ကလေးတွေကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် သိပ်နိုင်မယ့် နည်းလမ်း (၇) ခု

ကလေးငိုတဲ့အခါ ဘာလုပ်ရမှန်းမသိတဲ့ မိဘတွေအတွက် အရမ်းစိတ်ညစ်ရပါတယ်။ ဒါပေမယ့် သင့်ကလေးကို ညလုံးပေါက် အိပ်ရေးဝအောင် ကူညီပေးနိုင်တဲ့ အဖြေတစ်ခု အမြဲရှိပါတယ်။ မွေးကင်းစ ကလေးတွေက တစ်နေ့ကို (၁၆) နာရီအထက် အိပ်ပေမယ့်လည်း ၃-၄ လသားကလေးတွေကတော့ (၅) နာရီလောက်သာ အိပ်တတ်ကြပါတယ်။

အိပ်ရာဝင်ချိန် သတ်မှတ်ပေးထားတာက ကလေးကို ကောင်းကောင်းမွန်မွန် အိပ်ပျော်စေပါတယ်။ ဒါဆို ကလေးကို အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ သင့်ကလေးကို ပုခက်ထဲမှာ မသိပ်ပါနဲ့။

မိဘတွေက ကလေးကို ညဘက်မှာ အိပ်ပျော်အောင်ဆိုပြီး ပုခက်ထဲမှာ ထည့်သိပ်တတ်ကြပါတယ်။ သူတို့က ညဘက်မှာ အိပ်ပျော်နေပေမယ့်လည်း ပုခက်က လှုပ်ရမ်းနေတတ်တာကြောင့် လန့်နိုးလာတတ် ကြပါတယ်။ ဒါကြောင့် သူတို့တစ်ရေးနိုးပြီး ပြန်အိပ်ချင်မှသာ ပုခက်ထဲကို ပြန်ထည့်တာ ကောင်းပါတယ်။

ဒီလို ထည့်လိုက်တာက ညဘက်တစ်ရေးနိုး ထမငိုတော့ပဲ သင်တို့ကိုလည်း အေးအေးဆေးဆေးအိပ်ရစေမှာပါ။

၂။ အဖေနဲ့အမေ တစ်လှည့်စီထိန်းပါ။

"Teamwork make the dream" ဆိုတဲ့ စကားစုလေးက သင်ကလေးမွေးလာတဲ့ အချိန်မှာ တကယ်ကို အဓိပ္ပါယ်ရှိတဲ့စကား ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ သင်သာ ညဇီးကွက် ဖြစ်မယ်ဆိုရင်တော့ ကလေးကို ညဘက်မှာ ထိန်းသင့်ပါတယ်။ ဒါမှသာ သင့်အိမ်ထောင်ဘက်က အေးအေးဆေးဆေးနဲ့ အိပ်နိုင်မှာပါ။ မနက်မိုးလင်းလို့ သူထလာပြီဆိုရင်တော့ သူကလေးထိန်းရမယ့် အလှည့်ရောက်ပါပြီ။ အိပ်ရေးဝဝ အိပ်စက်လိုက်ပါ။

၃။ သင့်ကလေးရဲ့ အရုပ်တစ်ခုခုကို ဖွက်ထားလိုက်ပါ။

ကလေးတွေ ဆိုတာကတော့ အမြဲငိုနေတာ ထုံးစံပါပဲ။ ဘာပဲဖြစ်ဖြစ် ငိုတတ်ကြပါတယ်။ တကယ်လို့ သင်က ညဘက်မှာ အေးဆေးအိပ်စက်ချင်တယ် ဆိုရင်တော့ ကလေးရဲ့ အရုပ်တစ်ခုခုကို ဖွက်ထားလိုက်ပါ။ ခဏလောက်တော့ ငိုပါလိမ့်မယ်။ နောက်ပိုင်းနာရီ နည်းနည်းကြာလာတာနဲ့ အငိုတိတ်သွားပြီး သူ့ရဲ့ အရုပ်ကို လိုက်ရှာနေပါလိမ့်မယ်။ ဒီလိုနဲ့ မောပြီးအိပ်ပျော်သွားပါလိမ့်မယ်။

၄။ စောစောအိပ်တတ်အောင် လေ့ကျင့်ပေးပါ။

တစ်ခါတစ်လေမှာ တချို့အရာတွေရဲ့ "ယုတ္တိဗေဒ" က အမြဲတမ်း မမှန်နိုင်ပါဘူး။ ကလေးကို နောက်ကျမှ သိပ်လို့ ကောင်းကောင်း အိပ်ပျော်မယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ သင့်ကလေးက ဒီနည်းနဲ့ ပိုပင်ပန်းပါလိမ့်မယ်။ သူတို့ အိပ်ပျော်ဖို့ အချိန်ပိုကြာနိုင်ပြီး တစ်ညလုံး ခဏခဏ နိုးလာနိုင်ပါတယ်။

ဒါပေမယ့်လည်း အသက်အရွယ် ကွာပါသေးတယ်။ မွေးကင်းစ ကလေးတွေကတော့ ညနက်မှ အိပ်တတ်ပေမယ့်လည်း ၃ လမှ ၄ လကလေးတွေကတော့ ည ၇ နာရီမှ ည ၈ နာရီကြား အိပ်သင့်ပါတယ်။

၅။ ညဘက်ကောင်းကောင်း အိပ်ပျော်ဖို့အတွက် သင့်ကလေး ဘယ်လောက်စားလဲ ဆိုတာကို စောင့်ကြည့်ပါ။

သင့်ကလေးကို ညဘက်ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် လုံလောက်တဲ့ အစာကျွေးဖို့က အရေးကြီးပါတယ်။ ပထမ ၈ ပတ်မှာ ၂ နာရီကနေ ၃ နာရီကြာတိုင်း အစာကျွေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ တစ်နာရီကြာတိုင်း အစာစားချင်နေရင်တော့ နို့စို့ချိန်မှာ ကောင်းကောင်း မစို့နိုင်တော့ပါဘူး။

သင့်ကလေးကို နို့တိုက်ကျွေးရင် သူတို့ရဲ့အစာစားချိန် မိနစ်တွေကို မှတ်သားထားပါ။ ညဘက်မှာ ပိုစားပြီး နေ့ဘက်မှာ လျှော့စားရင်တော့ အဆာပြေစားတယ်လို့ သတ်မှတ်ပြီး ဒီအလိုအကျင့်ကို ရှောင်ကြဉ်သင့်ပါတယ်။

၆။ လာဗင်ဒါဆီရနံ့ကို ရှူရှိုက်ခိုင်းပါ။

လာဗင်ဒါဆီရဲ့ အနံ့က စိတ်အေးလက်အေးနှင့် ငြိမ်သက်မှုကို ခံစားရစေဖို့ ကူညီပေးနိုင်ပါတယ်။ မိဘတွေက ကလေးအိပ်ခါနီးကို နမ်းခြင်း၊ ချီခြင်း၊ ချော့သိပ်ခြင်းတွေ လုပ်ပေးပြီးတဲ့နောက်မှာ ဒီအနံ့ကို ဖွင့်ထားပေးသင့်ပါတယ်။ ဒါမှ ကလေးက ကြည်ကြည်နူးနူးနဲ့ အိပ်ပျော်ပြီး ညဘက်ထမငိုတော့မှာပဲ ဖြစ်ပါတယ်။

၇။ ကလေးတွေကို ကားထဲမှာ ဒီတိုင်းမထည့်သင့်ပါဘူး။

ကလေးတွေက အရမ်းကို နုနယ်သေးတာကြောင့် အပြင်သွားရင် ကားထဲမှာ ဒီတိုင်းထည့်မသွားသင့်ပါဘူး။ သူတို့က ကားထိုင်ခုံကို ခေါင်းနဲ့ မှီတတ်ကြတာကြောင့် ကားကခုန်တိုင်း သူတို့ကို နာကျင်စေနိုင်ပါတယ်။ ငယ်ရွယ်သေးချိန်မှာ ခေါင်းကပျော့တာကြောင့် ပိုတောင် မထည့်သင့်ပါသေးတယ်။ ပြီးတော့လည်း သင်နဲ့လည်း စိမ်းသွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်သွားသွား ပေါင်ပေါ်မှာပဲဖြစ်ဖြစ်၊ ဗိုက်ပေါ်မှာ တင်ထားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments