မိန်းမတယောက်ရဲ့ ဘုန်းကံ

အမျိုးသမီး နှစ်ယောက် တွေ့ဖူးတယ်။ ပထမ အမျိုးသမီးဟာ သိပ်လှတယ်။ အသားအရေက အစ နုဖတ် ဝါဝင်းနေတာပဲ။ မိန်းကလေးအချင်းချင်းတောင် အားကျရတဲ့ အလှမျိုး။ ခန္ဓာကိုယ်ကလည်း သိပ်ပြီး လှတယ်။

ဒါပေမယ့် သူလက်ထပ်ထားတဲ့ ယောကျ်ားက သိပ်ရုပ်ဆိုးတယ်။ အသားမည်းတယ်။ အရပ်ရှည်တယ်။ စကားပြောရင် အသံကျယ်တယ်။ ရုပ်တည်တယ်။ သိပ်လည်း ရုပ်ဆိုးတယ်။ သူတို့နှစ်ယောက် တွဲပြီး လာရင် ကိုယ့်မှာ အဲ့ဒီ အမျိုးသမီးလေးကို နှမြောရတာ အလုပ်တခု။

နောက်တော့ သူ့အပေါ် ကောင်းလို့ တကယ်ချစ်လို့ ရွေးချယ်လိုက်တာ နေမှာပါလို့ တွေးဖြစ်လာတယ်။ ရုပ်ရည်က အဓိက မကျပါဘူးလေ။ ကိုယ့်အပေါ် အနွံတာ ခံဖို့နဲ့ သစ္စာရှိရှိ ချစ်ပေးဖို့က အဓိကပါပဲ။ ရုပ်ဆိုးတော့ စိတ်ချရတာပေါ့။

ဒုတိယ အမျိုးသမီးဟာ အသားညိုတယ်။ ရုပ်ဆိုးတယ်။ သွားခေါပြီး ပိန်တယ်။ သူ့ယောကျ်ားဟာ ချောတယ်၊ ခန့်တယ်၊ အသားလတ်လတ် နှာတံထင်းထင်းနဲ့ နှစ်လိုဖွယ် အပြုံး ရှိတယ်။ သူတို့ ချစ်သူဘဝမှာ ကတည်းက ကောင်လေးဟာ ကောင်မလေးကို လက်မထပ်လောက်ဘူးဆိုပြီး ထင်ကြေးပေးကြတာတွေတောင် ရှိပါသတဲ့။ ဒီအမျိုးသမီးသာ ဖောက်ပြန်ခံရရင် ဘယ်လို ရှေ့ဆက်မလဲလို့ တွေးပူပေးခဲ့ရသေးတယ်။

နောက် ၄ နှစ် အကြာမှာ အဲ့ဒီအမျိုးသမီး ၂ ယောက်လုံးကို ပြန်တွေ့တယ်။ ပထမ အမျိုးသမီးဟာ ကလေးတယောက်နဲ့ ဖောက်ပြန်နေတဲ့ သူ့ယောကျ်ားကို လိုက်ထိန်းနေရတဲ့ အပူသည် မိန်းမတယောက် ဖြစ်နေပြီး ဒုတိယ အမျိုးသမီးဟာ ကလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်နေတာပဲ။

မိန်းမတွေ အိမ်ထောင်ရေး ကံကောင်း မကောင်းက ရုပ်ရည်နဲ့ မဆိုင်ပါဘူး။ သူတို့ ရွေးချယ်လိုက်တဲ့ လူရဲ့ တန်ဖိုးနဲ့ပဲ ဆိုင်တာပါ။ ဘယ်မိန်းကလေးကမှ ဖောက်ပြန်နေတဲ့ ယောကျ်ားကို မလိုချင်ကြဘူး။ ကိုယ့်ကို ချစ်ခင်တာ ဂရုစိုက်တာ၊ ကိုယ့်အပေါ် သစ္စာ ရှိတာပဲ လိုချင်ကြတယ်။ အဲ့လိုဖြစ်လိမ့်မယ်လို့ ယုံကြည်လို့ပဲ ရွေးချယ်ခဲ့ကြတယ်။ ဒါပေမယ့် ဖောက်ပြန် ခံကြရတယ်။

အိမ်ထောင်သည်မိန်းမပဲ ဖြစ်ဖြစ်၊ ချစ်သူရှိတဲ့ မိန်းမပဲ ဖြစ်ဖြစ် အဲ့ဒီ အမျိုးသမီးတွေရဲ့ ပျော်ရွှင်မှုကို တိုင်းတာခြင်း အားဖြင့် သူမတို့ဘေးက လူရဲ့ တန်ဖိုးကြီးမှုကို သိရှိနိုင်ပါတယ်။

ယောကျ်ားတွေ ပေါပါတယ်။ ကောင်းတဲ့ယောက်ျားပဲ ရှားတာ။ အထူးသဖြင့် ဘယ်လို အခြေအနေမျိုးမှာ မဆို ကိုယ်ရွေးချယ်ထားတဲ့ လူအပေါ် သစ္စာ စောင့်ထိန်းနိုင်တဲ့ သိက္ခာရှိ ယောကျ်ားတွေ သိပ်ပြီး ရှားတာ။

ကိုယ်ရွေးချယ် ထားတဲ့သူဟာ သစ္စာရှိမယ် ထင်ပေမယ့် ဖောက်ပြန်ခံရတဲ့ မိန်းမသားတွေ ရှိသလို ကိုယ်ထင်သလို တကယ် သစ္စာတရားကို တန်ဖိုးထားတဲ့ ယောကျ်ားတယောက်နဲ့ ဆုံတွေ့ခွင့်ရတဲ့ မိန်းမသားတွေလည်း ရှိပါတယ်။ မိန်းမတယောက်ရဲ့ ဘုန်းကံဟာ ဖောက်ပြန်ခံရရင်တောင် ဘဝကို တယောက်ထဲ သတ္တိရှိရှိ ရပ်တည်ပြနိုင်ခြင်းပဲ။

ရုပ်ရည်၊ အရည်အချင်း၊ ပညာတွေ ဘယ်လောက် တတ်မြောက်ထားပါစေ ကိုယ့်ရွေးချယ်မှု အမှားနွံထဲမှာ ရုန်းမထွက်နိုင်သရွေ့ အဲ့ဒီ ဘုန်းကံဟာ ညံ့တဲ့ဘက်မှာ အလေးသာနေအုံးမှာ။ တချို့ မိန်းကလေးတွေရဲ့ ဘုန်းကံဟာ သူမ လက်ထဲမှာပဲ ရှိပြီး တချို့ မိန်းကလေးတွေရဲ့ ဘုန်းကံဟာ သူတို့ရွေးလိုက်တဲ့ လူရဲ့ လက်ထဲမှာ ရှိပါတယ်။

ThetHtarKhin

Zawgyi

မိန္းမတေယာက္ရဲ႕ ဘုန္းကံ

အမ်ိဳးသမီး ႏွစ္ေယာက္ ေတြ႕ဖူးတယ္။ ပထမ အမ်ိဳးသမီးဟာ သိပ္လွတယ္။ အသားအေရက အစ ႏုဖတ္ ဝါဝင္းေနတာပဲ။ မိန္းကေလးအခ်င္းခ်င္းေတာင္ အားက်ရတဲ့ အလွမ်ိဳး။ ခႏၶာကိုယ္ကလည္း သိပ္ၿပီး လွတယ္။

ဒါေပမယ့္ သူလက္ထပ္ထားတဲ့ ေယာက်္ားက သိပ္႐ုပ္ဆိုးတယ္။ အသားမည္းတယ္။ အရပ္ရွည္တယ္။ စကားေျပာရင္ အသံက်ယ္တယ္။ ႐ုပ္တည္တယ္။ သိပ္လည္း ႐ုပ္ဆိုးတယ္။ သူတို႔ႏွစ္ေယာက္ တြဲၿပီး လာရင္ ကိုယ့္မွာ အဲ့ဒီ အမ်ိဳးသမီးေလးကို ႏွေျမာရတာ အလုပ္တခု။

ေနာက္ေတာ့ သူ႔အေပၚ ေကာင္းလို႔ တကယ္ခ်စ္လို႔ ေ႐ြးခ်ယ္လိုက္တာ ေနမွာပါလို႔ ေတြးျဖစ္လာတယ္။ ႐ုပ္ရည္က အဓိက မက်ပါဘူးေလ။ ကိုယ့္အေပၚ အႏြံတာ ခံဖို႔နဲ႔ သစၥာရွိရွိ ခ်စ္ေပးဖို႔က အဓိကပါပဲ။ ႐ုပ္ဆိုးေတာ့ စိတ္ခ်ရတာေပါ့။

ဒုတိယ အမ်ိဳးသမီးဟာ အသားညိဳတယ္။ ႐ုပ္ဆိုးတယ္။ သြားေခါၿပီး ပိန္တယ္။ သူ႔ေယာက်္ားဟာ ေခ်ာတယ္၊ ခန႔္တယ္၊ အသားလတ္လတ္ ႏွာတံထင္းထင္းနဲ႔ ႏွစ္လိုဖြယ္ အၿပဳံး ရွိတယ္။ သူတို႔ ခ်စ္သူဘဝမွာ ကတည္းက ေကာင္ေလးဟာ ေကာင္မေလးကို လက္မထပ္ေလာက္ဘူးဆိုၿပီး ထင္ေၾကးေပးၾကတာေတြေတာင္ ရွိပါသတဲ့။ ဒီအမ်ိဳးသမီးသာ ေဖာက္ျပန္ခံရရင္ ဘယ္လို ေရွ႕ဆက္မလဲလို႔ ေတြးပူေပးခဲ့ရေသးတယ္။

ေနာက္ ၄ ႏွစ္ အၾကာမွာ အဲ့ဒီအမ်ိဳးသမီး ၂ ေယာက္လုံးကို ျပန္ေတြ႕တယ္။ ပထမ အမ်ိဳးသမီးဟာ ကေလးတေယာက္နဲ႔ ေဖာက္ျပန္ေနတဲ့ သူ႔ေယာက်္ားကို လိုက္ထိန္းေနရတဲ့ အပူသည္ မိန္းမတေယာက္ ျဖစ္ေနၿပီး ဒုတိယ အမ်ိဳးသမီးဟာ ကေလး ႏွစ္ေယာက္နဲ႔ သာယာတဲ့ မိသားစု ဘဝကို ပိုင္ဆိုင္ေနတာပဲ။

မိန္းမေတြ အိမ္ေထာင္ေရး ကံေကာင္း မေကာင္းက ႐ုပ္ရည္နဲ႔ မဆိုင္ပါဘူး။ သူတို႔ ေ႐ြးခ်ယ္လိုက္တဲ့ လူရဲ႕ တန္ဖိုးနဲ႔ပဲ ဆိုင္တာပါ။ ဘယ္မိန္းကေလးကမွ ေဖာက္ျပန္ေနတဲ့ ေယာက်္ားကို မလိုခ်င္ၾကဘူး။ ကိုယ့္ကို ခ်စ္ခင္တာ ဂ႐ုစိုက္တာ၊ ကိုယ့္အေပၚ သစၥာ ရွိတာပဲ လိုခ်င္ၾကတယ္။ အဲ့လိုျဖစ္လိမ့္မယ္လို႔ ယုံၾကည္လို႔ပဲ ေ႐ြးခ်ယ္ခဲ့ၾကတယ္။ ဒါေပမယ့္ ေဖာက္ျပန္ ခံၾကရတယ္။

အိမ္ေထာင္သည္မိန္းမပဲ ျဖစ္ျဖစ္၊ ခ်စ္သူရွိတဲ့ မိန္းမပဲ ျဖစ္ျဖစ္ အဲ့ဒီ အမ်ိဳးသမီးေတြရဲ႕ ေပ်ာ္႐ႊင္မႈကို တိုင္းတာျခင္း အားျဖင့္ သူမတို႔ေဘးက လူရဲ႕ တန္ဖိုးႀကီးမႈကို သိရွိႏိုင္ပါတယ္။ ေယာက်္ားေတြ ေပါပါတယ္။ ေကာင္းတဲ့ေယာက္်ားပဲ ရွားတာ။ အထူးသျဖင့္ ဘယ္လို အေျခအေနမ်ိဳးမွာ မဆို ကိုယ္ေ႐ြးခ်ယ္ထားတဲ့ လူအေပၚ သစၥာ ေစာင့္ထိန္းႏိုင္တဲ့ သိကၡာရွိ ေယာက်္ားေတြ သိပ္ၿပီး ရွားတာ။

ကိုယ္ေ႐ြးခ်ယ္ ထားတဲ့သူဟာ သစၥာရွိမယ္ ထင္ေပမယ့္ ေဖာက္ျပန္ခံရတဲ့ မိန္းမသားေတြ ရွိသလို ကိုယ္ထင္သလို တကယ္ သစၥာတရားကို တန္ဖိုးထားတဲ့ ေယာက်္ားတေယာက္နဲ႔ ဆုံေတြ႕ခြင့္ရတဲ့ မိန္းမသားေတြလည္း ရွိပါတယ္။ မိန္းမတေယာက္ရဲ႕ ဘုန္းကံဟာ ေဖာက္ျပန္ခံရရင္ေတာင္ ဘဝကို တေယာက္ထဲ သတၱိရွိရွိ ရပ္တည္ျပႏိုင္ျခင္းပဲ။

႐ုပ္ရည္၊ အရည္အခ်င္း၊ ပညာေတြ ဘယ္ေလာက္ တတ္ေျမာက္ထားပါေစ ကိုယ့္ေ႐ြးခ်ယ္မႈ အမွားႏြံထဲမွာ ႐ုန္းမထြက္ႏိုင္သေ႐ြ႕ အဲ့ဒီ ဘုန္းကံဟာ ညံ့တဲ့ဘက္မွာ အေလးသာေနအုံးမွာ။ တခ်ိဳ႕ မိန္းကေလးေတြရဲ႕ ဘုန္းကံဟာ သူမ လက္ထဲမွာပဲ ရွိၿပီး တခ်ိဳ႕ မိန္းကေလးေတြရဲ႕ ဘုန္းကံဟာ သူတို႔ေ႐ြးလိုက္တဲ့ လူရဲ႕ လက္ထဲမွာ ရွိပါတယ္။

ThetHtarKhin

Post a Comment

0 Comments