ခွဲစိတ်ရာမှာမေ့သွားခဲ့တဲ့ ကတ်ကြေးကို ဗိုက်ထဲမှာထားပြီး အနှစ် ၂၀ ကြာနေထိုင်တဲ့ အမျိုးသမီး

အမျိုးသမီးတစ်ယောက်ဟာ ခွဲစိတ်ပြီးတဲ့နောက် နှစ် ၂၀ လောက် ဗိုက်နာကျင် နေခဲ့ရပါတယ်။ သူမဟာ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်ပြီးတော့ ခွဲစိတ်ပြီးတဲ့နောက် ခန္ဓာကိုယ်ထဲမှာ မေ့ကျန်ခဲ့တဲ့ ခွဲစိတ်ကတ်ကြေးနဲ့ နှစ်တွေအကြာကြီး နေထိုင်ခဲ့တာကို တွေ့ရှိလိုက်ရတဲ့အတွက် အရမ်းတုန်လှုပ် သွားခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ် Bachena Khatun ဆိုတဲ့ အမျိုးသမီးဟာ ၂၀၀၂ ခုနှစ်မှာ Chuadanga မှာရှိတဲ့ ဆေးခန်းတစ်ခုမှာ သည်းခြေကျောက်ကို ခွဲစိတ်ကုသမှု ခံယူပြီးကတည်းက ဝမ်းဗိုက်အဆက်မပြတ် နာကျင်နေခဲ့ရပါတယ်။ ခွဲစိတ်မှုဟာ အောင်မြင်ပြီးတော့ အသက်ဘေးကနေလည်း လွတ်ခဲ့ပါတယ်။

ပြီးတော့လည်း ဆေးစာနဲ့ ဆေးခန်းကနေ ဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်အတွင်းမှာပဲ သူမရဲ့ ဗိုက်ထဲမှာ နာကျင်မှုကို စတင်ခံစား ရပါတော့တယ်။

Khatun ဟာ ဆေးခန်းကို ပြန်သွားခဲ့ပေမယ့်လည်း ခွဲစိတ်မှုအတွင်းမှာ ကြီးကြပ်မှုပေးခဲ့တဲ့ ခွဲစိတ်ဆရာဝန်ကတော့ ဒီနာကျင်မှုဟာ ပုံမှန်ဖြစ်ပြီးတော့ မစိုးရိမ်သင့်ကြောင်း ပြန်လည်ရှင်းပြ ခဲ့ပါတယ်။

ဝမ်းဗိုက်အောင့်ခြင်းဟာ ဆက်တိုက်ဖြစ်နေတာကြောင့် အခြားဆရာဝန် တစ်ဦးဆီသွားပြီး ပြသခဲ့ပါတယ်။ ခွဲစိတ်မှုကနေ သူမကို အဆက်မပြတ် နာကျင်စေခဲ့ကြောင်း ရှင်းပြပြီးတဲ့အခါမှာ Khatun ကို နာကျင်တဲ့ လက္ခဏာတွေကို လျော့ပါးစေဖို့ ဆေးတွေသာ ညွှန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Khatun ဟာ နာကျင်မှုကို ပျောက်ကင်းစေဖို့ မျှော်လင့်ချက်နဲ့ ဆေးကုဖို့ နွားနှစ်ကောင်နဲ့ သူမရဲ့နောက်ဆုံး ပိုင်ဆိုင်မှုတွေကို ရောင်းချခဲ့ရပါတယ်။

ကံမကောင်းစွာပဲ Bachena ရဲ့ ပေးဆပ်မှုတွေ အားလုံးဟာ အချည်းနှီးဖြစ်ခဲ့ပြီး သူမရဲ့ဝမ်းဗိုက်နာကျင်မှုဟာ သက်သာမလာခဲ့ပါဘူး။ အခုတစ်ကြိမ်မှာတော့ ဆရာဝန်ရဲ့ အကြံပေးချက်အရ ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်းကို ခံယူခဲ့ပါတယ်။

ဓာတ်မှန်ရိုက်ပြီး ထွက်လာတဲ့ ရလဒ်အရ ဗိုက်ထဲမှာ လွန်ခဲ့သော အနှစ် ၂၀ က သူမရဲ့သည်းခြေအိတ် ဖယ်ထုတ်ခြင်းကနေ ခွဲစိတ်ဆရာဝန်တွေ မေ့သွားခဲ့တဲ့ ကတ်ကြေးကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ အပတ်ကပဲ Bachena Khatunကို ဆရာဝန်တွေက ဆီးချိုစစ်ခဲ့ပြီးတော့ Chuadanga Sadar ဆေးရုံမှာ ဆရာဝန်တွေက ကတ်ကြေးကို ဘေးကင်းစွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။ သူမဟာ တနင်္လာနေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး အခုအချိန်မှာတော့ ပြန်လည်ကောင်းမွန်နေပြီပဲ ဖြစ်ပါတယ်။

ခွဲစိတ်ဆရာဝန် ဒေါက်တာ Jawaherul Islam ကတော့ Bachena ရဲ့ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ခွဲစိတ်ကတ်ကြေးဟာ နှစ်တွေအကြာကြီး ဘယ်လိုမျိုးကြာကြာ တည်ရှိနေပုံကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင်သုံးဦးပါ ကော်မတီတစ်ခုကို ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments