အမျိုးသမီးတွေကိုယ်တိုင်တောင်မသိတဲ့ အမျိုးသမီးခန္ဓာကိုယ်က စိတ်ဝင်စားစရာအချက်များ

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က အမျိုးသားတွေထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အကြောင်းကို အမျိုးသမီးတွေ ကိုယ်တိုင်တောင် မသိကြပါဘူး။ ဒီနေ့မှာတော့ အမျိုးသမီးခန္ဓာကိုယ်နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

အမျိုးသမီးတွေရဲ့ အာရုံက အမျိုးသားတွေနဲ့ ကွဲပြားပါတယ်။

အမျိုးသမီးတွေက ရောင်စဉ်တွေကို ပိုပြီးမြင်ရပါတယ်။ အရောင်တွေ နာမည်ကိုလည်း ပိုပြောနိုင်ပါတယ်။ အရောင်တွေကို လွယ်လွယ်ကူကူ ခွဲခြားနိုင်သလို အမျိုးသမီးတွေထဲမှာ color blind ဖြစ်သူဟာ အလွန်ရှားပါးပါတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် အရသာခံနိုင်စွမ်း ပိုများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်အချိန်ထက်ပိုပြီး အရသာခံနိုင်ပါတယ်။ ပြီးတော့ အမျိုးသားတွေထက် အနံ့ခံနိုင်စွမ်းက ပိုများပါသေးတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် သွားအခေါင်းပေါက် ပိုများပါတယ်။

ဟော်မုန်းခဏခဏ ပြောင်းတာနဲ့ တံတွေးထုတ်လုပ်မှု နည်းပါးလို့ သွားအခေါင်းပေါက်ပိုဖြစ်တာပါ။ ပြီးတော့ အမျိုးသမီးတွေက အမျိုးသားတွေထွက် သွေးဖိအား ပိုနည်းပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတွေရဲ့ သူငယ်အိမ်က ပိုကြီးပါတယ်။

အမျိုးသမီးတွေမှာ အဆီတွေက တင်ပါးတစ်ဝိုက်နဲ့ ဗိုက်မှာ သွားစုနေတတ်ပါတယ်။

အမျိုးသားတွေကတော့ ဝလာရင် ဗိုက်မှာပဲ အဆီသွားစုတတ်ပါတယ်။ Testosterone ကို အမျိုးသားဟော်မုန်းလို့ ထင်ကြပေမယ့် အမျိုးသမီးတွေမှာ အဲဒီဟော်မုန်း ရှိပါတယ်။ ဒါပေမယ့် နည်းနည်းပဲ ရှိတာပါ။

ကျန်းမာတဲ့ အရိုးတွေရဖို့ testosterone ဟော်မုန်း လိုအပ်ပါတယ်။ အမျိုးသမီးတွေမှာ estrogen ဟော်မုန်းရှိတာကြောင့် အမျိုးသားတွေထက် ကိုယ်ခံအား ပိုကောင်းပါတယ်။ အဲဒါကြောင့်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအသက်ရှည်တာပါ။

အမျိုးသမီးတွေက အမျိုးသားတွေလောက် ကြို့သိပ်မထိုးပါဘူး။ ကြို့ထိုးရင်လည်း အချိန်ခဏလေးနဲ့ ပျောက်သွားပါတယ်။ အမျိုးသမီးတွေမှာ ရင်သားက ဘယ်ဘက်က ညာဘက်ထက် ပိုကြီးပါတယ်။

အမျိုးသမီးတွေရဲ့ဦးနှောက်က အမျိုးသားတွေရဲ့ ဦးနှောက်ထက် ပိုသေးပါတယ်။

ပိုသေးတယ် ဆိုပေမယ့် ဉာဏ်ရည်က နည်းပါးတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဦးနှောက် အရွယ်အစားသေးတာက ဦးနှောက်ထဲမှာ ဆက်သွယ်မှုတွေ ပိုပြီးလုပ်နိုင်စေပါတယ်။

အမျိုးသမီးတွေရဲ့ ဦးနှောက်က အသေးစိတ်ကအစ မှတ်နိုင်ပါတယ်။ စကားစမြည် ပြောရင်း ဘယ်သူက ဘာစကားကို ဘယ်လိုဟန်ပန်နဲ့ ပြောတတ်လဲကအစ မှတ်မိပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments