မျက်နှာအဆီအရမ်းပြန်တာကို ဒီနည်းလမ်း (၇) ခုနဲ့ နှုတ်ဆက်လိုက်ပါ

မျက်နှာနဲ့မကိုက်ညီတဲ့ beauty products၊ အစားအသောက်၊ နေထိုင်မှု ပုံစံတွေကြောင့် မျက်နှာမှာ အဆီပြန်လာမှာပါ။ မျက်နှာက အမြဲလိုလို အဆီပြန်နေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း နည်းပါးလာမှာပါ။ အဲဒါကြောင့် အဆီပြန်တတ်တဲ့ အသားအရေ ရှိသူတွေအတွက် အဆီပြန်တာ သက်သာစေမယ့် mask ပြုလုပ်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေး ပါမယ်နော်။

၁။ ငှက်ပျောသီးနှင့် သံပရိုသီး

မျက်နှာမှာ အဆီပြန်တာ များလာရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေ ဖြစ်လာမှာပါ။ သံပရိုသီးက ချွေးပေါက်ပိတ်တာတွေကို ပွင့်သွားဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် သံပရိုသီးကို မျက်နှာပွတ်လိမ်းပြီးတဲ့အခါ နေရောင်နဲ့ တိုက်ရိုက်မထိတွေ့ဖို့တော့ အရေးကြီးပါတယ်။ ငှက်ပျောသီးကတော့ အဆီတွေကို စုပ်ယူပေးနိုင်ပါတယ်။

- ငှက်ပျောသီးကို ခက်ရင်းနဲ့ ချေလိုက်ပါ။

- ငှက်ပျောသီးထဲကို သံပရိုသီး ၁၀ စက်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေထည့်ပါ။

- ပြီးရင် မျက်နှာမှာ လိမ်းပြီး ၁၅ မိနစ်ကြာအောင်ထားပါ။

- ၁၅ မိနစ်ကြာ ထားပြီးတဲ့အခါ ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပါ။

၂။ ပျားရည်နဲ့ အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်က အဆီတွေကို စုပ်ယူတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ပြီးတော့ ဆဲလ်သေတွေကိုလည်း ဖယ်ပေးပါသေးတယ်။ ပျားရည်ကတော့ အသားအရေရောင်ရမ်းတာတွေအတွက် ကောင်းပါတယ်။

- အုတ်ဂျုံမှုန့်ခွက်တစ်ဝက်၊ ရေနွေးကို ခွက်ရဲ့ လေးပုံတစ်ပုံနဲ့အတူ ရောမွှေပါ။

- ပျားရည်ထပ်ထည့်ပြီး မျက်နှာမှာ လိမ်းပါ။

- ၁၀ မိနစ်ခန့် ကြာအောင်ထားပြီးရင် ရေနွေးနဲ့ ရေဆေးချပါ။

၃။ ကြက်ဥအကာနှင့် သံပရိုသီး

ကြက်ဥအကာနဲ့ သံပရိုသီးကို ရောလိမ်းရင် ချွေးပေါက်တွေက တဖြည်းဖြည်း ကျဉ်းသွားပါတယ်။ ပြီးတော့ သံပရိုသီးက အဆီကို စုပ်ယူပေးနိုင်တာကြောင့် မျက်နှာအဆီပြန်သူတွေအတွက် ရွေးချယ်သင့်တဲ့ အသီးပါပဲ။

- ကြက်ဥအကာတစ်လုံးနဲ့ သံပရိုသီးတစ်လုံးကို ညှစ်ထားတဲ့ အရည်တို့ကို ရောမွှေပါ။

- ပြီးရင် မျက်နှာမှာလိမ်းပြီး ခြောက်သွေ့အောင်ထားပါ။

- ခဏကြာ ထားပြီးတဲ့အခါ ရေနွေးနဲ့ မျက်နှာသစ်ပါ။

၄။ Almond နဲ့ ပျားရည်

Almond က မျက်နှာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆီတွေကိုလည်း နည်းသွားစေပါတယ်။ ပျားရည်ကတော့ သဘာဝတရားက ပေးတဲ့ moisturizer ပါပဲ။

- Almond စေ့ ၁၀စေ့လောက်ကို အနှစ်ရအောင်လို့ ကြိတ်ပါ။

- အဲဒီထဲကို ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းထပ်ထည့်ပါ။

- ပါဝင်ပစ္စည်း နှစ်ခုကို ရောမွှေပြီး မျက်နှာနှာ နှံ့သွားအောင်လိမ်းပါ။

- ၁၅ မိနစ်ကြာအောင် ထားပြီးရင်တော့ ရေနွေးနဲ့ မျက်နှာသစ်ပေးပါ။

၅။ ခရမ်းချဉ်သီးနှင့် သကြား

ခရမ်းချဉ်သီးမှာပါတဲ့ အက်စစ်က မျက်နှာပေါ်က အဆီတွေကို စုပ်ယူပေးပြီး ချွေးပေါက်ပိတ်နေတာကိုလည်း သက်သာစေပါတယ်။ အသားအရေ ချောမွေ့စေဖို့ကတော့ သကြားရှိပါတယ်။

- သကြားလက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ခရမ်းချဉ်သီးတစ်လုံးရဲ့ အနှစ်တို့ကို ရောမွှေပါ။

- နောက်တစ်ဆင့်မှာတော့ ရောမွှေထားတဲ့အနှစ်ကို မျက်နှာမှာ လိမ်းပါ။

- ၅ မိနစ်ခန့် ထားပြီးရင် ရေနွေးနဲ့ မျက်နှာသစ် လိုက်ရုံပါပဲ။

၆။ ရှားစောင်းလက်ပတ်

မျက်နှာနေလောင်တဲ့အခါ၊ အသားအရေ နီစပ်စပ် ဖြစ်တဲ့အခါ ရှားစောင်းလက်ပတ်ကို သတိရလိုက်ပါ။ ဝက်ခြံကို သက်သာစေတဲ့အတွက်လည်း ရှားစောင်းလက်ပတ်ကို အသုံးများကြပါတယ်။

- ရှားစောင်းလက်ပတ်ဂျယ်ကို အိပ်ရာမဝင်ခင်မှာ မျက်နှာမှာ ကပ်ထားလိုက်ရုံပါပဲ။ မနက်ခင်းရောက်ရင်တော့ ရေနွေးနဲ့ မျက်နှာသစ် လိုက်ရုံပါပဲ။

၇။ အုတ်ဂျုံမှုန့်နှင့် မုန့်ဖုတ်ဆိုဒါ

အုတ်ဂျုံမှုန့်နဲ့ မုန့်ဖုတ်ဆိုဒါနှစ်မျိုးလုံးက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ကျယ်စေပါတယ်။

- အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပန်းကန်တစ်လုံးထဲမှာ ထည့်ပါ။

- ပြီးရင် အနှစ်ရလောက်တဲ့ အနေအထားရအောင် ရေနည်းနည်းထည့်ပါ။

- အနှစ်ရလာရင် မျက်နှာမှာလိမ်းပြီး ခြောက်သွေ့သွားတဲ့အထိ ထားပါ။

- နောက်ဆုံးမှာတော့ ရေနွေးနဲ့ မျက်နှာသစ်ပြီး moisturizer လိမ်းပါ။

Zombie (lovemedia)

Post a Comment

0 Comments