ခြောက်သွေ့နေတဲ့ဆံပင်ကို ရေဓါတ်ဖြည့်ဖို့အတွက် နည်းလမ်းများ

ဆံပင်ကို ဓါတုဆေးတွေ အသုံးများတာ၊ ခဏခဏ ကောက်တာ၊ ဖြောင့်တာ၊ လိုတာထက်ပိုပြီး ခေါင်းလျှော်တာတွေက ဆံသားကို ခြောက်သွေ့စေမှာပါ။ လှပကျန်းမာတဲ့ ဆံပင်ဖြစ်ဖို့ ရေဓါတ်ပြည့်နေဖို့ကလည်း လိုပါတယ်။ အဲဒါကြောင့် အိမ်မှာတင် ဆံပင်ကို မခြောက်သွေ့အောင် ဘယ်လိုနည်းနဲ့ အစိုဓါတ်ဖြည့်မလဲ ဆိုတာ love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ရှားစောင်းလက်ပတ်နဲ့ နှင်းဆီရည်

ရှားစောင်းလက်ပတ်က ဆံပင်ကို သန့်စင်ပေးရုံ မကပါဘူး။ ပျက်နေတဲ့ ဆံသားတွေကိုလည်း ပြုပြင်ပေးပါသေးတယ်။ နှင်းဆီရည်ကတော့ ဦးရေပြားအတွက် အကျိုးရှိပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ နှင်းဆီရေကို ဆတူရောပြီး spray ဘူးထဲမှာထည့်ပါ။ ပြီးရင် ဆံပင်ကို နေ့တိုင်းဖြန်းပေးပါ။

၂။ သဘာဝဆီများ

ထောပတ်သီးအဆီ၊ အုန်းဆီ၊ သံလွင်ဆီတို့ကို တစ်ပတ်ကို နှစ်ခါခန့် ဆံပင်မှာ ပုံမှန်လိမ်းပေးပါ။ ခေါင်းမလျှော်ခင်လိမ်းပေးပြီး မိနစ်အနည်းငယ်ကြာရင် ခေါင်းလျှော်လိုက်လို့ရပါပြီ။ အုန်းဆီလိမ်းမယ် ဆိုရင်တော့ ခေါင်းမလျှော်ခင် တစ်ည ကြိုပြီးလိမ်းပေးပါ။ သဘာဝအဆီက ဆံပင်နဲ့ဦးရေပြားကို ရေဓါတ်ဖြည့်ပေးပါတယ်။

၃။ ငှက်ပျောသီးနဲ့ သံလွင်ဆီ

ငှက်ပျောသီးမှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ဦးရေပြားခြောက်သွေ့တာကို ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးတစ်လုံးကို ချေပြီး သံလွင်ဆီလက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင် ဆံပင်အရင်းကနေ အဖျားအထိ နှံ့အောင် လိမ်းပေးပါ။ ပြီးရင် ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။

၄။ ဆန်ဆေးရည်

ဆန်ဆေးရေမှာ ဗီတာမင်၊ သတ္ထုဓါတ်နဲ့ အမိုင်နိုအက်ဆစ်တို့ ပါတာကြောင့် ခြောက်သွေ့နေတဲ့ ဆံပင်ကို ထိန်းသိမ်းဖို့အကောင်းဆုံးပါပဲ။ သန့်ရှင်းတဲ့ ဆန်ဆေးရည်ထဲကို ရေအနည်းငယ်ထည့်ပြီး မိနစ် ၃၀ ခန့် ထားထားပါ။ ပုံမှန်ခေါင်းလျှော်ရည်နဲ့လျှော်ပြီးတဲ့အခါ ဆန်ဆေးရည်နဲ့ နှံ့အောင်လျှော်ရုံပါပဲ။

၅။ ထောပတ်သီး၊ ရှားစောင်းလက်ပတ်နဲ့ အုန်းဆီ

ဖွာကြမ်းပြီး ခြောက်သွေ့နေတဲ့ ဆံပင်အတွက်ဆိုရင် ဒီပါဝင်ပစ္စည်းသုံးမျိုးက မရှိမဖြစ်ပါပဲ။ ထောပတ်သီးအမှည့်တစ်လုံး၊ ရှားစောင်းလက်ပတ်ဂျယ်လ်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ ရောမွှေပြီး ဆံပင်မှာနှံ့အောင် လိမ်းပါ။ မိနစ် ၃၀ ခန့်ထားပြီးရင် ရေနွေးနဲ့ ဆေးချပေးပါ။

၆။ ဒိန်ချဉ်နဲ့ သံလွင်ဆီ

သင်က ဆံပင်ကို အရောင်ချွတ်ထားတာ မကြာသေးဘူးဆိုရင်၊ ဆံပင်အရောင်ဆိုးထားတာ မကြာသေးဘူးဆိုရင် ဒီနည်းက အရမ်းကို အကျိုးရှိပါတယ်။ ဒိန်ချဉ်တစ်ခွက်နဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ ဆံပင်မှာ နှံ့အောင်လိမ်းပေးပြီး ၁၀ မိနစ်ခန့် ကြာအောင်ထားပါ။ ပြီးရင် ရေနွေးနဲ့ဆေးချပါ။ ဒီနည်းကိုတော့ တစ်ပတ်တစ်ခါ အသုံးပြုလို့ ရပါတယ်။ ဆံပင်ကို ရေဓါတ်ဖြည့်ပေးတဲ့အပြင် ဆံပင်အရှည်လည်း မြန်စေပါတယ်။

ဆံပင်ရေဓါတ်ပြည့်နေစေဖို့

၁။ သင့်ဆံပင်က ခြောက်သွေ့ကြမ်းတမ်းတယ်ဆိုရင် ဆံပင်လေမှုတ်တဲ့အခါ အပူချိန်နည်းနည်းနဲ့ပဲ သုံးသင့်ပါတယ်။

၂။ ဗီတာမင်အေ၊ စီ၊ ဘိုင်အိုတင်နဲ့ သံဓါတ်က ဆံပင်အရှည်မြန်စေပြီး ဆံသားကို ကျန်းမာစေတာကြောင့် အစားအစာထဲမှာ ထည့်သွင်းစားသုံး သင့်ပါတယ်။

၃။ ခေါင်းကို နေ့တိုင်းလျှော်တာက သန့်ရှင်းစေပေမယ့် ဆံပင်ကို ရေဓါတ်ဖြည့်ပေးပေမယ့် သဘာဝအဆီတွေလည်း ပါသွားပါတယ်။ အဲဒါကြောင့် တစ်ပတ်ကို နှစ်ခါလောက်ပဲ ခေါင်းလျှော်သင့်ပါတယ်။

၄။ နေရောင်ခြည်၊ လေ၊ ဆားနဲ့ရေတွေကလည်း ဆံပင်ကို ခြောက်သွေ့စေပါတယ်။ အဲဒါကြောင့် အပြင်ထွက်တဲ့အခါ ဦးထုပ် သို့မဟုတ် ထီးဆောင်းပါ။

Zombie (lovemedia)

Post a Comment

0 Comments