မိတ်ကပ် brush တွေကို နေ့စဉ်သုံးတဲ့အခါ သန့်ရှင်းရေးလုပ်ပေးဖို့လည်း အရေးကြီးပါတယ်။ Brush တွေကို ပုံမှန်သန့်ရှင်းရေး မလုပ်ပေးရင် မျက်နှာမှာ အရေးပြားပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။
Makeup brush တွေမှာ ဘက်တီးရီးယားတွေ ပေါက်ပွားတာ မဖြစ်ရအောင် တစ်ပတ်တစ်ခါ သို့မဟုတ် ဆယ်ရက်တစ်ခါခန့် သန့်ရှင်းရေး လုပ်ပေးသင့်ကြောင်း အရေပြားဆရာဝန်တွေက အကြံပေးပါတယ်။ အောက်ခံမိတ်ကပ်၊ ကွန်ဆယ်လာတွေကို သုံးတဲ့ brush တွေကို သေချာဂရုစိုက်ပြီး ဆေးကြောပေးလို့ လိုအပ်ပါတယ်။
မိတ်ကပ်လိမ်းတဲ့အခါ သုံးတဲ့ဖော့တွေကိုလည်း နေ့စဉ်ဆေးကြောပေး သင့်ပါတယ်။ မိတ်ကပ်ဖော့တွေထဲမှာ အစိုဓါတ်ဝင်နေတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားနှုန်းက မြန်ပါတယ်။
Brush တွေကို စနစ်တကျဆေးကြောနည်း
- Brush တွေကို ရေနွေးနဲ့ဆေးကြောပါ။
- ဇလုံတစ်ခုထဲမှာ ရေထည့်ပြီး brush တွေကို ထည့်စိမ်ထားပါ။
- ပြီးရင် ရေစစ်ထဲမှာ brush တွေကို ပွတ်တိုက်ပြီးတော့လည်း သန့်ရှင်းရေးလုပ်ပေးပါ။
- ရေကို နောက်တစ်ခါပြန်ဆေးပြီး brush မှာ ရေတွေမကျန်အောင် ခါထုတ်ပါ။
- နောက်တစ်ဆင့်မှာတော့ ဆပ်ပြာနဲ့ဆေးပါ။
- အဲဒီနောက်ရေပြောင်စင်အောင် ဆေးပြီး ရေတွေကို ပုဝါလေးနဲ့သုတ်ပါ။
- ပုဝါတစ်ထည်ပေါ်မှာ brush တွေကို တစ်ခုနဲ့ တစ်ခု ခြားပြီး ဖြန့်ခင်းထားပါ။
ဒါမှမဟုတ် brush တွေကို ထိုင်ခုံတစ်ခုရဲ့ တန်းပေါ်မှာ သရေပင်နဲ့ ကပ်ပြီး ချည်ထားလို့လည်း ရပါတယ်။ အဲဒီနည်းနဲ့ အခြောက်ခံတာက ပိုပြီးတော့ မြန်ဆန်ပါတယ်။
Brush တွေကို သန့်ရှင်းရေးလုပ်တဲ့အခါ အသုံးပြုနိုင်တဲ့ပစ္စည်းများ
- Makeup brush တွေကို ဆေးကြောတဲ့ဆေးရည် သို့မဟုတ် အမှုန့်ကို ဝယ်ယူလို့လည်း ရပါတယ်။
- ရေနွေးနွေးနဲ့ ခေါင်းလျှော်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ ပြီးရင် အထက်မှာ ဖော်ပြထားတဲ့ နည်းတွေအတိုင်း သန့်ရှင်းရေးလုပ်လို့ ရပါတယ်။
- ဆပ်ပြာရည်နဲ့ သံလွင်ဆီကို ရောမွှေပြီးတော့လည်း brush တွေကို ဆေးကြောပေးနိုင်ပါတယ်။
- Baby shampoo အနည်းငယ်နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပြီးတော့ brush တွေကို ဆေးပါ။ အဲဒီနောက် ရေနွေးနဲ့ ပြန်ပြီးရေဆေးပါ။
- ရေတစ်ဖန်ခွက်၊ ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပန်းကန်ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပါ။ Brush တွေကို ပန်းကန်လုံးထဲမှာထည့်ပြီး မိနစ်အနည်းငယ်ကြာအောင် စိမ်ထားပါ။ ပြီးရင်တော့ ရေနဲ့ပြန်ဆေးပါ။
Zombie (lovemedia)
0 Comments