာ ခါးပိုက်နှိုက်တွေက သင့်ရဲ့အရှေ့နဲ့ အနောက်နေရာတွေမှာ နေရာယူလိုက်တာပါ။ သင့်ရှေ့မှာ ပိတ်ရပ်နေပြီး သွားမရတဲ့အချိန်မှာ နောက်ကလူက ပစ္စည်းတွေကို အလစ်သုတ်သွားပါတော့တယ်။ ဒီလိုနည်းလမ်းကို ဈေးဝယ်စင်တာတွေ၊ လေဆိပ်တွေ၊ ဘူတာရုံတွေမှာ အသုံးများပါတယ်။ ဆန်းဝှချ်အခြေအနေလို့ ခံစားရရင် အိတ်ကို အရှေ့ဘက်မှာ ပြောင်းပြီးလွယ်ပါ။

Zombie (lovemedia)