ဝိုင်အတုနဲ့အစစ်ကို ခွဲခြားနည်း

ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး ဝိုင်ဝေဖန်ရေး ဆရာတစ်ဦးဖြစ်တဲ့ Robert Parker ဟာ ဝိုင်ရဲ့ အရည်အသွေးကို ခန့်မှန်းဖို့အတွက် အမှတ် ၁၀၀ ပေးစကေးကို ဖန်တီးခဲ့ပါတယ်။ သူရဲ့ သတ်မှတ်ချက်အရ အမှတ် 50 ကနေ 59 မှတ်ရထားတဲ့ ဝိုင်တွေကို ဝိုင်အဖြစ် လက်မခံနိုင်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဝိုင်တိုင်းက အနည်းဆုံးအမှတ် 50 ထိ ရရှိခဲ့ပါတယ်။ ဝိုင်အတုတွေက အဲဒီလောက်ထိ လုပ်နိုင်တယ် ဆိုကတော့ သံသယ ဖြစ်စရာပါပဲ။ ဒါကြောင့် ဝိုင်အတုတွေကို ဘယ်လိုလုပ်ကြလဲ ဆိုတာကို love media ကနေ ပြောပြပါမယ်နော်။

ဝိုင်အတု အမျိုးအစားများ

ဝိုင်မှုန့်- စပျစ်သီးအခြောက် အကြွင်းအကျန်တွေကို အငွေ့ပြန်အောင်လုပ်ပြီး ရေ၊ အရက်နှင့် အနံ့အရသာတွေကို ရောမွှေရင် ဝိုင်ရပါပြီ။

ပေါင်းစပ်ဝိုင် - ရေ၊ တဆေး၊ သကြား၊ citric acid၊ အရက်၊ အနံ့အရသာတွေနှင့် ကြာရှည်ခံပစ္စည်းတွေ ပေါင်းစပ်ထားလိုက်ရင် ရပါပြီ။ စပျစ်သီးတော့ ထည့်စရာ မလိုတော့ပါ။

Gallicized စပျစ်ရည်- လိုအပ်တဲ့ သိပ်သည်းဆရောက်ဖို့ ရေနှင့်သကြားကို အရည်အသွေးနိမ့်တဲ့ စပျစ်ရည်နဲ့ ပေါင်းစပ်လိုက်တာ ဖြစ်ပါတယ်။

ဖိအားသုံးပြီး လုပ်ထားသောဝိုင်- စပျစ်သီးကို ဖိခြေပြီးတော့ အရည်ကို သိုလှောင်ထားလိုက်ရင် ဝိုင်ရပါတယ်။

အရသာ ပိုကောင်းစေဖို့ glycerol ပါတဲ့ အရည်အသွေးနိမ့်သောဝိုင်- အယ်ကာလိုင်းလို့ခေါ်တဲ့ အက်စစ်ဓာတ် တစ်မျိုးကို ပေါင်းထည့်လိုက်ရင် ခါးသက်နေတဲ့ ဝိုင်ရဲ့အရသာဟာ ပျော့ပြီးတော့ ပါးစပ်ထဲမှာ စွဲပြီးကျန်ခဲ့စေပါတယ်။

ကြာရှည်ခံပစ္စည်းများနှင့် ပြုလုပ်ထားသောဝိုင်- ချဉ်တာကနေ ကာကွယ်ဖို့ salicylic acid ကို ဝိုင်ထဲမှာ ထည့်ကြပါတယ်။ ဒါဟာ ဝိုင်ရဲ့ အိုမင်းမှုကို နည်းပညာနဲ့ အရှိန်မြှင့်လိုက်တာပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဝိုင်ရဲ့ သက်တမ်းကို မြန်မြန်နဲ့တိုးအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ရောစပ်ခြင်း- အရည်အသွေးညံ့ဝိုင်ကို တခြားဟာတွေနဲ့ ရောစပ်လိုက်ပြီး ဝိုင်ကို ပိုအရသာ ရှိစေတဲ့အပြင် အနံ့နှင့် အရသာကလည်း ထူးခြားကောင်းမွန် သွားပါတယ်။

အရောင်ပြောင်းလဲခြင်း - တချို့တန်ဖိုးကြီး ဝိုင်တွေက အရောင်ကိုကြည့်ပြီး သက်တမ်း ဘယ်လောက်ရှိပြီလဲ ဆိုတာကို ခွဲခြားလို့ ရပါတယ်။ လိုချင်တဲ့အရောင် ရရှိဖို့ ဆိုးဆေးနှင့် တခြားအရောနှောတွေကို ပေါင်းစပ်လိုက်ရုံပါပဲ။

အစားထိုးခြင်း - အရည်အသွေးနိမ့် ဝိုင်တွေကို တံဆိပ်တွေ၊ ပလပ်တွေ၊ ပုလင်းတွေ လဲပြီးတော့ အစားထိုးလို့ ရပါတယ်။

Camouflage - ကျော်ကြားတဲ့ အမှတ်တံဆိပ်တစ်ခုရဲ့ အမည်ကို သုံးပြီးတော့ ဝိုင်ပုလင်းတွေထဲမှာ အရည်အသွေးနိမ့်တဲ့ ဝိုင်တွေကိုထည့်ခြင်းတို့ပဲ ဖြစ်ပါတယ်။

သတိထားသင့်တဲ့အချက်များ

ဝိုင်ရောင်းတဲ့ဆိုင် တစ်ဆိုင်ကို သင်ရောက်သွားပြီ ဆိုပါစို့။ အရင်ဆုံး ဝိုင်ကို ထုပ်ပိုးထားတဲ့ပုံစံကို ကြည့်ပါ။ ဝိုင်အကောင်းစား ထုတ်လုပ်သူတွေက ဘူးခွံပဲဖြစ်ဖြစ်၊ သေတ္တာကိုပဲဖြစ်ဖြစ် ဘယ်တော့မှ ဖြစ်သလို ထုပ်ပိုးလေ့ မရှိပါဘူး။ စပျစ်ဝိုင်မှာပါတဲ့ သကြားပမာဏက ဒီအတိုင်း ဖြစ်သင့်ပါတယ်။ ဝိုင်အခြောက်တွေအတွက် - 4 g/l အထိ၊ semi-dry အတွက် - 18 g/l အထိ၊ အနည်းငယ် ချိုတာအတွက် – 45 g/l အထိ၊ အချိုအတွက် အနည်းဆုံး 45 g/l တို့ပဲဖြစ်ပါတယ်။ သကြားပိုများပြီး ဝိုင်ကို ကြာရှည်ခံစေတယ်လို့ အညွှန်းမှာ မဖော်ပြထားရင်တော့ အတုပါပဲ။

ဝိုင်မှာ salicylic acid ပါဝင်နေရင် သူ့ကို ထုတ်လုပ်မှု နည်းပညာ ချိုးဖောက်မှုဖြင့် ပြုလုပ်ထားတယ်လို့ ဆိုလိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ပါဝင်ပစ္စည်း E220 (ဆာလ်ဖာဒိုင်အောက်ဆိုဒ်) ဟာ SO2 အချဉ်ဖောက်ခြင်းရဲ့ သဘာဝကနေ ထွက်တဲ့ပစ္စည်း ဖြစ်တာကြောင့် မည်သည့်ဝိုင်တွင်မဆို ရှိနေနိုင်ပါတယ်။

အိမ်မှာရှိတဲ့ ဝိုင်ကို အတုဟုတ်မဟုတ် စမ်းသပ်ကြည့်ချင်တယ် ဆိုရင်တော့ ဝိုင်ထဲကို မုန့်ဖုတ်ဆိုဒါ နည်းနည်း ထည့်ကြည့်ပါ။ စပျစ်သီးက စီဓာတ်နဲ့ ဓာတုတုံ့ပြန်မှုကြောင့် အရောင်ပြောင်းသွားပါလိမ့်မယ်။ ဓာတုပစ္စည်းဟာ တူညီနေလို့ ပြောင်းသွားရခြင်းပဲ ဖြစ်ပါတယ်။

စပျစ်ဝိုင်ထဲကို ဂလစ်စရင်းအစက် အနည်းငယ် ထည့်ကြည့်ပါ။ အောက်ခြေအထိ ရောက်သွားပြီး ဝိုင်အရောင် မပြောင်းဘူး ဆိုရင်တော့ အစစ်ပါ။ ဒါပေမယ့် ဝိုင်က အဝါရောင် ဒါမှမဟုတ် အနီရောင်ပြောင်းသွားရင်တော့ အတုပါ။

အရည်အသွေးမြင့် ဝိုင်ပုလင်းကို လှုပ်ခါလိုက်ရင် အမြှုပ်တွေဟာ ပုလင်းအလယ်မှာ စုဝေးပြီး လျင်မြန်စွာ ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။ အစွန်းတစ်ဝိုက်မှာ စုပြီး ဖြည်းညှင်းစွာ အနည်ထိုင်နေရင်တော့ ဝိုင်က အကောင်းဆုံး အရည်အသွေး မဟုတ်တော့ပါဘူး။

မြေဖြူခဲတစ်ခဲပေါ်မှာ ဝိုင်တစ်စက်လောက် တင်လိုက်ပါ။ ပတ်ပတ်လည်က ခြောက်သွေ့ပြီး အရောင်တောက်ပ လာရင်တော့ ဒါဟာ သဘာဝဝိုင်ပါပဲ။ တကယ်လို့ မြေဖြူက အရောင်ပြောင်းသွားရင်တော့ ဝိုင်မှာ ဆိုးဆေးပါ ရှိနေပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments