ခြင်းတောင်းထဲက လောက

တခါတုန်းက ကြက်သတ်သမား တယောက်မှာ ကြက်ခြင်းအကြီးကြီး တခု ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်းကြီးထဲမှာ ကြက်တွေ ပြည့်ကျပ် နေအောင် ထည့်ထားတယ်။

ကြက်တကောင်ချင်း အသက်ရှူရ ခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိတ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။

ဒီကြားထဲမှာ ကြက်တွေ အားလုံးက မဝရေစာသာ စားထားရတာကြောင့် အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီ ရှိကြတယ်။ အဲ့ဒီလို တကောင်ကို တကောင် နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတကောင်များ တွေ့မိရင်လည်း ဝိုင်းအုံ လုနေကြ ပြန်ရော။

ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ် ။ အဲ့အချိန်မှာပဲ ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တကောင်ချင်းစီကို နှိုက်၊ လည်ပင်းကနေ ကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ် ။

တကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ် သတ်တာမို့ စင်လာတဲ့ သွေးစ သွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တကောင်ထုတ် သတ်လိုက်၊ နောက်ခဏနေ နောက်တကောင် ထုတ် သတ်လိုက်နဲ့။

ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီး ကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။

"ငါတို့ကို ထိုးနေဆွနေတဲ့ ကောင်တွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူ ချောင်ပြီ။ ငါ့ ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ" ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။ ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။ ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။

အဲ့ဒီလိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲ့အခါ တကောင်နဲ့ တကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူ မဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။

အတင်းကာရော အလိုက်ခံ လုယက်နေကြတဲ့ ကြက်မတွေလည်း မရှိတော့သလို၊ မွှန်ထူ လိုက်နေကြတဲ့ ကြက်ဖတွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။

ဒီပုံပြင်ရဲ့ အမည်က "လောက" ဖြစ်ပါတယ်။ လောကဟာ ဘာလဲ။ ဘယ်လို ဟာမျိုးလဲ။ လောကမှာ ဘယ်အရာတွေ ရှိသလဲ။ ဒီမေးခွန်းတွေထက် ကျိန်းသေတာက လောကအတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။

ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တခုပြီး တခု၊ တကောင်ပြီး တကောင် သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံ နေကြရတယ်။ ဒါကိုပဲ လည်စင်း မခံရသေးတဲ့ ကြက်တွေ၊ အလှည့် မရောက်သေးတဲ့ ကျန်သူတွေက တဦးနဲ့ တဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူ ဝဖို့ ထိုးဆိတ် နေကြဆဲပဲ။

လိုချင်တဲ့ အရာတွေ တခုပြီး တခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။ တနေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ်။ တဦးနဲ့ တဦး အရင်သွားမယ့်သူ၊ နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက် သာ ကွာခြားလိမ့်မယ်။ ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။

အဲ့မတိုင်ခင်ကြား မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာ တက်ဖို့၊ မိမိ အထင်ကြီး ခံရဖို့၊ မိမိ လိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ ညှင်းဆဲနေဆဲ တိုက်ခိုက် ပုတ်ခတ်နေကြ ဆဲပဲ။ မိမိ မျက်စိရှေ့မှောက် သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။ နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်း ရောက်သွားကြတော့ တာပဲ။

crd

Zawgyi

ျခင္းေတာင္းထဲက ေလာက

တခါတုန္းက ၾကက္သတ္သမား တေယာက္မွာ ၾကက္ျခင္းအႀကီးႀကီး တခု ရွိသတဲ့။ အဲ့ဒီ ၾကက္ျခင္းႀကီးထဲမွာ ၾကက္ေတြ ျပည့္က်ပ္ ေနေအာင္ ထည့္ထားတယ္။

ၾကက္တေကာင္ခ်င္း အသက္ရႉရ ခက္ေလာက္ေအာင္ ျဖစ္ၾကတယ္။ အထူးသျဖင့္ ေအာက္မွာ ပိေနတဲ့ ၾကက္ေတြပဲ။ သူတို႔ေတြ အသက္ရႉရက်ပ္တဲ့ အခါ၊ အေပၚက ၾကက္ေတြကို ေခါင္းနဲ႔ ထိုးဆိတ္ တြန္းထုတ္ၿပီး ေခါင္းဝင့္လို႔ အသက္ရႉၾကရတယ္။

ဒီၾကားထဲမွာ ၾကက္ေတြ အားလုံးက မဝေရစာသာ စားထားရတာေၾကာင့္ အဲ့အတြက္ မြတ္သိပ္တဲ့ ေဝဒနာနဲ႔ ေဒါသေတြက ကိုယ္စီ ရွိၾကတယ္။ အဲ့ဒီလို တေကာင္ကို တေကာင္ နင္းရင္း ထိုးဆိတ္ေနၾကတဲ့ ၾကားက ၾကက္မတေကာင္မ်ား ေတြ႕မိရင္လည္း ဝိုင္းအုံ လုေနၾက ျပန္ေရာ။

ဒီလိုနဲ႔ အဲ့ဒီ ၾကက္ျခင္းႀကီးထဲက ၾကက္ေတြဟာ အုတ္ေအာ္ေသာင္းနင္း ဆူညံ ပြက္ေလာ ႐ိုက္ေနၾကေတာ့တယ္ ။ အဲ့အခ်ိန္မွာပဲ ၾကက္သတ္သမား ေရာက္လာတယ္။ လက္နဲ႔ နီးရာ တေကာင္ခ်င္းစီကို ႏႈိက္၊ လည္ပင္းကေန ကိုင္ၿပီး ျခင္းထဲက ထုတ္သတ္တယ္ ။

တေကာင္ခ်င္းစီ ထုတ္သတ္လိုက္၊ နားလိုက္၊ ေအးေအးေဆးေဆး စိမ္ေျပနေျပပဲ။ ဓားနဲ႔ ခုတ္ထစ္ သတ္တာမို႔ စင္လာတဲ့ ေသြးစ ေသြးနေတြဟာ ၾကက္ျခင္းေပၚမွာ ျပန႔္က်ဲေနၾကတယ္။ ခဏေန တေကာင္ထုတ္ သတ္လိုက္၊ ေနာက္ခဏေန ေနာက္တေကာင္ ထုတ္ သတ္လိုက္နဲ႔။

ဒါေပမယ့္ ျခင္းေတာင္းထဲမွာ ၾကက္ေတြ အမ်ားႀကီး က်န္ပါေသးတယ္။ က်န္ခဲ့တဲ့ ၾကက္ေတြက တေကာင္ေလ်ာ့ သြားရင္ ေလ်ာ့သြားတဲ့ အေလ်ာက္ ဝမ္းသာၾကတယ္။

"ငါတို႔ကို ထိုးေနဆြေနတဲ့ ေကာင္ေတြေတာ့ သြားရွာၿပီ။ ငါတို႔ အသက္ရႉ ေခ်ာင္ၿပီ။ ငါ့ ၾကက္မကို လုေနတဲ့ ၿပိဳင္ဘက္ ေအေပးေလးေတြ ခုေတာ့ ဘာတတ္ႏိုင္ေသးလဲ၊ သြားကုန္ၿပီ" ဆိုၿပီး ဝမ္းသာအယ္လွဲ ျဖစ္ၾကတယ္။ ရွိတဲ့ ၾကက္ေတြနဲ႔ ဆက္ၿပီး ခိုက္ရန္ ျဖစ္ၾကတယ္။ ထိုးၾကဆိတ္ၾက၊ လုေနၾကတယ္။ ၾကက္ျခင္းႀကီးဟာ ေသြးအလိမ္းလိမ္းနဲ႔ ေအာ္ဟစ္ေျဗာင္းဆန္ ေနၾကတယ္။

အဲ့ဒီလိုနဲ႔ ေနာက္ဆုံးမွာ ျခင္းႀကီးထဲက ၾကက္ေတြ အားလုံးဟာ ၾကက္သတ္သမားရဲ႕ ဓားစာ ျဖစ္ကုန္ၾကတယ္။ အဲ့အခါ တေကာင္နဲ႔ တေကာင္ ထိုးဆိတ္ေနတဲ့ အေကာင္ေတြ မရွိေတာ့ဘူး။ ခြပ္ေန၊ သတ္ေန သံေတြ မရွိေတာ့ဘူး။ အသက္ရႉ မဝတာေတြ မရွိေတာ့သလို၊ အသက္ရႉ မဝတဲ့ေကာင္ေတြ လည္း မရွိေတာ့ဘူး။

အတင္းကာေရာ အလိုက္ခံ လုယက္ေနၾကတဲ့ ၾကက္မေတြလည္း မရွိေတာ့သလို၊ မႊန္ထူ လိုက္ေနၾကတဲ့ ၾကက္ဖေတြလည္း မရွိေတာ့ဘူး။ ၾကက္ျခင္းႀကီး တခုလုံးဟာ ေသြးအလိမ္းလိမ္းသာ က်န္ခဲ့တယ္။ ဘာသံမွ မၾကားရေတာ့ဘူး။ ၿငိမ္ဝပ္လို႔။

ဒီပုံျပင္ရဲ႕ အမည္က "ေလာက" ျဖစ္ပါတယ္။ ေလာကဟာ ဘာလဲ။ ဘယ္လို ဟာမ်ိဳးလဲ။ ေလာကမွာ ဘယ္အရာေတြ ရွိသလဲ။ ဒီေမးခြန္းေတြထက္ က်ိန္းေသတာက ေလာကအတြင္းမွာ ရွိရွိသမွ် အရာ အားလုံးဟာ ပ်က္စီးမႈကိုသာ အဆုံးသတ္ ေစာင့္ေမွ်ာ္ေနၾကတယ္။

ခဏတိုင္း ခဏတိုင္းမွာ အရာရာတိုင္း၊ သတၱဝါတိုင္း၊ တခုၿပီး တခု၊ တေကာင္ၿပီး တေကာင္ ေသမင္းရဲ႕ လက္မွာ သတ္ျဖတ္ခံ၊ လည္စင္းခံ ေနၾကရတယ္။ ဒါကိုပဲ လည္စင္း မခံရေသးတဲ့ ၾကက္ေတြ၊ အလွည့္ မေရာက္ေသးတဲ့ က်န္သူေတြက တဦးနဲ႔ တဦး တိုက္ခိုက္ေနၾက၊ ေသသြားသူေတြ အတြက္ ဝမ္းသာအယ္လွဲ ေနရာလုၾက။ အသက္ရႉ ဝဖို႔ ထိုးဆိတ္ ေနၾကဆဲပဲ။

လိုခ်င္တဲ့ အရာေတြ တခုၿပီး တခုေနာက္ကို လိုက္ရင္း အၿပိဳင္အဆိုင္ လုယက္ေနဆဲပဲ။ တေန႔မွာ ကိုယ့္လည္ပင္းကို ဆြဲဆုပ္၊ ေခၚထုတ္သြားမယ့္ လက္တံရွည္ႀကီးဟာ ဘယ္သူမဆို အေပၚ ခြၽင္းခ်က္မရွိ ေရာက္လာပါလိမ့္မယ္။ တဦးနဲ႔ တဦး အရင္သြားမယ့္သူ၊ ေနာက္သြားမယ့္သူ၊ အေရွ႕နဲ႔ ေနာက္ သာ ကြာျခားလိမ့္မယ္။ ခဏတိုင္း ခဏတိုင္းမွာ ေသမင္းရဲ႕ ဓားခ်က္နဲ႔ အသက္ထြက္ ၾကရမယ္။

အဲ့မတိုင္ခင္ၾကား မိမိ အသက္ရႉဝဖို႔၊ မိမိ ဂုဏ္သိကၡာ တက္ဖို႔၊ မိမိ အထင္ႀကီး ခံရဖို႔၊ မိမိ လိုရာ ရဖို႔ ၿပိဳင္ဆိုင္ေနဆဲ ညႇင္းဆဲေနဆဲ တိုက္ခိုက္ ပုတ္ခတ္ေနၾက ဆဲပဲ။ မိမိ မ်က္စိေရွ႕ေမွာက္ ေသြးအလိမ္းလိမ္း ျမင္ေနရတဲ့တိုင္ ေလ်ာ့သြားတဲ့ သူေနရာကို ဝင္ယူဖို႔ ဝမ္းသာအားရ ျပင္ဆင္ေနၾကဆဲ။ ေနာက္ဆုံးမွာေတာ့ ဒီသူေတြ အားလုံးပဲ ေသမင္းရဲ႕ လက္ေအာက္ လည္စင္း ေရာက္သြားၾကေတာ့ တာပဲ။

crd

Post a Comment

0 Comments