မြင်းကျားလိုလူ များလာတဲ့ခေတ်

ပျင်းပျင်းရှိတာနဲ့ TV မှာ NGC Wild လိုင်းဖွင့်ပြီး တိရိစ္ဆာန်တွေ အမဲလိုက်တာ ကြည့်နေလိုက်တယ်။ ခြင်္သေ့တကောင်က မြင်းကျားတအုပ်ကို အမဲလိုက်နေတာ။ မြင်းကျားတွေ ပြေးတယ်။ လှည့်ပတ် ပြေးကြတယ်။ ဝရုန်းသုန်းကားပေါ့။

ဖုန်တွေ တထောင်းထောင်း ထအောင် အသက်ဘေးက လွတ်ဖို့ ရှိသမျှ အားကုန်ထုတ်ပြီး ပြေးကြတာ။ ဒါပေမဲ့ သူတို့ထက် ပိုသန်မာတဲ့ ခြင်္သေ့ကြီးက နောက်ဆုံးတော့လည်း မြင်းကျားတကောင်ကို လွှားခနဲ ခုန်အုပ်ပြီး နေရာမှာတင် ကိုက်စားလိုက်တယ်။

ခြင်္သေ့က မြင်းကျားတကောင် ကိုလည်း မိသွားရော ခုနက ပြေးလွှားနေကြတဲ့ မြင်းကျားတွေ ချက်ခြင်းရပ်ပြီး အဲ့ဒီနားမှာပဲ ပုံမှန်အတိုင်း မြက်ပြန်စား နေတော့တာပဲ။ ခုနက ပြေးလွှားနေကြတာ သူတို့ မဟုတ်တဲ့ အတိုင်း။

သူတို့မျိုးနွယ် တကောင်ကို သူတို့ အနားတင် ခြင်္သေ့ကြီးက စားနေတာကို အမြီးလေး တခါခါနဲ့ အေးအေး လူလူ နေနိုင်ကြတယ်။ နေနိုင်မှာပေါ့၊ တိရစ္ဆာန်ကိုး။ သူတို့ လွတ်သွားဖို့ပဲ အားထုတ်တယ်လေ။

TV ကြည့်နေရင်းနဲ့ ကိုယ်တွေ လူ့ဘောင် အသိုင်းအဝိုင်းထဲမှာလည်း ဒီမြင်းကျား စရိုက်မျိုးနဲ့ လူတွေ ရှိနေပါလားလို့ အတွေး ဝင်လာပြီး မချိပြုံး ပြုံးမိတယ်။

"ဟိုကောင်တော့ ကားခနဲ ပဲဟေ့၊ ဟဟ ဒီကောင် ဒီလိုဖြစ်တော့မှာ ကျုပ်က ကြိုသိသားပဲ။ ထားလိုက်ဟေ့လူ သွားဝင်မပါနဲ့နော်၊ ကိုယ့်အပူ မပါဘူးဗျ။ ကိုယ့်ဟာကို နေတတ်သလိုလေး သာနေ"

ဒီစကားမျိုးတွေ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားလာရတယ်။ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်မိသားစု အရေးမှ မဟုတ်ရင် သူများ ဘေးဒုက္ခ ရောက်နေတာကို အေးရာအေးကြောင်း ကြည့်နေနိုင်ကြတဲ့ လူတွေ လူတွေ။

ကြားဘူးတဲ့ ပုံပြင်လေးတပုဒ် ရှိတယ်။ တောထဲမှာ လူနှစ်ယောက်ကို ဆင်ရိုင်းကြီးက လိုက်တယ်ပေါ့။ လူနှစ်ယောက်က ထွက်ပြေးရတာပေါ့။ လူတယောက်က ပြောတယ်။ "ငါတို့ ဆင်ရိုင်းထက် ပိုအပြေးသန်နိုင်ပါ့မလား"

ဟိုလူက ဖြေတယ်။ "ဆင်ရိုင်းထက်တော့ မသိဘူး။ ငါ မင်းထက်တော့ ပိုအပြေး သန်တယ်" တဲ့။ သိပ်ကြောက်စရာ ကောင်းတဲ့ ပုံပြင်ပါ။ မင်းထက်တော့ ငါ ပိုအပြေးသန်တယ်။ မင်းသေချင် သေပါစေ၊ ငါလွတ်ဖို့သာ အဓိက ဆိုတဲ့ Mind set မျိုးကို (ဝမ်းနည်းဖွယ် ကောင်းတာက) လူငယ်တချို့ ဆီမှာပါ အမြစ်တွယ်စ ပြုလာတာကို တွေ့လာရပါတယ်။

သက်ငယ် မုဒိန်းမှုတွေ၊ လူငယ်နဲ့ မူးယစ်ဆေးဝါး ပြဿနာတွေ၊ အစားအစာနဲ့ ဓာတုဆေးဝါး ဆိုင်ရာရောဂါတွေ၊ ကျွန်တော်တို့ နိုင်ငံထဲက ပြည်တွင်းစစ်တွေ၊ နိမ့်ကျနေဆဲ ပညာရေး ကျန်းမာရေး စနစ်တွေ၊ကိုယ့်ဆီ ကိုယ့်မိသားစုဆီ တိုက်ရိုက် မထိခိုက်သေးဘူး ဆိုပြီး ကျွန်တော်တို့ အေးအေးလူလူ လုပ်နေကြတယ်။

မနက်အိပ်ရာနိုး Breakfast စားပြီးရင် ငါ့ဆိုင်လေး ဈေးရောင်းကောင်းဖို့၊ ငါ့ကုမ္ပဏီလေး အဆင်ပြေဖို့၊ ရုံးမှာ ငါရာထူးတက်ဖို့၊ ငါ့အလုပ်မှာ လခ ကောင်းကောင်းရဖို့၊ ငါ ငါ ငါ ငါအဆင်ပြေဖို့ အတွက်ပဲ ရှင်သန်နေကြသူတွေ။ သူများတွေ ဘာဖြစ်ဖြစ် ကိုယ်နဲ့ မဆိုင်ဘူးလို့ ခံယူထားတဲ့ လူတွေ ခုနောက်ပိုင်းမှာ အရမ်းကို များလာတယ်။

ဟိုးယခင် မဆလခေတ်က သိပ်တွင်ကျယ်တဲ့ စကားတလုံး ရှိခဲ့တယ်။ "ဦးရာလူ" တဲ့။ (အဲ့ဒီ စကားလုံးကို ယခုလက်ရှိ အချိန်အထိ ကျွန်တော်မုန်းတယ်) ဦးရာလူ၊ ဦးတဲ့သူ ရမယ်၊ နောက်ကျရင် မရဘူး။ အဲ့ဒီအချိန်က အစစ အရာရာ ရှားပါးတဲ့ခေတ် ဆိုတော့ လူတွေဟာ ဦးရာလူ စနစ်ကြောင့် ကုန်တိုက်တွေမှာ သူများထက်ကိုယ် ဦးအောင် တန်းစီပြီး ဈေးဝယ်ရတယ်။ နောက်ကျခဲ့ရင် မရတော့ဘူး။ သူများ ရသွားလိမ့်မယ်။

ကိုယ်က သူ့ထက် ဦးမှကို ရမယ်ဆိုတဲ့ အရိုးစွဲ စိတ်ဓာတ်နဲ့ ကြီးပြင်း လာရလို့များ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ ပင်ကိုယ်က သိမ်မွေ့ပါလျက်နဲ့ ကိုယ်ချင်းစာတရားတွေ ပါးပါး လာကြပြီး ကျွန်တော်တို့ မျိုးဆက်လည်း ရောက်ရော မြင်းကျားလို လူမျိုးတွေ များပြားလာရသလား ရယ်လို့ တခါတခါ လျှောက်တွေးမိတယ်။

တိရစ္ဆာန်လိုမျိုး အရိုင်းစိတ်တွေ စိုးမိုးအား ကောင်းလာတဲ့ခေတ် ဆိုတော့ ကားချင်း ပွတ်မိရုံနဲ့လည်း သံတုတ်ကိုင်ပြီး ရိုက်ကြနှက်ကြ၊ လူချင်း စကားများရုံ လောက်နဲ့လည်း သတ်ကြ ဖြတ်ကြနဲ့ပေါ့။ ပလက်ဖောင်း ကျဉ်းကျဉ်းလေးထဲ လမ်းလျှောက်လာရင်း ထိပ်တိုက် တွေ့တဲ့အခါ ရှောင်ပေးဖို့တောင် ခဲယဉ်းလာတဲ့အထိ လူတချို့ အတ္တကြီးလာ ကြတယ်။ ကမ္ဘာတောင် မီးမလောင်သေးပါဘဲနဲ့ မိတ်ဆွေရင်းတွေ အချင်းချင်း ချနင်းဖို့ ဝန်မလေးကြတော့ဘူး။

လူနဲ့ တိရစ္ဆာန်ကြားက ခြားနားချက်တွေ တဖြည်းဖြည်း ကျဉ်းမြောင်းလာတာ တွေးကြည့်ရင် သိပ်ကြောက်ဖို့ ကောင်းပါတယ်။ ကိုယ့်ရင်ထဲမှာလည်း တိရစ္ဆာန်တကောင် အကောင်ပေါက် နေပြီလားလို့ ကိုယ့်စိတ်ကိုယ် မကြာခဏ ပြန်ဆန်းစစ် ကြည့်မိတယ်။ တိရစ္ဆာန်နဲ့ လူ ခြားနားချက်ကို ဘယ် စံ၊ ဘယ် ပေတံ နဲ့ ခင်ဗျားက တိုင်းမှာလဲလို့ လာမေးရင် ကျွန်တော်ကတော့ ကိုယ်ချင်းစာတရား ဆိုတဲ့ ပေတံနဲ့ပဲ တိုင်းချင်ပါတယ်။

"ကိုယ်ရဲ့ ကာယကံ ဝစီကံ မနောကံတည်း ဟူသော အကြောင်းတရားတွေဟာ သူတပါးအပေါ်မှာ ထိခိုက် နစ်နာ သွားစေနိုင်သလား" ဆိုတဲ့ခံစားချက်နဲ့ "သူ့နေရာမှာ ကိုယ်သာဆိုရင် ကိုယ်ဘယ်လို ဘယ်လို ခံစားရလိမ့်မလဲ" ဆိုတဲ့ စိတ်မျိုးနဲ့ပါ။

လူပီသဖို့ ဆိုတာ သိပ်အများကြီး မလိုပါဘူး။ ကိုယ်ချင်းစာတတ်ဖို့ လေးပါပဲ။ အဲ့စိတ်ဓါတ်လေး မရှိရင်တော့ အင်္ကျီဝတ်ထားပြီး အမြီးတနံ့နံ့နဲ့ သွားနေတဲ့ မြင်းကျားတကောင် မျှသာ။

Crd

Zawgyi

ျမင္းက်ားလိုလူ မ်ားလာတဲ့ေခတ္

ပ်င္းပ်င္းရွိတာနဲ႔ TV မွာ NGC Wild လိုင္းဖြင့္ၿပီး တိရိစာၦန္ေတြ အမဲလိုက္တာ ၾကည့္ေနလိုက္တယ္။ ျခေသၤ့တေကာင္က ျမင္းက်ားတအုပ္ကို အမဲလိုက္ေနတာ။ ျမင္းက်ားေတြ ေျပးတယ္။ လွည့္ပတ္ ေျပးၾကတယ္။ ဝ႐ုန္းသုန္းကားေပါ့။

ဖုန္ေတြ တေထာင္းေထာင္း ထေအာင္ အသက္ေဘးက လြတ္ဖို႔ ရွိသမွ် အားကုန္ထုတ္ၿပီး ေျပးၾကတာ။ ဒါေပမဲ့ သူတို႔ထက္ ပိုသန္မာတဲ့ ျခေသၤ့ႀကီးက ေနာက္ဆုံးေတာ့လည္း ျမင္းက်ားတေကာင္ကို လႊားခနဲ ခုန္အုပ္ၿပီး ေနရာမွာတင္ ကိုက္စားလိုက္တယ္။

ျခေသၤ့က ျမင္းက်ားတေကာင္ ကိုလည္း မိသြားေရာ ခုနက ေျပးလႊားေနၾကတဲ့ ျမင္းက်ားေတြ ခ်က္ျခင္းရပ္ၿပီး အဲ့ဒီနားမွာပဲ ပုံမွန္အတိုင္း ျမက္ျပန္စား ေနေတာ့တာပဲ။ ခုနက ေျပးလႊားေနၾကတာ သူတို႔ မဟုတ္တဲ့ အတိုင္း။

သူတို႔မ်ိဳးႏြယ္ တေကာင္ကို သူတို႔ အနားတင္ ျခေသၤ့ႀကီးက စားေနတာကို အၿမီးေလး တခါခါနဲ႔ ေအးေအး လူလူ ေနႏိုင္ၾကတယ္။ ေနႏိုင္မွာေပါ့၊ တိရစာၦန္ကိုး။ သူတို႔ လြတ္သြားဖို႔ပဲ အားထုတ္တယ္ေလ။

TV ၾကည့္ေနရင္းနဲ႔ ကိုယ္ေတြ လူ႔ေဘာင္ အသိုင္းအဝိုင္းထဲမွာလည္း ဒီျမင္းက်ား စ႐ိုက္မ်ိဳးနဲ႔ လူေတြ ရွိေနပါလားလို႔ အေတြး ဝင္လာၿပီး မခ်ိၿပဳံး ၿပဳံးမိတယ္။

"ဟိုေကာင္ေတာ့ ကားခနဲ ပဲေဟ့၊ ဟဟ ဒီေကာင္ ဒီလိုျဖစ္ေတာ့မွာ က်ဳပ္က ႀကိဳသိသားပဲ။ ထားလိုက္ေဟ့လူ သြားဝင္မပါနဲ႔ေနာ္၊ ကိုယ့္အပူ မပါဘူးဗ်။ ကိုယ့္ဟာကို ေနတတ္သလိုေလး သာေန"

ဒီစကားမ်ိဳးေတြ ပတ္ဝန္းက်င္မွာ မၾကာခဏ ၾကားလာရတယ္။ ကိုယ္တိုင္ ဒါမွမဟုတ္ ကိုယ့္မိသားစု အေရးမွ မဟုတ္ရင္ သူမ်ား ေဘးဒုကၡ ေရာက္ေနတာကို ေအးရာေအးေၾကာင္း ၾကည့္ေနႏိုင္ၾကတဲ့ လူေတြ လူေတြ။

ၾကားဘူးတဲ့ ပုံျပင္ေလးတပုဒ္ ရွိတယ္။ ေတာထဲမွာ လူႏွစ္ေယာက္ကို ဆင္႐ိုင္းႀကီးက လိုက္တယ္ေပါ့။ လူႏွစ္ေယာက္က ထြက္ေျပးရတာေပါ့။ လူတေယာက္က ေျပာတယ္။ "ငါတို႔ ဆင္႐ိုင္းထက္ ပိုအေျပးသန္ႏိုင္ပါ့မလား"

ဟိုလူက ေျဖတယ္။ "ဆင္႐ိုင္းထက္ေတာ့ မသိဘူး။ ငါ မင္းထက္ေတာ့ ပိုအေျပး သန္တယ္" တဲ့။ သိပ္ေၾကာက္စရာ ေကာင္းတဲ့ ပုံျပင္ပါ။ မင္းထက္ေတာ့ ငါ ပိုအေျပးသန္တယ္။ မင္းေသခ်င္ ေသပါေစ၊ ငါလြတ္ဖို႔သာ အဓိက ဆိုတဲ့ Mind set မ်ိဳးကို (ဝမ္းနည္းဖြယ္ ေကာင္းတာက) လူငယ္တခ်ိဳ႕ ဆီမွာပါ အျမစ္တြယ္စ ျပဳလာတာကို ေတြ႕လာရပါတယ္။

သက္ငယ္ မုဒိန္းမႈေတြ၊ လူငယ္နဲ႔ မူးယစ္ေဆးဝါး ျပႆနာေတြ၊ အစားအစာနဲ႔ ဓာတုေဆးဝါး ဆိုင္ရာေရာဂါေတြ၊ ကြၽန္ေတာ္တို႔ ႏိုင္ငံထဲက ျပည္တြင္းစစ္ေတြ၊ နိမ့္က်ေနဆဲ ပညာေရး က်န္းမာေရး စနစ္ေတြ၊ကိုယ့္ဆီ ကိုယ့္မိသားစုဆီ တိုက္႐ိုက္ မထိခိုက္ေသးဘူး ဆိုၿပီး ကြၽန္ေတာ္တို႔ ေအးေအးလူလူ လုပ္ေနၾကတယ္။

မနက္အိပ္ရာႏိုး Breakfast စားၿပီးရင္ ငါ့ဆိုင္ေလး ေဈးေရာင္းေကာင္းဖို႔၊ ငါ့ကုမၸဏီေလး အဆင္ေျပဖို႔၊ ႐ုံးမွာ ငါရာထူးတက္ဖို႔၊ ငါ့အလုပ္မွာ လခ ေကာင္းေကာင္းရဖို႔၊ ငါ ငါ ငါ ငါအဆင္ေျပဖို႔ အတြက္ပဲ ရွင္သန္ေနၾကသူေတြ။ သူမ်ားေတြ ဘာျဖစ္ျဖစ္ ကိုယ္နဲ႔ မဆိုင္ဘူးလို႔ ခံယူထားတဲ့ လူေတြ ခုေနာက္ပိုင္းမွာ အရမ္းကို မ်ားလာတယ္။

ဟိုးယခင္ မဆလေခတ္က သိပ္တြင္က်ယ္တဲ့ စကားတလုံး ရွိခဲ့တယ္။ "ဦးရာလူ" တဲ့။ (အဲ့ဒီ စကားလုံးကို ယခုလက္ရွိ အခ်ိန္အထိ ကြၽန္ေတာ္မုန္းတယ္) ဦးရာလူ၊ ဦးတဲ့သူ ရမယ္၊ ေနာက္က်ရင္ မရဘူး။ အဲ့ဒီအခ်ိန္က အစစ အရာရာ ရွားပါးတဲ့ေခတ္ ဆိုေတာ့ လူေတြဟာ ဦးရာလူ စနစ္ေၾကာင့္ ကုန္တိုက္ေတြမွာ သူမ်ားထက္ကိုယ္ ဦးေအာင္ တန္းစီၿပီး ေဈးဝယ္ရတယ္။ ေနာက္က်ခဲ့ရင္ မရေတာ့ဘူး။ သူမ်ား ရသြားလိမ့္မယ္။

ကိုယ္က သူ႔ထက္ ဦးမွကို ရမယ္ဆိုတဲ့ အ႐ိုးစြဲ စိတ္ဓာတ္နဲ႔ ႀကီးျပင္း လာရလို႔မ်ား ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံသားေတြဟာ ပင္ကိုယ္က သိမ္ေမြ႕ပါလ်က္နဲ႔ ကိုယ္ခ်င္းစာတရားေတြ ပါးပါး လာၾကၿပီး ကြၽန္ေတာ္တို႔ မ်ိဳးဆက္လည္း ေရာက္ေရာ ျမင္းက်ားလို လူမ်ိဳးေတြ မ်ားျပားလာရသလား ရယ္လို႔ တခါတခါ ေလွ်ာက္ေတြးမိတယ္။

တိရစာၦန္လိုမ်ိဳး အ႐ိုင္းစိတ္ေတြ စိုးမိုးအား ေကာင္းလာတဲ့ေခတ္ ဆိုေတာ့ ကားခ်င္း ပြတ္မိ႐ုံနဲ႔လည္း သံတုတ္ကိုင္ၿပီး ႐ိုက္ၾကႏွက္ၾက၊ လူခ်င္း စကားမ်ား႐ုံ ေလာက္နဲ႔လည္း သတ္ၾက ျဖတ္ၾကနဲ႔ေပါ့။ ပလက္ေဖာင္း က်ဥ္းက်ဥ္းေလးထဲ လမ္းေလွ်ာက္လာရင္း ထိပ္တိုက္ ေတြ႕တဲ့အခါ ေရွာင္ေပးဖို႔ေတာင္ ခဲယဥ္းလာတဲ့အထိ လူတခ်ိဳ႕ အတၱႀကီးလာ ၾကတယ္။ ကမာၻေတာင္ မီးမေလာင္ေသးပါဘဲနဲ႔ မိတ္ေဆြရင္းေတြ အခ်င္းခ်င္း ခ်နင္းဖို႔ ဝန္မေလးၾကေတာ့ဘူး။

လူနဲ႔ တိရစာၦန္ၾကားက ျခားနားခ်က္ေတြ တျဖည္းျဖည္း က်ဥ္းေျမာင္းလာတာ ေတြးၾကည့္ရင္ သိပ္ေၾကာက္ဖို႔ ေကာင္းပါတယ္။ ကိုယ့္ရင္ထဲမွာလည္း တိရစာၦန္တေကာင္ အေကာင္ေပါက္ ေနၿပီလားလို႔ ကိုယ့္စိတ္ကိုယ္ မၾကာခဏ ျပန္ဆန္းစစ္ ၾကည့္မိတယ္။ တိရစာၦန္နဲ႔ လူ ျခားနားခ်က္ကို ဘယ္ စံ၊ ဘယ္ ေပတံ နဲ႔ ခင္ဗ်ားက တိုင္းမွာလဲလို႔ လာေမးရင္ ကြၽန္ေတာ္ကေတာ့ ကိုယ္ခ်င္းစာတရား ဆိုတဲ့ ေပတံနဲ႔ပဲ တိုင္းခ်င္ပါတယ္။

"ကိုယ္ရဲ႕ ကာယကံ ဝစီကံ မေနာကံတည္း ဟူေသာ အေၾကာင္းတရားေတြဟာ သူတပါးအေပၚမွာ ထိခိုက္ နစ္နာ သြားေစႏိုင္သလား" ဆိုတဲ့ခံစားခ်က္နဲ႔ "သူ႔ေနရာမွာ ကိုယ္သာဆိုရင္ ကိုယ္ဘယ္လို ဘယ္လို ခံစားရလိမ့္မလဲ" ဆိုတဲ့ စိတ္မ်ိဳးနဲ႔ပါ။

လူပီသဖို႔ ဆိုတာ သိပ္အမ်ားႀကီး မလိုပါဘူး။ ကိုယ္ခ်င္းစာတတ္ဖို႔ ေလးပါပဲ။ အဲ့စိတ္ဓါတ္ေလး မရွိရင္ေတာ့ အက်ႌဝတ္ထားၿပီး အၿမီးတနံ႔နံ႔နဲ႔ သြားေနတဲ့ ျမင္းက်ားတေကာင္ မွ်သာ။

Crd

Post a Comment

0 Comments